Thursday, January 30, 2020

မြန်မာနိုင်ငံတွင် လစာအနည်းဆုံးနှင့်တိုင်းပြည်တာဝန်ကို အသက်ပေးပြီးထမ်းဆောင်နေတာ စစ်သားတွေပဲရှိကြောင်း ဟာသသရုပ်ဆောင် ဒိန်းဒေါင် ပြောကြား



ရုပ်ရှင်လောကတွင် ကျရာဇာတ်ရုပ်နေရာ၌ ပီပြင်စွာသရုပ်ဆောင်နိုင်သော ဟာသသရုပ်ဆောင် မင်းသားကြီး ဒိန်းဒေါင်မှ မြန်မာနိုင်ငံတွင် လစာ အနည်းဆုံးနှင့် တိုင်းပြည်တာဝန်ကို အသက်ပေးပြီး ထမ်းဆောင်နေတာ စစ်သားတွေပဲရှိကြောင်း ပြောကြား(ရုပ်သံ)

AA အကြမ်းဖက်သောင်းကျန်းသူများအဖွဲ့၏ ဖမ်းဆီးမှုခံခဲ့ရသည့် ချင်းလွှတ်တော်ကိုယ်စားလှယ် လွှတ်တော်ပြန်လည်တက်ရောက်

Image may contain: 3 people, people standing

AA အဖွဲ့၏ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသည့် ချင်းပြည်နယ်မဲဆန္ဒနယ် အမှတ်(၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းသည် ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ ပြန်လည် တက်ရောက်လာခဲ့သည်။

မိုင်းပျဉ်းမြို့နယ် ဟွေလုံကျေးရွာ၌ မူးယစ်ဆေးသုံးစွဲသူက စိတ်ဖောက်ပြန်ပြီး (၅)လောင်းပြိုင် လူသတ်မှုဖြစ်ပွား


ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် ၊ မိုင်းပျဉ်းမြို့နယ်ဟွေလုံကျေးရွာ၌ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် (၃:၀၀)နာရီအချိန် နေထိုင်သူ အမည် ကျကျိ အသက်(၂၇)နှစ်သည် မူးယစ်ဆေးဝါးသုံးစွဲပြီး စိတ်ဖောက်ပြန်ကာ ၎င်း၏ ဇနီး မနာစော အသက်(၃၆)နှစ် နှင့်(သား/သမီး)များဖြစ်သည့် မနားစောအသက်(၁၀)နှစ်၊ မောင်ကျဖေ့ အသက် (၇)နှစ်၊ မနားလတ် အသက်(၂)နှစ်၊ မနားလော(၆)လ စုစုပေါင်း(၅)ဦး အား ဓားဖြင့်ထိုးခုတ်ခဲ့ပြီး မိမိကိုယ်ကိုပြန်လည် ထိုး/ခုတ်ခဲ့ပါသည်။

ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ပိုးတိုက်ဖျက်ရေး တရုတ်ဆေးရုံကြီးမှ လူနာများကို ပြုစုပေးသော သူနာပြုတို့ဘဝ

Image may contain: 1 person, closeupImage may contain: 1 person, closeup

ဝူဟန်ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိကြောင်း အတည်ပြုနိုင်သူ ၉၈၂၁ ဦးကျော်နဲ့ သေဆုံးသူ ၂၁၃ ဦး ရှိလာချိန်မှာ ဗိုင်းရပ်စ်တိုက်ဖျက်ရေး တရုတ်ဆေးရုံကြီးမှ လူနာများကိုပြုစုပေးသော သူနာပြုတစ်ဦးပုံကိုတရုတ်ဂလိုဗယ်တိုင်းမ်သတင်းက ဖေါ်ပြခဲ့ပါတယ်။

ပိုလန်မှ သန်း၅၀ငွေချေးပြီး ရန်ကုန်မှ စွန့်ပစ်အမှိုက်များ ပြန်လည်သန့်စင်ဆောင်ရွက်မည့်ကိစ္စ ပြည်ထောင်စုလွှတ်တော်က သဘောတူ အတည်ပြုပေး

Image may contain: 1 person, indoorNo photo description available.

