ကျောက်ကပ်သည် လူခန္ဓာကိုယ် အစိတ်အပိုင်းတွင် လူအများသိကြသည့်အတိုင်း အလွန်အရေးကြီးပြီး မရှိမဖြစ်လိုအပ်သော အညစ်အကြေးစွန့်ထုတ်သည့် အစိတ်အပိုင်းဖြစ်ပါသည်။ ကျောက်ကပ်သည် များသောအားဖြင့် ရောဂါအခံတစ်ခုခုကြောင့် ပျက်စီးတာများသဖြင့် ကျောက်ကပ်ပျက်စီးစေသော ရောဂါများရှိသည့်အခါတွင် မိမိကျောက်ကပ်အား သာမန်အချိန်ထက်ပိုပြီး ဂရုစိုက်သင့်ပါသည်။ သို့မှသာ ကျောက်ကပ်ပျက်စီးခြင်းအား ကာကွယ်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် အောက်တွင် ကျောက်ကပ်အား ပျက်စီးစေတတ်သော ရောဂါများ အကြောင်းအား ပြည့်ပြည့်စုံစုံဖော်ပြထားသ ည့် အပြင် မည်ကဲ့သို့ ကြိုတင်ကာကွယ်နိုင်ကြောင်းအ ား လည်း အောက်တွင် အသေးစိတ်ဖော်ပြထားပါသည်။
သွေးတိုးရောဂါသည် ကျောက်ကပ်ကိုမည်သို့ပျက်စီး စေသနည်း။
သွေးတိုးရောဂါ နှင့် ကျောက်ကပ် ရောဂါသည် ကြက်ဥ နှင့် ကြက် မကဲ့သို့ အပြန် အလှန် ဆက်သွယ်လျက်ရှိပါသည်။ ကျောက်ကပ်ရောဂါ ရှိသူတွင် သွေးတိုးနိုင်သကဲ့သို့ သွေးတိုးရောဂါ ကြောင့်လည်း ကျောက်ကပ် ပျက်စီးတတ်သောကြောင့် သွေးတိုးရောဂါ ကို စတင်သိရှိသည် နှင့် ကျောက်ကပ် ကို စစ်ဆေးထားရန် အထူးလိုအပ်ပါသည်။
သွေးတိုးကြောင့် ကျောက်ကပ် ထိခိုက်ပုံ မှာ သွေးပေါင်တက်လာခြင်းသည် သွေးကြောတွင်းသွေးများပို၍ အရှိန် ပြင်းစွာ စီးဆင်းလာခြင်းကိုဖြစ်ပေါ်စ ေသည်။ ကျောက်ကပ် တွင်း ရှိသွေးကြော များသည်လည်း ထိုသို့ သွေးများ အရှိန်ပြင်းစွားစီးဆင်းသည့် ဒဏ်ကို ခံရပါသည်။ ကျောက်ကပ်ရှိသွေးကြော နံရံ များသည် ပွတ်တိုက် ဆွဲ့ဆန့်ခြင်းကိုခံရပြီး အမာရွတ် များကဲ့သို့ကျန်ခဲ့ပါသည်။ ထို အခါကျောက်ကပ် တွင်းရှိ အညစ်အကြေးစွန့်ထုတ်ပေးသော တစ်ရှူ းများမှာ သွေးကောင်းစွာ မရရှိသည့် အတွက် အောက်ဆီဂျင် နှင့် အာဟာရဓာတ်တို့ပြတ်လတ်ကာ ၎င်းတို့၏တာဝန်ဖြစ်သော ဆားဓာတ်၊ အညစ်အကြေး များ နှင့် ရေဓာတ် စွန့်ထုတ်ခြင်းတို့ကို ကောင်းမွန် စွာ မပြုလုပ်နိုင်တော့ဘဲ သွေးပေါင်တက်ခြင်းမှာ ပို ၍ဆိုးလာပါသည်။ ထို့ကြောင့် သွေးတိုးရောဂါ ကို စတင်သိရှိသည် နှင့် မိမိ ကျောက်ကပ် အခြေအနေ မည်သည့် အဆင့်တွင် ရှိနေပြီကို ကြို တင်သိရှိထားရန် လိုအပ်ပြီး သွေးပေါင်သေချာထိန်း နိုင်မှသာလျှင် သွေးတိုးကြောင့် ကျောက်ကပ်ပျက်စီးခြင်းကိုကာ ကွယ် နိုင်မည်ဖြစ်ပါသည်။
