Thursday, January 30, 2020

မိုင်းပျဉ်းမြို့နယ် ဟွေလုံကျေးရွာ၌ မူးယစ်ဆေးသုံးစွဲသူက စိတ်ဖောက်ပြန်ပြီး (၅)လောင်းပြိုင် လူသတ်မှုဖြစ်ပွား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် ၊ မိုင်းပျဉ်းမြို့နယ်ဟွေလုံကျေးရွာ၌ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် (၃:၀၀)နာရီအချိန် နေထိုင်သူ အမည် ကျကျိ အသက်(၂၇)နှစ်သည် မူးယစ်ဆေးဝါးသုံးစွဲပြီး စိတ်ဖောက်ပြန်ကာ ၎င်း၏ ဇနီး မနာစော အသက်(၃၆)နှစ် နှင့်(သား/သမီး)များဖြစ်သည့် မနားစောအသက်(၁၀)နှစ်၊ မောင်ကျဖေ့ အသက် (၇)နှစ်၊ မနားလတ် အသက်(၂)နှစ်၊ မနားလော(၆)လ စုစုပေါင်း(၅)ဦး အား ဓားဖြင့်ထိုးခုတ်ခဲ့ပြီး မိမိကိုယ်ကိုပြန်လည် ထိုး/ခုတ်ခဲ့ပါသည်။

အဆိုပါ ဓားဖြင့် ထိုး/ခုတ်မှုကြောင့် ကျကျိ အပါဝင်(၅)ဦး (အမျိုးသား၂ဦး၊ အမျိုးသမီး ၃ ဦး)တို့တွင် လည်ပင်းဝဲဘက်၊ဝဲရင်အုံ၊ ရင်ညွန့်၊ ယာနံဘေး၊ ဝမ်းဗိုက်၊ ပေါင်တို့၌ ထိုးသွင်းပြတ်ရှ ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးပြီး မနားလတ်၏ ဦးခေါင်း ဝဲဘက်၊ ဝဲချိုင်းအောက်၊ ဝမ်းဗိုက် ထိုးသွင်း/ပြတ်ရှဒဏ်ရာ များဖြင့်(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် သေဆုံး ဒဏ်ရာရရှိသူများ အား မိုင်းပျဉ်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့စဉ်ကျကျိ(သေဆုံး) သူအား တုံတာနယ်မြရဲစခန်း(ပ)၂/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၂၆(လူသတ်မှု၊ ဘေးဖြစ်စေတတ်သောလက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း သတင်းသိရှိရသည်။
Source - SiThu Maung
<zawgyi>

Friday ,January 31 , 2020

0 comments:

Post a Comment