ဦးကိုနီအမှုနှင့်ပတ်သက်သည့် တရားလိုပြသက်သေအားလုံးစစ်ဆေးပြီးဖြစ် ကြောင်းသိရသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ
ဥပဒေအကြံပေးဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍
အမှုတွင်ပါဝင်ပတ် သက်သူ ငါးဦးအနက် ကြည်လင်းပါလေးဦးတို့ကို ဇန်နဝါရီ ၂၆ ရက်က
၄၁ ကြိမ်မြောက် ရုံးထုတ်ခဲ့သည်။
ယခုအခါ တရားလိုဘက်မှ တင်ထားသည့် သက်သေအားလုံးအနက် သက်သေလေးဦးကို တရားလိုနှင့် အစိုးရဘက်မှလိုက်ပါဆောင်ရွက
ရာဇဝတ်ကျင့်ထုံးဥပဒေ- ၈၇ အရ အောင်ဝင်းခိုင်ကို ဝရမ်းထုတ်ထားသော်လည်း
လိုပြသက်သေ အားလုံး စစ်ဆေးပြီးချိန်ထိ ၎င်းကို မဖမ်းမိသေးရာ ရာဇဝတ်ကျင့်ထုံး
ဥပဒေ ၈၈ အရ ဝရမ်းပြေးအဖြစ် ကြေညာပေးရန် လာမည့်ရုံးချိန်းတွင်
ဆောင်ရွက်သွားမည်ဖြစ်ပြီး အစိုးရ ရှေ့နေများနှင့်လည်း တိုင်ပင်နေ ကြောင်း
တရားလို အကျိုးဆောင် ရှေ့နေဦးခင်မောင်ဌေးကပြောသ ည်။
''တရားလိုပြသက်သေအားလုံးပြီးပြီဖြစ်တဲ့အတွက်ကြောင့် ပုဒ် မ၈၈ အရ ဝရမ်းပြေးအဖြစ် ကြေညာ ပေးဖို့ ဆောင်ရွက်ရပါမယ်။
၈၈ နဲ့အညီ ဆောင်ရွက်ရမယ့်ကိစ္စတွေကိုလည်း ဆောင်ရွက်ဖို့အတွက် အစိုးရရှေ့နေတွေနဲ့ တိုင်ပင်နေပါ တယ်။ နောက်ရုံးချိန်းကျရင် အမှုတစ်ဆင့်ချင်းတိုးတက်လာအောင်လုပ်ရမှာပေါ့ဗျာ''ဟု ဦးခင်မောင် ဌေးက ဆိုသည်။
ဇန်နဝါရီ ၂၅ ရက်ရုံးချိန်းတွင် တရားခံ ကြည်လင်း(ခ)ဖိုးထူး အပါနှစ်ဦးအားလက်နက်အက် ဥပဒေ-၁၉(ဃ)စ အရ စွဲဆိုထား သော အမှုအတွက်လိုပြသက်သေနှစ်ဦြး ဖစ်သည့် ရဲမှူးခင်မောင်ဆွေနှင့်၊ ဒုရဲမှူးတင် ဝင်းမောင် တို့ကို
စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ယင်းအတွက်ကြောင့် ရုံးချိန်းကို ဖေဖော်ဝါရီ ၂
ရက်သို့ ရုံးချိန်း ပြန်လည်ချိန်းဆိုခဲ့ပြီး အဆိုပါရုံးချိန်းတွင်
ကြည်လင်းအပါအဝင် လေးဦးကို ရာဇသတ်ကြီးပုဒ်မ ၄၆/ ၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ ၄၆/ ၂ဝ၁၇ အမှုများနှင့်ပတ်သက်၍ တရားစွဲတင်သင့်၊ မတင်သင့် နှစ်ဖက်လျှောက်လဲ ချက်အားကြားနာမ ည်ဖြစ်ကြောင်း ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံး၊သတင်းပြန်ကြားရေး အရာရှိ ဒုတိယ တရားသူကြီး ဦးရဲလွင်က ပြောသည်။ လာမည့် ဇန်နဝါရီ ၂၉ ရက် တွင် ဦးကိုနီလုပ်ကြံခံရမှုမှာ တစ်နှစ်ပြည့် မည်ဖြစ်သည်။
HWA
#democracytoday
ဇန်နဝါရီ ၂၅ ရက်ရုံးချိန်းတွင် တရားခံ ကြည်လင်း(ခ)ဖိုးထူး အပါနှစ်ဦးအားလက်နက်အက် ဥပဒေ-၁၉(ဃ)စ အရ စွဲဆိုထား သော အမှုအတွက်လိုပြသက်သေနှစ်ဦြး
HWA
#democracytoday
0 comments:
Post a Comment