ပိုလန်မှ သန်း၅၀ငွေချေးပြီး ရန်ကုန်မှ စွန့်ပစ်အမှိုက်များ ပြန်လည်သန့်စင်ဆောင်ရွက်မည့်ကိစ္စ ပြည်ထောင်စုလွှတ်တော်က သဘောတူ အတည်ပြုပေးလိုက်သည်။

ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ ထေရဝါဒသာသနာပြု တက္ကသိုလ်၏ ဒုပါ မောက္ခချုပ်အဖြစ် ခန့်အပ်

Image may contain: 1 person
ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ ထေရဝါဒသာသနာပြု တက္ကသိုလ်၏ ဒုပါ မောက္ခချုပ်အဖြစ် ခန့်အပ်ကြောင်း သိရှိရသည်။

ထိုင်းဘုရင့်လေတပ် ဦးစီးချုပ်နှင့် ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ နေပြည်တော် လေဆိပ်မှ ပြန်လည်ထွက်ခွာ

Image may contain: 2 people, people standing and outdoor

ဇန်နဝါရီလ ၃၀ ရက် နံနက်ပိုင်းတွင်ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Maanat Wongwat နှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်မှ ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာရာ နေပြည်တော်တိုင်းစစ် ဌာနချုပ်၊ ဥတ္တရသီရိတပ်နယ်မှ ဗိုလ်မှူးချုပ် ရဲရင့်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)မှ တပ်မတော်အရာရှိကြီးများ၊ မြန်မာ နိုင်ငံ ဆိုင်ရာ ထိုင်းဘုရင့်လေတပ်စစ်သံမှူး Group Captain Pruit Tugesuin နှင့်တာဝန်ရှိသူ များက နေပြည်တော် လေဆိပ် ၌ ပို့ဆောင် နှုတ်ဆက်ကြသည်။

ကာမလိမ်လည်မှုဖြင့် တရားဆွဲဆိုခံထားရသော သရုပ်ဆောင်မိုးအောင်ရင်၏ ယနေ့ရုံးချိန်း

Image may contain: 2 people, people standing and outdoorImage may contain: 3 people, people standing
ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင်မိုးအောင်ရင်ရဲ့ ရုံးချိန်းကိုဒီကနေ့ ဇန်နဝါရီလ ၃၁ရက်နေ့က ရန်ကင်းမြို့ နယ်တရားရုံးမှာ အမှုစတင်စစ်ဆေးမည်ဖြစ်ကြောင်း ကနဦး သိရှိရသည်။

နယ်စပ်ဝင်/ထွက်ပေါက် ရှစ်နေရာတွင် 2019 Novel Corona Virus ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး တပ်မတော်သားများ နှင့် ပူးပေါင်းအဖွဲ့များမှ စောင့်ကြပ်ကြည့်ရှု စစ်ဆေး

Image may contain: one or more people and people standing

2019 Novel Corona Virusရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် တပ်မတော်သားများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် နယ်ဘက်ဆိုင်ရာပူးပေါင်းအဖွဲ့များက ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ နယ်စပ် ဝင်/ထွက်ပေါက် ရှစ်နေရာတွင် စောင့်ကြပ် ကြည့်ရှုစစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

ပုဂံရွှေစည်းခုံဘုရားရောက် အမှတ်တရပုံလေးတွေ ချပြလိုက်တဲ့ မော်ဒယ် သံစဉ်မောင်

Image may contain: 1 person, standing and closeupImage may contain: 1 person, standing

ဘယ်သူ့ကိုမှ ချစ်ခြင်း မုန်းခြင်းမရှိသေးတဲ့ လက်ရှိဘဝလေးက အရမ်းစမတ်ကျပါတယ်ဆိုပြီး ပုဂံရွှေစည်းခုံဘုရားရောက် အမှတ်တရပုံလေးတွေ ချပြလိုက်တဲ့ မော်ဒယ် သံစဉ်မောင်

ဝူဟန်မြို့မှ အမေရိကသို့ ပြန်ရောက်လာသည့် ထွက်ပြေးရန်ကြိုးစားသည့် အမေရိကန်နိုင်ငံသားကို သီးခြားခွဲပြီး ထိန်းသိမ်းထား

Image may contain: sky, airplane and outdoor

ဝူဟန်မြို့ကနေ အမေရိကန်ပြည်ထောင်စုကို ပြန်ရောက်လာတဲ့ လေယာဉ်ထဲက အမေရိကန် နိုင်ငံသားတစ်ယောက်ဟာ ထွက်ပြေးဖို့ ကြိုးစားတာကြောင့် သီးခြားခွဲပြီး ထိန်းသိမ်းထားတယ်လို့ တာဝန်ရှိသူတွေက အခုလ ၃၀ ရက်နေ့မှာအတည် ပြုပါတယ်။

