Thursday, January 30, 2020

ပိုလန်မှ သန်း၅၀ငွေချေးပြီး ရန်ကုန်မှ စွန့်ပစ်အမှိုက်များ ပြန်လည်သန့်စင်ဆောင်ရွက်မည့်ကိစ္စ ပြည်ထောင်စုလွှတ်တော်က သဘောတူ အတည်ပြုပေး

Image may contain: 1 person, indoorNo photo description available.

ပိုလန်မှ သန်း၅၀ငွေချေးပြီး ရန်ကုန်မှ စွန့်ပစ်အမှိုက်များ ပြန်လည်သန့်စင်ဆောင်ရွက်မည့်ကိစ္စ ပြည်ထောင်စုလွှတ်တော်က သဘောတူ အတည်ပြုပေးလိုက်သည်။

ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ် ၂၉ ဦးဆွေးနွေးခဲ့သည့် ယင်းကိစ္စကို ယနေ့တွင် မဲခွဲပြီးဆုံးဖြတ်အတည်ပြုပေးလိုက်ခြင်းဖြစ်သည်။
ထောက်ခံသူ၅၃၄ဦး၊ကန့်ကွက်သူ၁၂ဦး၊ကြားနေမဲ ၈မဲ ရှိခဲ့သည်။
ချေးငွေကိစ္စအတည်ပြုပေးပါရန် ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက တင်ပြမှုအရ လွှတ်တော်က မဲခွဲခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မှ အမှိုက်များအတွက် ယူရိုသန်း၅၀ချေးမည့်ကိစ္စဆွေးနွေးစဉ် ကိုယ်စားလှယ်အများစု ထောက်ခံခဲ့ကြသော်လည်း ကိုယ်စားလှယ်အချို့ကမူ ပုဂ္ဂလိကလုပ်ရမည့်ကိစ္စ အစိုးရအဘယ်ကြောင့်ဝင်လုပ်နေရသနည်းဟုမေးခွန်းထုတ်သူရှိခဲ့သည်။
အစိုးရကမူ ယင်းထောက်ပြမှုအား ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်နိုင်မှု မရှိသေးကြောင်း ပြန်လည်ဖြေကြားပေးခဲ့သည်။
ရန်ကုန်စည်ပင်သည် ၁၇နှစ်ကျော်သက်တမ်းရှိ ရန်ကုန်၏နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ ဖြစ်သည့် မြေဧက ၂၀၀ကျော်ပေါ်မှ ထိန်ပင်အမှိုက်ပုံအတွက် ယူရိုသန်း၅၀ချေးလိုကြောင်းတင်ပြထားကာ၊အတိုး၊အရင်းပြန်ဆပ်ကာလ ၆၇နှစ် မတိုင်ခင် ပြန်ဆပ်နိုင်မည့်စီမံကိန်းဟု လွှတ်တော်ကို ပြောဆိုတင်ပြထားသည်။
ယင်းအပြင် အမှိုက်ပုံမှ ထွက်ရှိလာမည့် စွမ်းအင်ရောင်းချရငွေအပါအဝင် ဝင်ငွေ တစ်နှစ် ယူရို ၉ သိန်းကျော်ရှိမည်ဟုလည်းတင်ပြထားသည်ဟု လွှတ်တော်ကိုယ်စားလှယ်များ၏ဆွေးနွေးချက်များအရသိရသည်။
Image may contain: 1 person, standing and hat
Ref ; ကိုမင်း/Myanmar Harp
<zawgyi>
ပိုလန်မှ သန်း၅၀ငွေချေးပြီး ရန်ကုန်မှ စွန့်ပစ်အမှိုက်များ ပြန်လည်သန့်စင်ဆောင်ရွက်မည့်ကိစ္စ ပြည်ထောင်စုလွှတ်တော်က သဘောတူ အတည်ပြုပေး
Friday ,January 31 , 2020

ပိုလန်မှ သန်း၅၀ငွေချေးပြီး ရန်ကုန်မှ စွန့်ပစ်အမှိုက်များ ပြန်လည်သန့်စင်ဆောင်ရွက်မည့်ကိစ္စ ပြည်ထောင်စုလွှတ်တော်က သဘောတူ အတည်ပြုပေးလိုက်သည်။
ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ် ၂၉ ဦးဆွေးနွေးခဲ့သည့် ယင်းကိစ္စကို ယနေ့တွင် မဲခွဲပြီးဆုံးဖြတ်အတည်ပြုပေးလိုက်ခြင်းဖြစ်သည်။
ထောက်ခံသူ၅၃၄ဦး၊ကန့်ကွက်သူ၁၂ဦး၊ကြားနေမဲ ၈မဲ ရှိခဲ့သည်။
ချေးငွေကိစ္စအတည်ပြုပေးပါရန် ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက တင်ပြမှုအရ လွှတ်တော်က မဲခွဲခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မှ အမှိုက်များအတွက် ယူရိုသန်း၅၀ချေးမည့်ကိစ္စဆွေးနွေးစဉ် ကိုယ်စားလှယ်အများစု ထောက်ခံခဲ့ကြသော်လည်း ကိုယ်စားလှယ်အချို့ကမူ ပုဂ္ဂလိကလုပ်ရမည့်ကိစ္စ အစိုးရအဘယ်ကြောင့်ဝင်လုပ်နေရသနည်းဟုမေးခွန်းထုတ်သူရှိခဲ့သည်။
အစိုးရကမူ ယင်းထောက်ပြမှုအား ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်နိုင်မှု မရှိသေးကြောင်း ပြန်လည်ဖြေကြားပေးခဲ့သည်။
ရန်ကုန်စည်ပင်သည် ၁၇နှစ်ကျော်သက်တမ်းရှိ ရန်ကုန်၏နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ ဖြစ်သည့် မြေဧက ၂၀၀ကျော်ပေါ်မှ ထိန်ပင်အမှိုက်ပုံအတွက် ယူရိုသန်း၅၀ချေးလိုကြောင်းတင်ပြထားကာ၊အတိုး၊အရင်းပြန်ဆပ်ကာလ ၆၇နှစ် မတိုင်ခင် ပြန်ဆပ်နိုင်မည့်စီမံကိန်းဟု လွှတ်တော်ကို ပြောဆိုတင်ပြထားသည်။
ယင်းအပြင် အမှိုက်ပုံမှ ထွက်ရှိလာမည့် စွမ်းအင်ရောင်းချရငွေအပါအဝင် ဝင်ငွေ တစ်နှစ် ယူရို ၉ သိန်းကျော်ရှိမည်ဟုလည်းတင်ပြထားသည်ဟု လွှတ်တော်ကိုယ်စားလှယ်များ၏ဆွေးနွေးချက်များအရသိရသည်။
Ref ; ကိုမင်း/Myanmar Harp

0 comments:

Post a Comment