Saturday, January 27, 2018

စတော့အိတ်ချိန်း ငါးခုမြောက် ကုမ္ပဏီ TMH ရှယ်ယာစရောင်းသည့် တစ်လအတွင်း ဈေးအတက်၊ အကျဖြစ်


ရန်ကုန်စတော့အိတ် ချိန်း၏ ငါးခုမြောက်စာရင်းဝင် ကုမ္ပဏီ TMH တယ်လီကွန်းကရှယ်ယာ စတင်ရောင်းချ ချိန်၌ ရှယ်ယာတန်ဖိုး ၈ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
TMH ကုမ္ပဏီသည် ၎င်း၏ ရှယ်ယာတစ်စုလျှင် ကျပ် ၃,၀၀၀ သတ်မှတ်သော်လည်း ရန်ကုန် စတော့အိတ် ချိန်း စာရင်းစတင် ဝင်ရောက်ခဲ့သည့် ဇန်နဝါရီ ၂၆ ရက် နံနက်တွင် ရှယ်ယာတစ်စု လျှင် ကျပ် ၃,၂၅၀ အထိ မြင့် တက်ခဲ့သည်။

ယင်းရှယ်ယာဈေးနှုန်းဖြင့် အစု ရှယ်ယာ ၂,၂၀၀ ကျော် အရောင်းအဝယ် ဖြစ်ခဲ့ပြီး နေ့လယ်ပိုင်း၌ အစုရှယ် ယာ တစ်စုလျှင် ၃,၂၀၀ ကျပ်သို့ ပြန် လည် ကျဆင်းခဲ့သည်။ စာရင်းဝင် စတင်ခဲ့သည့် ပထမရက်အတွင်း အစုရှယ်ယာ အတက်၊အကျဖြစ်ခဲ့ သည့် စာရင်းကုမ္ပဏီအဖြစ် ရန် ကုန် စတော့အိတ်ချိန်း သမိုင်းတွင် စာရင်းဝင်ခဲ့သည်။ ကျပ် ၃,၂၀၀ ဖြင့် အစုရှယ်ယာပေါင်း ၉,၈၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့သည်။

‘‘ဆက်သွယ်ရေးလုပ်ငန်းမှာ ရှေ့လျှောက်လုပ်ရမယ့် ကဏ္ဍက အများကြီးရှိတယ်။ ရင်းနှီးမြှုပ်နှံမှု လည်း အများကြီးရှိပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီက ဆက် သွယ်ရေးကဏ္ဍမှာ ဆယ်နှစ် လောက် ဖြတ်သန်းမှု သမိုင်းရှိခဲ့ တယ်။ လုပ်ရမယ့်ကိစ္စတွေလည်း အများကြီးရှိတယ်။ ဒါကြောင့် ကျွန်တော့် ကုမ္ပဏီက အလား အလာတွေ ရှိပါတယ်’’ဟု TMH ကုမ္ပဏီ အမှုဆောင်ဒါရိုက်တာဦးသီဟလွင်က ပြောသည်။

TMH သည် ကနဦး မတည် ငွေလိုချင်၍ ရှယ်ယာထုတ်ရောင်းခြင်းဖြစ်ပြီး ကနဦးရှယ်ယာ  ထုတ်ရောင်းခြင်း (IPO) သည် အကျိုးကျေးဇူးရှိကြောင်း ရန်ကုန်စတော့အိတ်ချိန်း အမှုဆောင်အရာရှိချုပ် ဦးယဉ်ဇော်မျိုးက ပြောသည်။

‘‘ဒီကုမ္ပဏီက IPO ထုတ် ရောင်းတာ အဆင်ပြေရင် ထပ် ထုတ်ရောင်းမယ့်ကုမ္ပဏီတွေ ရှိ လာမယ်။ ဒီလို ဆိုရင် ကုမ္ပဏီ တွေ၊ ရင်းနှီးမတည်ငွေတွေ များ လာမယ်။ လူတွေလည်း အလုပ် အကိုင်တွေရလာမယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။

TMH ရှယ်ယာသည် အစ ပိုင်းတွင် လူစိတ်ဝင်စားမှုရှိသော် လည်း နောက်ပိုင်း ပြန်လည်ကျ ဆင်းနိုင်ကြောင်း ရှယ်ယာဝယ်ယူ ထားသူ ဦးကျော်လင်းက ပြော သည်။

ရန်ကုန်စတော့အိတ်ချိန်း တွင် ၂ နှစ်အတွင်း အများပိုင်ကုမ္ပဏီနှင့် ရင်းနှီးမြှုပ်နှံသူ နည်းပါးနေသည်ကို ၀မ်းနည်းဖွယ်တွေ့ရကြောင်း ဂျပန်နိုင်ငံ ဘဏ္ဍာရေးဆိုင်ရာ လွှတ်တော်တာဝန်ခံ ဒုဝန်ကြီးက ပြောသည်။ ထို့ကြောင့် ရန်ကုန်စတော့အိတ်ချိန်း အောင်မြင်နိုင်ရေးအတွက် အဖွဲ့ဝင် ငါးဦးပါသည့် စတော့အိတ်ချိန်း အထူးအဖွဲ့(Task Force)ကို ဖွဲ့သွားမည်ဟု ၎င်းက ဆက်လက်ပြော ကြားသည်။

TMH တယ်လီကွန်းကုမ္ပဏီ သည် ကနဦးအစုရှယ်ယာ ငါး သိန်းကျော်ကို ၂၀၁၇ ဒီဇင်ဘာ ၂၃ ရက်တွင် ကျပ် ၃,၀၀၀ ဖြင့် စတင်ရောင်းချခဲ့သည်။ တန်ဖိုး ၁ ဒသမ ၆ သန်းခန့် ရောင်းချခဲ့ သည်။ အဆိုပါကုမ္ပဏီသည် ရန်ကုန်စတော့အိတ်ချိန်း၌ ကန ဦး ရှယ်ယာ စတင်ထုတ်ရောင်းပြီး ဝင်ရောက်လာသည့် ပထမဆုံး အများပိုင် ကုမ္ပဏီဖြစ်ကာ ၂၀၁၈ အတွက် ပထမဆုံးစာရင်းဝင် အများပိုင်ကုမ္ပဏီဖြစ်လာသည်။ TMH ကုမ္ပဏီသည်။ ဆက်သွယ် ရေးလုပ်ငန်းဖြစ်သည့် ဖိုက်ဘာ လမ်းကြောင်း သွယ်တန်းခြင်းနှင့် ဖုန်းငွေဖြည့်ကတ် လုပ်ငန်းများ လုပ်ကိုင်နေကာ ထပ်မံတိုးချဲ့မည် ဖြစ်သည်။

7Day

0 comments:

Post a Comment