Thursday, January 30, 2020

ငွေစာရင်းကော်မတီစစ်ဆေးချက်များအရ ပြည်သူ့ဘဏ္ဍာငွေ ကျပ်သန်း ၁၉၀ နီးပါး ဆုံးရှုံးခဲ့သဖြင့် ရာထူးဝန်အဖွဲ့ကို တရားစွဲဆိုသွားမယ့် ဦးနေယံဦး

Image may contain: 1 person, sitting
ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံရှိ လူကြီးတော်တော်များများအား ငွေကြေးများရယူကာ ဘွဲ့တံဆိပ်များ ပေးအပ်မှုများနှင့် ပတ်သက်၍ ဆောင်းပါးများ ရေးသားဖော်ပြခဲ့သော အောက်စ်ဖိုဒ့်တက္ကသိုလ် ၊ အင်္ဂလန် ကျောင်းသားဟောင်း ဦးနေယံဦး အနေဖြင့် "ပြည်ထောင်စုရာထူးဝန်အဖွဲ့ရဲ့ Union Civil Service Board Myanmar တက္ကသိုလ်အတု၊ ရက်သုံးဆယ်မာစတာဘွဲ့ အရှုပ်တော်ပုံကြီးကြောင့် နိုင်ငံတော်မှ ငွေကြေးနစ်နာဆုံးရှုံးမှုတွေ ရှိခဲ့ကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက တရားဝင် ထုတ်ပြန်လိုက်ပါပြီ။

သိန်း ၁၉၀၀ ဆိုတာ နည်းနည်းနောနော ပိုက်ဆံမှ မဟုတ်တာဗျာ။ ရန်ကုန်မှာ ကွန်ဒိုတစ်ခုဝယ်လို့ရပြီး ပိုတဲ့ပိုက်ဆံနဲ့ ကားအသစ်တစ်စီးတောင် စီးလို့ရပါတယ်။
ဒီအရှုပ်တော်ပုံကြီးကနေ ဘယ်သူတွေ ဘယ်လောက်တောင် အကျိုးအမြတ်ရသွားလဲဆိုတာ စုံစမ်းဖို့ လိုနေပါပြီ။
ရာထူးဝန်ဥက္ကဋ္ဌ ဦးဝင်းသိမ်းက ဟာဝိုင်ယီနဲ့ မလေးရှားကျောင်းတွေက အတုတွေဆိုတာ မသိနိုင်စရာအကြောင်း လုံး၀ မရှိပါ။
သူ့တူဖြစ်သူ ဒေါက်တာဝင်းမင်းသိမ်းက နိုင်ငံခြားကျောင်းတွေနဲ့ တွဲဖွင့်တဲ့ သင်တန်းလောကထဲ ကျင်လည်နေသူဖြစ်ပါတယ်။
ဒါ့အပြင် ဦးဝင်းသိမ်းကို ဒီကျောင်းတွေ အတုတွေပါဆိုပြီး ကျွန်တော် မတိုင်ခင် အတွင်းကျိတ် ပြောခဲ့တဲ့သူတွေရှိကြောင်းလည်း သတင်းကြားရပါတယ်။
ဒီကျောင်းတွေက အတုမှန်း သိသိကြီးနဲ့ ဆက်လုပ်နေတာ ဘာကြောင့်လဲဆိုတာ ဦးဝင်းသိမ်း ဖြေရှင်းဖို့ လိုပါတယ်။
သူ့တူဖြစ်သူ ဒေါက်တာဝင်းမင်းသိမ်းကိုလည်း Akamai University က အလုပ်ပေးခဲ့တယ်ဆိုတာလည်း မမေ့ပါနဲ့အုံး။
ဒီလိုအချက်အလက်တွေကြောင့် ကျွန်တော်က ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို တရားစွဲပါမယ်။ ရှေ့နေတွေနဲ့ တိုင်ပင်ပါမယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ACC Myanmar ကိုလည်း ပြန်တိုင်ပါမယ်။
အဲ့ဒီအတွက် ပြည်သူတွေဆီက လက်မှတ်လိုပါလိမ့်မယ်။ ပူးပေါင်းလိုသူများရှိပါသလား။" ဆိုပြီး သူ၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားကြောင်း တွေ့ရှိရပါသည်။
Image may contain: 2 people, people standing and text
Image may contain: 4 people, indoor
Image may contain: 3 people, people standing
Image may contain: 1 person, text
ဆက်စပ်သတင်းဆောင်းပါးများ>>>>>>>>
Myanmar Now သတင်း -

