Friday, January 26, 2018

ကျောက်တော်မြို့တွင် လူပေါင်း ၁၅၀၀ဖြင့် ရခိုင်အရေး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မည်


ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေအောင်တို့အား ဖမ်းဆီးအရေးယူခြင်း၊ မြောက်ဦးဖြစ်စဉ်မှ ဒဏ်ရာရ လူနာများကို ဖမ်းဆီးခြင်း တို့အား ကန့်ကွက်ရှုတ်ချသည့်အနေဖြင့် ဇန်နဝါရီလ ၂၈ နေ့၌ ကျောက်တော်မြို့ တွင် လူပေါင်း ၁၅ဝဝ မှ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


“ ရခိုင်လူထုခေါင်းဆောင် ဒေါက်တာအေးမောင်အပါအဝင် မြောက်ဦးဖြစ်စဉ်မှာ ဒဏ်ရာရသူတွေ အားလုံး ကို ဖမ်းဆီးထားတဲ့ အပေါ် ကန့်ကွက် ဆန္ဒပြသွားမှာပါ။ အားလုံး လွတ်မြောက်အောင် ကျနော်တို့ လူထု အသံကို အစိုးရနဲ့ လွှတ်တော်က ကြားအောင် မြှင့်တင်ဖို့ ထုတ်ဖော်ရတာ ဖြစ်ပါတယ်” ဟု ဆန္ဒဖော်ထုတ် ပွဲကို ဦးဆောင်သူ ဦးကျော်လှမြင့်က နိရဉ္စရာသတင်းဌာကို ပြောသည်။

ဆန္ဒပြပွဲကို ဇန်နဝါရီလ ၂၈ ရက်နေ့ နေ့လည် ၁၂ အချိန်တွင် ကျောက်တော်မြို့ရှိ သာသနာ့ ဗိမာန်တွင် စုရပ်အဖြစ်သတ်မှတ်ပြီှး ညနေ ၄ နာရီအထိ မြို့ပတ်လမ်းလျှောက် ဆန္ဒဖော်ထုတ် သွားမည်ဖြစ်ကြောင်း အစီအစဉ်နှင့် ပတ်သက်ပြီး ဦးကျော်လှမြင့်က ပြောသည်။

မြို့နယ်ရဲတပ်ဖွဲ့မှူးသို့ ဆန္ဒပြရန် ခွင့်ပြုချက် တောင်းခံရာတွင် ဒီမိုကရေစီနှင့် လူအခွင့်အရေး အပြည့်အဝ ရရှိရေး၊ မြောက်ဦးအကြမ်းဖက်သတ်ဖြတ်ဖြိုခွင်မှုအားရှုတ်ချသည်၊ မြောက်ဦး အကြမ်းဖက် သတ်ဖြတ်မှု များအား ထိရောက်စွာအရေးယူပေးရေး၊ ဒေါက်တာ အေးမောင်နှင့် စာရေးဆရာဝေဟင်အောင်အား အမြန် ဆုံးပြန်လွှတ်ပေးရေး၊ မြောက်ဦးအရေးအခင်းကိစ္စနှင့် လူငယ်များအားဖမ်းစီးခြင်းကို ချက်ချင်းလွတ်ပေးရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို အလေးထားလျှင် ရခိုင်ပြည်သူ၏ တောင်းဆိုမှုကိုလိုက်နာပါဟူသော ကြွေးကြော်သံများကို ကြွေးကြော်ရန် တင်ပြထားကြောင်း သိရသည်။

Narinjara

0 comments:

Post a Comment