ဆီးချိုသွေးချိုကြောင့် ကျောက်ကပ်ဘယ်လိုပျက်စီးသလဲ။
များသောအားဖြင့် ကျောက်ကပ်ပျက်စီးခြင်းဖြစ်လ ျှင် ခံစားရသော ရောဂါလက္ခဏာများသည် ဆီးချိုသွေးချို အဖြစ်ကြာပြီး ကျောက်ကပ် အတော်အတန်ပျက်စီးကာ နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်ပေါ်သော အခါတွင် မှ ကျောက်ကပ်ပျက်စီးသော ရောဂါလက္ခဏာများအား ခံစားရခြင်းဖြစ်ပါသည်။ ဆိုလိုသည် မှာ ဆီးချိုသွေးချို ဖြစ်စတွင် မည်သည့်လက္ခဏာမှ မခံစားရသော်လည်း သွေးတွင်း သကြားဓာတ်မြင့်တက်ခြင်းကြော င့် အချိန်နှင့် အမျှ ကျောက်ကပ်သည် ပျက်စီးနေသည်ဖြစ်ကြောင်း သတိပြုရမည်ဖြစ်ပါသည်။ ထို့ကြောင့် မည်သည့် ရောဂါလက္ခဏာများ မခံစားရသော်လည်း သွေးတွင်းသကြားဓာတ်အား ထိန်းသိမ်းရမည်ဖြစ်ပြီး သွေးတွင်း သကြားဓာတ် မထိန်းသိမ်းနိုင်ပါက တစ်ချိန်တွင် နာတာရှည် ကျောက်ကပ်ရောဂါအား မလွဲမသွေ ခံစားရမည်ဖြစ်ပါသည်။
နာတာရှည် ကျောက်ကပ်ရောဂါ ခံစားရလျှင် ကုသသောအခါတွင်လည်း ကျောက်ကပ်အား ပြန်လည်ကောင်းမွန် လာအောင် ကုသ၍ ရခြင်းမဟုတ်ပဲ နာတာရှည် ကျောက်ကပ်ရောဂါ ပိုမဆိုးစေရုံသာ ကုသ၍ ရခြင်းဖြစ်သည့်အတွက် ယခင်က ပျက်စီးခဲ့သည့် ကျောက်ကပ်သည် မည်သို့ မျှ ပြန်လည် ကောင်းမွန်လာ အောင် ပြုလုပ်၍ မရပါ။
ကျောက်ကပ်ပျက်စီးပုံပျက်စီး နည်းမှာ သွေးတွင်းသကြားဓာတ်မြင့်တက် လာသည့်အခါတွင် ကျောက်ကပ်အတွင်းသို့ သွားသော သွေးများတွင် သကြားဓာတ်များ မြင့်တက်လာပါသည်။
ထိုသကြားဓာတ်များသည် ကျောက်ကပ်တွင် ရှိသော ဆဲလ်များအား ထိခိုက်ပျက်စီးစေပြီး ကျောက်ကပ်ဆဲလ်တွင် ရှိသော အညစ်အကြေးများ စစ်ထုတ်ပေးသော ဇကာခွက်သည် မလုံခြင်း ဖြစ်ပေါ်စေပါသည်။ ထိုဇကာ ခွက်သည် မလုံပဲ အပေါက်ကဲ့သို့ ဖြစ်နေသည့်အခါတွင် သွေးတွင်းရှိ အရေးကြီးသော အသားဓာတ်များသည် ကျောက်ကပ်မှ စစ်ပေးထားနိုင်ခြင်း မရှိတော့ပဲ ဆီးအတွင်းတွင် အသားဓာတ်များ ကျပြီး ဆီးသွားသည့် အခါတွင် အမြုပ်များထခြင်းများ ဖြစ်ပေါ်စေခြင်းများ ဖြစ်ပေါ်ပါသည်။ ထို အသားဓာတ်များသည် ကျောက်ကပ်ဆဲလ်များအား တစ်ဖန်ထပ်မံပျက်စီးစေပြီး ဇကာခွက်များအား ပိုမိုပျက်စီးစေကာ သွေးတွင်းအသားဓာတ်များ ဆီးထဲသို့ပါသွားသည့်အတွက် သွေးတွင်းအသားဓာတ်များ လျော့နည်းသွားခြင်းကြောင့် ဖောခြင်းများဖြစ်ပေါ်ပြီး နာတာရှည် ကျောက်ကပ်ရောဂါ လက္ခဏာများ ခံစား ရခြင်းဖြစ်ပါသည်
။
ဆီးချိုသွေးချိုဝေဒနာ ရှင်များ သည် ကျောက်ကပ်ပျက်စီးခြင်း ဖြစ်ပေါ်သည့် အရေအတွက် သည် အလွန်များပါသည်။ စစ်တမ်းများအရ ဆီးချိုဝေဒနာရှင် ၅ ယောက်လျှင် ၁ ယောက်သည် ကျောက်ကပ်ပျက်စီးပြီး နာတာရှည် ကျောက်ကပ်ရောဂါဖြစ်ပေါ်ပါသည ်။ ထို့ကြောင့် ဆီးချိုသွေးချို ဝေဒနာရှင်များသည် သွေးတွင်း သကြားဓာတ်အား ထိန်းရန်အရေးကြီးရုံသာမက မိမိကျောက်ကပ်အခြေအနေကိုလည် း မကြာခဏ စစ်ဆေးနေရန် အရေးကြီးပါသည်။
မည်သည့် ရောဂါလက္ခဏာ များသည် ကျောက်ကပ်ထိခိုက်နေကြောင်း ပြပါသနည်း။
ဆီးလမ်းကြောင်း နှင့် ကျောက်ကပ် တို့၏ ဖွဲ့စည်းပုံကိုဦးစွာရှင်းပြ လိုပါသည်။
ဆီးလမ်းကြောင်း နှင့် ကျောက်ကပ် တို့၏ ဖွဲ့စည်းပုံ မှာ ပဲစေ့ ကဲ့သို့ ပုံစံရှိသော ကျောက်ကပ် နှစ်လုံးသည် ဝမ်းဗိုက်၏ ခါး နေရာလောက်တွင် တစ်ဖက်တစ်ချက်တွင် ရှိပြီး ဆီး များဟုခေါ်သည့် ခန္ဓာကိုယ် မှ အညစ်အကြေး များကို စွန့်ထုတ်ပေးနေသော တာဝန်ရှိပါသည်။ ထို ကျောက်ကပ်မှ စွန့်ထုတ်လိုက်သောဆီး များသည် ureter ဟုခေါ်သော ဆီးလမ်းကြောင်း မှ တစ်ဆင့် ဆီးအိမ်အတွင်းသို့ စီး ဆင်းကြပြီး ထို ဆီး အိတ်ထဲတွင် စုဆောင်းသိုလှောင်ထားပြီ ဆီးသွား သည့် အချိန် မှ သာ urethra ဟုခေါ်သော ဆီးပေါက်သည့် လမ်းကြောင်း မှ တစ်ဆင့် ပြင်ပသို့ စွန့် ထုတ်ခြင်းဖြစ်ပေါ်ပါသည်။
ကျောက်ကပ် ရောဂါ ရှိ နေသူများတွင် ကျောက်ကပ်သည် ရေများကို ဆီး အဖြစ် ပြောင်းလဲကာ ကောင်းစွာ မစွန့်ထုတ်နိုင်သဖြင့် ခန္ဓာကိုယ် တွင်း ရေ များစုပုံခြင်းဖြစ်ပေါ်ပြီး ခြေလက် များ၊ မျက်လုံးပတ်ပတ်လည်တွင် ဖောရောင်ခြင်းဖြစ်ပေါ်ပါသည် ။