တရုတ်နိုင်ငံပြန်လာပြီး ဝူဟန်ဗိုင်းရပ်စ် သံသယရှိသူ မိတ္ထီလာဆေးရုံမှ ထွက်ပြေးသွားတဲ့ လူနာအား ပြန်လည်တွေ့ရှိ

Image may contain: one or more peopleImage may contain: one or more people, people standing and outdoor
မနေ့ညနေက မိတ္ထီလာပြည်သူ့ဆေးရုံ၌ တရုတ်ပြည်မှ ပြန်လာသည့် ပျဉ်သာရွာမှ အဆုတ်ရောဂါ လူနာ ဝူဟန်ရောဂါကူးဆက်သူဟု ထင်ရ၍ မန်းလေးပို့ရန် စီစဉ်နေစဉ် ထွက်ပြေးသွား၍ ရှမ်းတဲ မေတ္တာအသင်းနှင့် ကြက်ချေနီကား ပရဟိတ ညီအစ် ကိုများ တာ၀န်ရှိလူကြီးများနှင့် ရှာဖွေတွေ့ရှိကာ မန်းလေးသို့ဆေးရုံအလုံပိတ်ကားဖြင့် ယမန့်နေ့ညက ခေါ်ဆောင်သွားခဲပြီဖြစ်ကြောင်း သိရှိရသည်။

အနုပညာကြေးတွေထဲက တချို့တဝက်ကို ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးအား အေးမြဖြူ လှူဒါန်း

Image may contain: 3 people, people sittingImage may contain: 2 people, people sitting

သာစည်မြို့ငါးဆူရိပ်သာ (၄၆) ကြိမ်မြောက် သတ္တဌာနမဟာစေတီဘုရားပွဲဖျော်ဖြေရေးမှ ရရှိခဲ့တဲ့ အနုပညာကြေးတွေထဲက တချို့တဝက်ကို ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးအား လှူဒါန်းပူဇော်ခဲ့တဲ့ အေးမြဖြူလေး ဒီထက်မကအောင်မြင်ပါစေ မိုးသိုလေး💙💙💙💙💙

ငွေစာရင်းကော်မတီစစ်ဆေးချက်များအရ ပြည်သူ့ဘဏ္ဍာငွေ ကျပ်သန်း ၁၉၀ နီးပါး ဆုံးရှုံးခဲ့သဖြင့် ရာထူးဝန်အဖွဲ့ကို တရားစွဲဆိုသွားမယ့် ဦးနေယံဦး

Image may contain: 1 person, sitting
ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံရှိ လူကြီးတော်တော်များများအား ငွေကြေးများရယူကာ ဘွဲ့တံဆိပ်များ ပေးအပ်မှုများနှင့် ပတ်သက်၍ ဆောင်းပါးများ ရေးသားဖော်ပြခဲ့သော အောက်စ်ဖိုဒ့်တက္ကသိုလ် ၊ အင်္ဂလန် ကျောင်းသားဟောင်း ဦးနေယံဦး အနေဖြင့် "ပြည်ထောင်စုရာထူးဝန်အဖွဲ့ရဲ့ Union Civil Service Board Myanmar တက္ကသိုလ်အတု၊ ရက်သုံးဆယ်မာစတာဘွဲ့ အရှုပ်တော်ပုံကြီးကြောင့် နိုင်ငံတော်မှ ငွေကြေးနစ်နာဆုံးရှုံးမှုတွေ ရှိခဲ့ကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက တရားဝင် ထုတ်ပြန်လိုက်ပါပြီ။

ရန်ကုန်တိုင်းအစိုးရ စာရင်းစစ်ချူပ်အစီရင်ခံစာ သုံးသပ်ချက်သည် နိုင်ငံရေးနည်းဖြင့် ရေးသားခဲ့ခြင်းမဟုတ်ဘဲ ဥပဒေအတိုင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ပြော

