Saturday, January 27, 2018

လူငယ်တစ်ဦးကို ဖမ်းဆီးရိုက်နှက်သည်ဟု စွပ်စွဲခံထားရသော ရဲတပ်ဖွဲ့ဝင်များကို စုံခုံဖွဲ့ စစ်ဆေးနေ


ကျောက်တံတားမြို့ နယ် ဗိုလ်ချုပ်လမ်းနှင့် လမ်း ၄၀ ထိပ်မှ လူငယ်တစ်ဦးကို ရိုက် နှက်သည်ဟု စွပ်စွဲခံထား ရသော ကျောက်တံတားမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များကို စုံခုံဖွဲ့စစ်ဆေး နေကြောင်း ရန်ကုန်တိုင်း ရဲတပ် ဖွဲ့မှူးရုံးက ဇန်နဝါရီ ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။
ဇန်နဝါရီ ၁၈ ရက် ညဥ့်နက် ပိုင်းက လူငယ်တစ်ဦးအား ရဲတပ် ဖွဲ့ဝင်များက မသင်္ကာသဖြင့် ဖမ်းဆီးရိုက်နှက် ခဲ့သည်ဟူသော စွပ်စွဲချက်ကို ကာယကံရှင်က လူမှုကွန်ရက်စာမျက်နှာ၌ ဇန်နဝါရီ ၂၆ ရက်တွင် ဖော်ပြ၍ ပျံ့နှံ့လာပြီးနောက် ရဲတပ်ဖွဲ့က ဇန်နဝါရီ၂၇ ရက်တွင် ပြန်လည် ရှင်းလင်းခဲ့သည်။ သို့သော် အဖမ်းခံရသည့် လူငယ်၏ ဖော်ပြချက်နှင့် ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်သည် ဖြစ်စဉ်တစ်ခုတည်းဖြစ်သော်လည်း ကွဲလွဲချက်များ ရှိခဲ့သည်။

အဆိုပါလူငယ်အား ရဲတပ် ဖွဲ့ဝင်များက ရိုက်နှက်မှုများ ပေါ် ပေါက်ပါက ရဲစည်းကမ်းထိန်း သိမ်းရေးဥပဒေ အရ အရေးယူ မည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

‘‘စစ်တာတော့စစ်မှာ။ ဘယ် နှယောက်စစ်မလဲဆိုတာတော့ ကျွန်တော် မသိသေးဘူး။ လာစစ် မှပဲ သိမှာ ဆိုတော့။ အဲဒီရက်ကလည်း ကျွန်တော်ခွင့်သွားနေလို့’’ဟု ကျောက်တံတားမြို့နယ် ရဲစခန်းမှူး ဒုရဲမှူးတိုးမြို့ က ပြော သည်။

ဇန်နဝါရီ ၁၈ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်က ကျောက်တံ တား မြို့မရဲစခန်းမှ နယ်ထိန်း အဖွဲ့သည် ယူနီဖောင်းဝတ်ဆင် လျက် လှည့်ကင်းဆောင်ရွက်စဉ် (၈) ရပ်ကွက် လမ်း (၄၀)ထိပ်သို့ အရောက် အမှောင် ရိပ်တွင်  အိတ်တစ်လုံးနှင့် လူငယ်တစ်ဦး ကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် မေးမြန်းစဉ် လူငယ်က အမေး မြန်းမခံဘဲ ရဲတပ်ဖွဲ့ကို ဆဲဆိုကာ ဗိုလ်ချုပ်လမ်း ပလက်ဖောင်း အတိုင်း ထွက်ပြေးသည်ဟု ရဲတပ် ဖွဲ့က ထုတ်ပြန်ထားသည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်များ နှင့် သက်သေများက လိုက်လံဖမ်း ဆီးရာ လူငယ်သည် အနီးရှိ အေးရှားပလာ ဇာဟိုတယ် အတွင်း ဝင်ရောက်သွားပြီး အဆိုပါလူ ငယ်ကို ဟိုတယ်လုံခြုံရေး ဝန် ထမ်းများနှင့် ဟိုတယ် မန်နေဂျာတို့ က ချုပ်ကိုင်ဖမ်းဆီးကာ လှည့် ကင်းအဖွဲ့ထံ အပ်နှံသဖြင့် စစ် ဆေးရန် ရဲစခန်းသို့ခေါ်လာပြီး ရိုက်နှက်ခြင်းမရှိကြောင်း ရဲတပ် ဖွဲ့က ထုတ်ပြန်ထားသည်။