ကျောက်ကပ်သည် ခန္ဓာကိုယ်တွင်းရှိသွေးပေါင ်ချိန်ကိုထိန်းညှိရာတွင် အရေးပါသော အင်္ဂါတစ်ခုဖြစ်ပါသည်။ ကျောက်ကပ် စတင် ထိခိုက်လာသည်နှင့် ဆားဓာတ် နှင့် ရေ စွန့်ထုတ်မှု မှာ ပြသနာဖြစ်လာပြီးသွေးပေါင်တက ်ခြင်းဖြစ်ပေါ်သည်။ ထို ဆားဓာတ် နှင့် ရေ များစုပုံလာခြင်းသည် ကျောက်ကပ်နှင့် အခြားသော အင်္ဂါများသို့ သွေး များများစီးဆင်းစေသည်။ ကျောက်ကပ်သို့သွေး များများစီးလာသော အခါ ကျောက်ကပ်သည် သွေးပမာဏကိုထိန်းညှိသည့် အနေဖြင့် RAA ခေါ်သော သွေးကြောကျဉ်းစေသည့် ဓာတ်များကို ထုတ်လုပ်ပြီး ခန္ဓာကိုယ် အနှံ့ရှိသွေးကြောများကျဉ်းခ ြင်းကိုဖြစ်စေခြင်းဖြင့် သွေးပေါင် တက်ခြင်းမှာ ပို၍ဆိုးလာပါသည်။
ဆီး အရောင်နောက်လာခြင်း၊ ဆီး ထဲတွင် အနည်များပါခြင်းသည် အကြောင်း အမျိုးမျိုးကြောင့်ဖြစ်နိုင ်ပြီး အရေးအကြီးဆုံးအကြောင်းတစ်ချ က်မှာ ဆီးထဲ အသားဓာတ်များပါခြင်းကြောင့် ဖြစ်ပါသည်။ ကျောက်ကပ်သည် ရေစစ်ကဲ့သို့ သေးငယ်သော အမှုန်အမွှား နှင့်ရေ များကို စွန့်ထုတ်စေသော်လည်း ခန္ဓာကိုယ် အတွက် ထိန်းသိမ်းထားသင့်သည့် အသားဓာတ် များကို မူ ဇကာ ကောင်းကောင်းဖြင့် စစ်ပြီး ပြန် သိမ်းထားရန်လိုပါသည်။ ထို ကျောက်ကပ် မှ ဇကာ လေး များပျက်စီး သည့် ကျောက်ကပ်ရောဂါ မျိုး တွင်မူ အသားဓာတ်ပါခြင်းဖြစ်ပေါ်ပြီ း ဆီးချို ရောဂါ နှင့် သွေးတိုးရောဂါတို့ ကြောင့် ကျောက်ကပ် ထိနေပါက ထိုသို့ အသားဓာတ်များ ဆီးထဲ များနေခြင်းဖြစ်တတ်ပါသည်။
ဆီးချို ရောဂါသည် ကျောက်ကပ် ဇကာကို တိုက်ရိုက်ပျက်စီးစေသကဲ့သို ့ ဆီးလမ်းကြောင်းတွင်းပိုးဝင် ခြင်းကိုလည်းအားပေးပါသည်။ သွေးတွင်းသကြားဓာတ်ကြောင့်ရ ောဂါပိုးများသည် အချိုဓာတ်ကိုစားသုံးပြီး ပိုမိုပွားများလွယ်သောကြောင ့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း သည်လည်း အလွန်အဖြစ်များသော ပြသနာတစ်ခုဖြစ်ပါသည်။ ဆီးလမ်းကြောင်းပိုးဝင်သောအခ ါ မကြာခဏ ချမ်းတုန်၍အဖျားတက်ခြင်း၊ ဆီးပူဆီးကျဉ် ခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ဆီးကျန်သလိုခံစားရခြင်း တို့ဖြစ်တတ်ပါသည်။