Image may contain: 2 people, people standing and indoor
စာရင်းစစ်ချုပ် အစီရင်ခံစာ သုံးသပ်ချက်များသည် တိုင်းဒေသကြီးအစိုးရအဖွဲ့အား အထင်မြင်လွဲမှား ဝေဖန်မှုများ ဖြစ်ပေါ်စေခဲ့ဟု တိုင်းဘဏ္ဍာရေးဝန်ကြီးက ပြောကြားရာ နိုင်ငံရေးနည်းဖြင့် ရေးသားခဲ့ခြင်း မဟုတ်ဘဲ ဥပဒေအတိုင်းဆောင်ရွက်ခြင်းဟု ရန်ကုန်တိုင်းစာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြောကြားသည်။

တောကောင်အရှင်ရောင်းသည့် ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်ပွားရာ ဝူဟန်မြို့မှ စျေး

Image may contain: outdoorImage may contain: 1 person
တရုတ်ပြည်ရှိ အသားငါးစျေးများတွင် ပုံမှန်အားဖြင့်တွေ့ရှိရသော ရောင်းကုန်များမှာ ဟင်းသီးဟင်းရွက်နှင့် အသင့်ခုတ်သင်ပြီး အမဲသား၊ ဝက်သား၊ သိုးသားများ၊ ငါးကန်ကြီးများအတွင်း ထည့်ထားသည့် ငါး၊ ကဏန်းအရှင်များ၊ အမွေးနုတ်ထားသော ကြက်ကောင်လုံးများဖြစ်သည်။ အချို့စျေးများတွင်မူ ပုံမှန် ရောင်းကုန်များထက် ပို၍စုံလင်စွာ ရောင်းချတတ်ပါသည်။ ထိုစျေးများတွင် မြွေ၊ လိပ်၊ ပုရစ်၊ ဖျံ၊ ကြောင် ကတိုး၊ မြေခွေးတို့သာမက ဝံပုလွေပေါက်လေးများကိုပင် အရှင်လတ်လတ်ရောင်းချကြသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)မှ Coronavirus ပြန့်ပွားခြင်းအား အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ကြေညာ

Image may contain: 1 person, suit, text that says 'World H Organiza'
Coronavirus ပြန့်ပွားခြင်းအား အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ(Public Health Emergency of International Concern/PEHIC)အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)ကကြေညာလိုက်သည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက်ပိုင်းအထိ တရုတ်တွင် ဝူဟန်ဗိုင်းရပ်စ်လူနာ ၂၁၃ အထိ သေဆုံးမှု တိုးလာ၊ ကူးစက်ခံရသူ လူပေါင်း ၉၃၈၀ ဦးအထိ မြင့်တက်လာ


No photo description available.
တရုတ်နိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံရသော လူနာ သေဆုံးမှုသည် ၂၁၃ ဦး အထိ မြင့်တက်သွားပြီး ကူးစက်ခံရသူ အရေအတွက်မှာလည်း ၉၄၈၀ ဦးထိ မြင့်တက်လာပြီဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ထုတ်ပြန်ပြောဆိုသည်။

ကျောက်ကပ်ပျက်စီးစေသော ရောဂါများ


No photo description available.
ကျောက်ကပ်သည် လူခန္ဓာကိုယ် အစိတ်အပိုင်းတွင် လူအများသိကြသည့်အတိုင်း အလွန်အရေးကြီးပြီး မရှိမဖြစ်လိုအပ်သော အညစ်အကြေးစွန့်ထုတ်သည့် အစိတ်အပိုင်းဖြစ်ပါသည်။ ကျောက်ကပ်သည် များသောအားဖြင့် ရောဂါအခံတစ်ခုခုကြောင့် ပျက်စီးတာများသဖြင့် ကျောက်ကပ်ပျက်စီးစေသော ရောဂါများရှိသည့်အခါတွင် မိမိကျောက်ကပ်အား သာမန်အချိန်ထက်ပိုပြီး ဂရုစိုက်သင့်ပါသည်။ သို့မှသာ ကျောက်ကပ်ပျက်စီးခြင်းအား ကာကွယ်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် အောက်တွင် ကျောက်ကပ်အား ပျက်စီးစေတတ်သော ရောဂါများ အကြောင်းအား ပြည့်ပြည့်စုံစုံဖော်ပြထားသည့် အပြင် မည်ကဲ့သို့ ကြိုတင်ကာကွယ်နိုင်ကြောင်းအား လည်း အောက်တွင် အသေးစိတ်ဖော်ပြထားပါသည်။