ရဲတပ်ဖွဲ့က ထိုသို့ ထုတ်ပြန် ခဲ့သော်လည်း ဖမ်းဆီးခံရသည့် ကိုသန်းတိုးအောင်က ‘‘ကျွန်တော် က အဲဒီ လမ်းထိပ်မှာ ခဏထိုင်ပြီး စာရိုက်နေတာ။ ကျွန်တော့် မလှမ်းမကမ်းကို Nadia အဖြူ ရောင်ကားတစ်စီး ထိုးရပ်လာ တယ်။ ပြီးတော့ ပြတင်းပေါက်က ကြည့်ပြီး အရပ်ဝတ်နဲ့ လူခြောက် ယောက်ဆင်းလာတယ်။ ပြီးတော့ ကျွန်တော့်ကို ဟေ့ကောင်မပြေး နဲ့၊ အဲဒီမှာရပ်နေဆိုပြီး တစ်ခုခု လုပ်မယ့်ပုံစံမျိုးနဲ့ ပြေးဆင်းလာ ကြတာ။ လူမိုက်ပုံစံတွေနဲ့ အော် ဟစ်ဆဲဆိုပြီး ဆင်းလာတော့ ကျွန်တော်တစ်ယောက်တည်းဖြစ် တဲ့အတွက် အသက်အန္တရာယ် စိုးရိမ်ပြီး ကျွန်တော်ပြေးတာပါ’’ ဟု ဆိုသည်။

ဆက်လက်၍ ကိုသန်းတိုး အောင်က ‘‘ကျွန်တော့်ကို ဟို တယ်က အကူအညီပေးနိုင်မယ် ထင်လို့ ဟိုတယ် ထဲဝင်ပြေးတာ။ ကျွန်တော့်ကို ဟိုတယ်ထဲအထိ ပြေး လိုက်လာကြပြီး ကျွန်တော့် ဖုန်းနဲ့ ပစ္စည်းတွေကို အတင်းဆွဲ ယူပါတယ်။ ဟိုတယ်က တာဝန် ရှိသူတွေကိုလည်း အကူအညီ တောင်းပါတယ်။ သူတို့မကူညီ ပေးခဲ့ပါဘူး။ အပေါက်ဝနား ရောက်တော့ အရပ်ဝတ် ဝတ် ထားပြီး အပေါ်က Police သင်္ကေတပါတဲ့ ဝေ့စ် ကုတ်ဝတ် ထားတဲ့ တစ်ယောက်ဝင်လာ တော့မှ သူတို့ရဲမှန်းသိတာ။ ရဲဆို တာကိုလည်း အဲဒီတော့မှပြော တာ။ ဘာလို့ ယူနီဖောင်းမဝတ် တာလဲမေးတော့ ဟေ့ကောင်ေ-ာက်စကားမများနဲ့ မင်းကိုဖမ်း တယ်ကွာ ဆိုပြီး လက်ထိတ်စခတ် ပါတယ်’’ဟု ပြောသည်။

ထို့နောက် ကိုသန်းတိုး အောင်က ဖမ်းဝရမ်းပါလားဟု မေးမြန်းသည်ကို ဖမ်းဝရမ်းမလို ကြောင်း ပြောဆိုကာ ၎င်းတို့စီး လာသည့် ကားနောက်ဖုံးအတွင်း တွန်းတင်ကာ အခြားအမျိုးသား တစ်ဦးလည်း နောက်ဖုံးအတွင်း ဝင်လာပြီး ယာဉ်ကို မောင်းထွက် သွားကြောင်း ကိုသန်းတိုးအောင် ၏ ဖေ့စ်ဘွတ်ခ်အကောင့်၌ ရေးသားဖော်ပြထားသည်။

‘‘ကားစထွက်တာနဲ့ ကျွန် တော့်ကို ဆဲဆိုပြီး စရိုက်တော့တာ ပဲ။ သူတို့ဆီက အရက်နံ့တွေလည်း ရတယ်။ ပြီးတော့ ကျွန်တော်နဲ့ နောက်ဖုံးမှာရှိနေတဲ့တစ်ယောက် က ကျွန်တော့်နံရိုးတွေကို ဖနောင့် နဲ့ တရစပ်ကန်လို့ အော်တော့ အလယ်တန်းမှာထိုင်နေတဲ့သူက မအော်နဲ့ဆိုပြီး မျက်နှာကိုရိုက်တယ်။ အဲဒီအချိန်မှာပဲ ကျွန်တော့် လည်ပင်းကို နောက်တစ်ယောက် က တံတောင်နဲ့ တင်းနေအောင် ညှစ်ထားတာ’’ဟု ကိုသန်းတိုး အောင်က ပြောသည်။