သွေးတိုး နှင့် ဆီးချို ကျဆေးအချို့ သည် လည်းကျောက်ကပ် နှင့် တိုက်ရိုက်ပတ်သက်လျက်ရှိပါသ ည်။
မတ်ဖော်မင် Metformin နှင့် ကျောက်ကပ်
Metformin(မတ်ဖော်မင်)ရေရှည ်စွဲ သောက်ခြင်းကြောင့် ကျောက်ကပ်ပျက်စီးတတ်သည် ဟု အယူ မှားနေကြသည်။ အမှန်မှာ Metformin (မတ်ဖော်မင်)ကြောင့် ကျောက်ကပ်ထိခြင်းမဟုတ်ဘဲ ဆီးချို သေချာ မထိန်း နိုင်ခြင်းကြောင့် ကျောက်ကပ်ပျက်စီးရခြင်းဖြစ် ပါသည်။ သို့သော် ကျောက်ကပ်ပျက်စီးပြီးသူများ တွင် Metformin (မတ်ဖော်မင်)
သောက်၍မရပေ။ Metformin (မတ်ဖော်မင်)သည် ကျောက်ကပ်မှ စွန့်ထုတ်ရသော ကြောင့် ကျောက်ကပ်ပျက်စီး နေသူများတွင် Metformin (မတ်ဖော်မင်)
သည် ခန္ဓာကိုယ် တွင်း စုပုံလာပြီး Lactic Acidosis ဟုခေါ်သော သွေးတွင်း လက်တစ် Acid ဓာတ်တစ်မျိုး စုပုံခြင်းဖြစ်စေတတ်ပါသည်။ သွေးတွင်း လက်တစ် Acid ဓာတ်တစ်မျိုး စုပုံခြင်းအခြေအနေ သည် ကျောက် ကပ်ပျက်စီးသူများတွင်သာမက အသည်းပျက်စီးသူ များနှင့် အရက်သောက်သူများ တွင် လည်း Metformin (မတ်ဖော်မင်) သောက်မိပါက ဖြစ်တတ်သောကြောင့် ထိုသူများသည် Metformin (မတ်ဖော်မင်)သောက်သုံး၍မရသေ ာသူများဖြစ်ပါသည်။
ထို့အပြင် metformin သောက်သုံးနေရသောသူများတွင် ဆေးထိုး၍ကွန်ပျုတာဓာတ်မှန် ရိုက်ရန်လိုအပ်ပါကmetformin ကို၄၈နာရီခန့်ကြိုရပ်ထားပြီ း ရေများများသောက်ထားမှသာလျှင ် ကျောက်ကပ် ပျက်စီးခြင်းကို ကာကွယ်နိုင်မည်ဖြစ်သည်။
ထို့ကြောင့် Metformin (မတ်ဖော်မင်)နှင့်တကွအခြားသ ောဆီးချိုဆေးများသောက် သုံးသည့် အခါ သူများညွှန်တိုင်း မသောက်သုံးဘဲ ကျောက်ကပ်ကောင်းမကောင်းကို၊ အသည်းကောင်းမကောင်း အရင် တတ်ကျွမ်းသော ဆီးချိုသမားတော် နှင့် တိုင်ပင်စစ်ဆေးပြီးမှ သောက်သုံးသင့်ပါသည်။
သွေးတိုးကျဆေး ACEI နှင့် ကျောက်ကပ်
ACEI နှင့် အခြားအလားတူဆေးများမှာ
Enalapril- enam
Ramipril- servace, cardiopril, verasan
Perindopril- coversyl, coveram
Losartan- losarca, repace
Valsartan-