ရာထူးဝန်အဖွဲ့နှင့်ပတ်သက်၍ -

လွှတ်ပေးလိုက်သော ငါးကြီးကြီးများအကြောင်း -

Source : Nay Yan Oo'FB #Myanmar_Online_News
>>Zawgyi<<
ငွေစာရင်းကော်မတီစစ်ဆေးချက်များအရ ပြည်သူ့ဘဏ္ဍာငွေ ကျပ်သန်း ၁၉၀ နီးပါး ဆုံးရှုံးခဲ့သဖြင့် ရာထူးဝန်အဖွဲ့ကို တရားစွဲဆိုသွားမဲ့ ဦးနေယံဦး
Friday ,January 31 , 2020

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံရှိ လူကြီးတော်တော်များများအား ငွေကြေးများရယူကာ ဘွဲ့တံဆိပ်များ ပေးအပ်မှုများနှင့် ပတ်သက်၍ ဆောင်းပါးများ ရေးသားဖော်ပြခဲ့သော အောက်စ်ဖိုဒ့်တက္ကသိုလ် ၊ အင်္ဂလန် ကျောင်းသားဟောင်း ဦးနေယံဦး အနေဖြင့် "ပြည်ထောင်စုရာထူးဝန်အဖွဲ့ရဲ့ Union Civil Service Board Myanmar တက္ကသိုလ်အတု၊ ရက်သုံးဆယ်မာစတာဘွဲ့ အရှုပ်တော်ပုံကြီးကြောင့် နိုင်ငံတော်မှ ငွေကြေးနစ်နာဆုံးရှုံးမှုတွေ ရှိခဲ့ကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက တရားဝင် ထုတ်ပြန်လိုက်ပါပြီ။
သိန်း ၁၉၀၀ ဆိုတာ နည်းနည်းနောနော ပိုက်ဆံမှ မဟုတ်တာဗျာ။ ရန်ကုန်မှာ ကွန်ဒိုတစ်ခုဝယ်လို့ရပြီး ပိုတဲ့ပိုက်ဆံနဲ့ ကားအသစ်တစ်စီးတောင် စီးလို့ရပါတယ်။
ဒီအရှုပ်တော်ပုံကြီးကနေ ဘယ်သူတွေ ဘယ်လောက်တောင် အကျိုးအမြတ်ရသွားလဲဆိုတာ စုံစမ်းဖို့ လိုနေပါပြီ။
ရာထူးဝန်ဥက္ကဋ္ဌ ဦးဝင်းသိမ်းက ဟာဝိုင်ယီနဲ့ မလေးရှားကျောင်းတွေက အတုတွေဆိုတာ မသိနိုင်စရာအကြောင်း လုံးဝ မရှိပါ။
သူ့တူဖြစ်သူ ဒေါက်တာဝင်းမင်းသိမ်းက နိုင်ငံခြားကျောင်းတွေနဲ့ တွဲဖွင့်တဲ့ သင်တန်းလောကထဲ ကျင်လည်နေသူဖြစ်ပါတယ်။
ဒါ့အပြင် ဦးဝင်းသိမ်းကို ဒီကျောင်းတွေ အတုတွေပါဆိုပြီး ကျွန်တော် မတိုင်ခင် အတွင်းကျိတ် ပြောခဲ့တဲ့သူတွေရှိကြောင်းလည်း သတင်းကြားရပါတယ်။
ဒီကျောင်းတွေက အတုမှန်း သိသိကြီးနဲ့ ဆက်လုပ်နေတာ ဘာကြောင့်လဲဆိုတာ ဦးဝင်းသိမ်း ဖြေရှင်းဖို့ လိုပါတယ်။
သူ့တူဖြစ်သူ ဒေါက်တာဝင်းမင်းသိမ်းကိုလည်း Akamai University က အလုပ်ပေးခဲ့တယ်ဆိုတာလည်း မမေ့ပါနဲ့အုံး။
ဒီလိုအချက်အလက်တွေကြောင့် ကျွန်တော်က ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို တရားစွဲပါမယ်။ ရှေ့နေတွေနဲ့ တိုင်ပင်ပါမယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ACC Myanmar ကိုလည်း ပြန်တိုင်ပါမယ်။
အဲ့ဒီအတွက် ပြည်သူတွေဆီက လက်မှတ်လိုပါလိမ့်မယ်။ ပူးပေါင်းလိုသူများရှိပါသလား။" ဆိုပြီး သူ၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားကြောင်း တွေ့ရှိရပါသည်။
ဆက်စပ်သတင်းဆောင်းပါးများ>>>>>>>>
Myanmar Now သတင်း -

ရာထူးဝန်အဖွဲ့နှင့်ပတ်သက်၍ -

လွှတ်ပေးလိုက်သော ငါးကြီးကြီးများအကြောင်း -

Source : Nay Yan Oo'FB #Myanmar_Online_News

0 comments:

Post a Comment