ကိုသန်းတိုးအောင်ကို ကျောက်တံတားမြို့မ ရဲစခန်းသို့ ခေါ်သွားကာ လက်ထိတ်ခတ်၊ ဒူး ထောက်ထိုင် ခိုင်းပြီး တံခါးပိတ် စစ်ဆေးကြောင်း၊ ထို့နောက် ၎င်းကို အချုပ်ထဲထည့်ကာ ခြိမ်း ခြောက်ပြောသည့်အပြင် နေအိမ် ကို ဖုန်းခေါ်ပေးရန် ပြောဆိုသော်လည်း ခေါ်မပေးဘဲ နံနက် ၂ နာရီခွဲ၌ နေအိမ်က ဖုန်းလှမ်းဆက်မှ သာ ဖုန်းပြန်ခေါ်ပေးကြောင်း ၎င်းက ရှင်းပြသည်။

တိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန် ချက်တွင် ၎င်းတို့ခေါ်ဆောင်ထား သည့် လူငယ်က မိဘများထံ ဆက်သွယ်ရန် ပြောဆိုသဖြင့် ရဲ တပ်ဖွဲ့မှ ဆက်သွယ်ပေးခဲ့ရာ နံနက်က ၂ နာရီခွဲတွင် ဖခင် ရောက်ရှိလာပြီး သန်းတိုးအောင် သည် တစ်ခါတစ်ရံ စိတ်လွတ် တတ်သူဖြစ်ကြောင်းနှင့် ဖခင်က တာဝန်ခံ၍ ဝန်ခံကတိလက်မှတ် ထိုးကာ သန်းတိုးအောင်ကို ဖခင် ထံ ကောင်းမွန်စွာ ပြန်အပ်ပေးခဲ့ ကြောင်း ထုတ်ပြန်ထားသည်။

‘‘ကျွန်တော့်ကို မူးယစ်ရမ်း ကားဆဲဆိုတဲ့အတွက် ဖမ်းဆီးခဲ့ရ ကြောင်း တစ်ဖက်သတ်ရေးထား တဲ့စာကို လက်မှတ်ထိုးခိုင်းတယ်။ ပြီးတော့ တာဝန်မှူး ဦးမျိုးသန့်က ကျွန်တော့်ကို ပြန်မလွှတ်ခင်မှာ ညီလေး မင်းကျေနပ်လား၊ မကျေ နပ်ရင် ရှင်းလို့ရသေးတယ်နော်ဆို ပြီး ပြောသေးတယ်’’ဟု ကိုသန်း တိုးအောင်က ပြောသည်။

အဆိုပါဖြစ်စဉ်ကို ဇန်နဝါရီ ၁၉ ရက် နံနက်တွင် ကျောက်တံ တားမြို့နယ်မှူးထံ သွားရောက် တိုင်တန်းသော် လည်း ရဲမှူးက အထက်ကို တင်ပြဆောင်ရွက် ပေးမည်ဟု ပြောကြောင်း ၎င်းက ဆက်လက်ပြောသည်။

လူမှုကွန်ရက် စာမျက်နှာ တွင် ကိုသန်းတိုးအောင်က ၎င်း ကို ရိုက်နှက်သည်ဟု စွပ်စွဲခံထား ရသည့် ကျောက် တံတားမြို့မ ရဲစခန်းမှ နယ်ထိန်းရဲအရာရှိ ရဲအုပ်အောင်ဇော်ဝင်းကို 7Day Daily သတင်းစာက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဖုန်းစက် ပိတ်ထားသည်။

ထို့အပြင်အခင်းဖြစ်ညက ကိုသန်းတိုးအောင် ဝင်ပြေးသွားသည့် အေးရှားပလာဇာဟိုတယ် သို့ 7Day Daily မှဖုန်းဖြင့်ဆက် သွယ်မေးမြန်းခဲ့သော်လည်း ယင်းညက ညဂျူတီကျခြင်းမဟုတ် သည့်အတွက် မသိ ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ကိုသန်းတိုးအောင်သည် နိုင်ငံရေးသိပ္ပံကျောင်းသားတစ်ဦး ဖြစ်ပြီး အမေရိကန်သမ္မတ အိုဘားမား၏ လူငယ်ခေါင်း ဆောင်ရေးရာ အစီအစဉ်နှင့် အခြား လူငယ်ရေးရာ ခေါင်း ဆောင်မှုအစီအစဉ်များတွင် မြန် မာနိုင်ငံကိုယ်စားပြု ပါဝင်ခဲ့သည့် လူငယ်တစ်ဦးဖြစ်သည်။

7Day

0 comments:

Post a Comment