Candesartan- candelong
Ibesartan- irovel
Telmisartan- telmitan, telma, cilzec plus, telsa
အထက်ဖော်ပြပါဆေး များ သည် ကျောက်ကပ်စစ်ဆေးပြီး မှသောက်သုံးသင့်သောဆေးများဖ ြစ်ပါသည်။ ဆေးများကြောင့် ကျောက်ကပ်ကိုထိခိုက်ခြင်းမရ ှိသော်လည်း ကျောက်ကပ် မကောင်းသောသူများတွင် သောက်မိပါက အန္တရာယ်များသောဆေးများဖြစ် ပါသည်။
ထိုဆေးများသည် ကျောက်ကပ်သွေးကြောများတွင် သက်ရောက်ပြီး ကျောက်ကပ်မှ စွန့်ထုတ်မှုအားကို အနည်းငယ်ကျဆင်းစေသော အာနိသင်ရှိပါသည်။ ထို့ကြောင့် ပင်ကိုယ်ကျောက်ကပ်စွန့်ထုတ် အားနည်းနေသူများ၊ ကျောက်ကပ် သွေးကြောကျဉ်းရောဂါရှိသူမျာ း၊ နှလုံးညှစ်အားအလွန်ကျသူများ ၊ ကျောက်ကပ်တွင် ရေအိတ်တည်နေသူများတွင် သောက်သုံးမိပါက ကျောက်ကပ်စွန့်ထုတ်မှုအားရု တ်တရတ်ထိုးကျပြီးရုတ်တရတ်ကျ ောက်ကပ်ပျက်စီးခြင်းအန္တရာယ ်ရှိပါသည်။ ကျောက်ကပ်အပေါ်ပေးမည့် အာနိသင်ကိုစောင့်ကြည့် ရန် creatinine ဟုခေါ်သော ကျောက်ကပ်ဓာတ်ကို စစ်ဆေးကြည့် ရပါသည်။ ကျောက်ကပ်ဓာတ်သည် တစ်ခါတည်းဖောက်ရုံဖြင့် ဆေးချိန်၍ရသည်မဟုတ်။ ဆေးအပေါ် ကျောက်ကပ်၏တုန့်ပြန်မှု ကိုကြည့်ရှု နိုင်ရန် ဆေးသောက်ပြီး တစ်ပတ် နှစ်ပတ်တွင်ပြန် ဖောက်၍စစ်ဆေးကြည့်ရပါသည်။ ထို့ကြောင့် လည်း မိမိသည် အထက်ပါဆေးတစ်ခုခုသောက်သုံးန ေပါက မိမိ ကျောက်ကပ် အခြေအနေကို လျစ်လျူမရှုထားဘဲ ကောင်းမကောင်းစစ်ဆေးကြည့်သင ့်ပါသည်။
၁။ Urea &Eletrolyte, Creatinine
ကျောက်ကပ်ဓာတ် နှင့် ခန္ဓာကိုယ်တွင်းရှိ ဆားဓာတ်များပါဝင်ပါသည်။ Urea နှင့်Creatinine ဟုခေါ်သော ကျောက်ကပ်ဓာတ်သည် ခန္ဓာကိုယ်တွင်းရှိ အညစ်အကြေးတစ်မျိုးပင် ဖြစ်သည်။ Creatinine သည် သွေးထဲတွင် ရှိပြီး ကျောက်ကပ်မှခန္ဓာကိုယ်ပြင်ပ သို့စွန့်ထုတ်ပေးရသောပစ္စည် းဖြစ်ပါသည်။ သွေးထဲတွင် Creatinine များနေပါက ကျောက်ကပ် မှ Creatinine ကို ကောင်းစွာ မစွန့်ထုတ်ပေးနိုင်ခြင်းကို ပြပြီး တစ်နည်းအားဖြင့် ကျောက်ကပ်ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်းကိုပြပ ါသည်။ နှလုံးရောဂါ၊သွေးတိုးရောဂါရ ှိသူများ နှင့် ဆီးချို ရောဂါရှိသူများတွင် ကျောက်ကပ် ထိမထိစစ်ဆေးသင့်သော အရာဖြစ်ပြီး သွေးကျဆေးစွဲသောက်နေရသူများ တွင်လည်း ၆လ ၁ နှစ် ကြာတစ်ခါ ပြန်လည်စစ်ဆေးနေသင့်သော အရာလည်းဖြစ်ပါသည်။
Creatinine များနေသော လူနာများတွင် ကျောက်ကပ်များပိုမိုပျက်စီး စေသော ဆေးများ ပြောင်းခြင်း၊ ကျောက်ကပ်ပျက်စီးစေသော ရောဂါများအား ထိရောက်စွာကုသခြင်း စသည်တို့အား ဆီးနှင့် ကျောက်ကပ် အထူးကုသမားတော်များမှ ကုသမှုခံယူသင့်ပါသည်။
ဆားဓာတ်များတွင် ဆိုဒီယမ်(Na)၊ ပိုတက်ဆီယမ်(K)၊ ကလိုရိုက်(Cl)၊ ဘိုင်ကာဗွန်နိတ်(HCO3) တို့ပါဝင်ပါသည်။
ခန္ဓာကိုယ်၏ဆားဓာတ်ညီမျှမှု ကို ထိန်းသိမ်းပေးသည်မှာလည်း ကျောက်ကပ်ဖြစ်သောကြောင့် ကျောက်ကပ် ကောင်းမကောင်းစစ်ဆေးမှုတွင် ပါဝင်ပါသည်။ထို မညီမျှမှုများတစ်ခုခုရှိနေပ ါက
ဆီး နှင့်ကျောက်ကပ် အထူးကုသမားတော် နှင့်သေချာပြသပြီး မိမိကျောက်ကပ်အခြေအနေကိုပြသ အကြံဉာဏ်ရယူသင့်ပါသည်။
၂။Urine RE (ဆီးစစ်ဆေးခြင်း)
ဆီးကို စစ်ဆေးခြင်းဖြင့် ဆီးထဲတွင် သွေးပါမပါ၊ ဆီးထဲတွင် အသားဓာတ်မည်မျှ ကျနေသနည်းအား သိရှိနိုင်ပါသည်။ ကျောက်ကပ်ရောဂါအများစုသည် ဆီးအတွင်းသွေးပါခြင်းနှင့် ဆီးအသားဓာတ်တို့နှင့် ဆက်စပ်သည့်အတွက် ကျောက်ကပ်ရောဂါရှိမရှိအား စစ်ဆေးရာတွင် ဆီးစစ်ခြင်းသည် အလွန်အထောက် အကူပြုသော စစ်ဆေးခြင်းဖြစ်ပါသည်။ ထိုအပြင် ဆီးလမ်းကြောင်းပိုးဝင်မဝင်ခ ြင်းအားလည်း သိရှိနိုင်ပါသည်။ သွေးချိုဝေဒနာရှင်မျာမှာလည် း သွေးတွင်းသကြားဓာတ် အလွန်များသည့်အခါတွင် ဆီးအတွင်း သကြားဓာတ်ပါလာခြင်းအား ပမာဏ မည်မျှပါသနည်းအား တိုင်းတာနိုင်ပါသည်။ အသည်းရောင်အသားဝါ ဖြစ်နေသော သူများတွင် လည်း အသားဝါသည့် ဓာတ်အား ဆီးအတွင်း တိုင်းတာသိရှိနိုင်ပါသည်။ ထို့ကြောင့် ဆီးစစ်ဆေးခြင်းသည် ကျောက်ကပ်နှင့် ပက်သက်သော ရောဂါအတော်များများအား ဖော်ပြနိုင်သောကြောင့် ကျောက်ကပ်အတွက် အထောက်အကူပြုသော စစ်ဆေးခြင်းဖြစ်ပါသည်။
Credit- Family Doctor Specialist Clinic #Myanmar_Online_News
0 comments:
Post a Comment