Thursday, January 30, 2020

ရန်ကုန်တိုင်းအစိုးရ စာရင်းစစ်ချူပ်အစီရင်ခံစာ သုံးသပ်ချက်သည် နိုင်ငံရေးနည်းဖြင့် ရေးသားခဲ့ခြင်းမဟုတ်ဘဲ ဥပဒေအတိုင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ပြော

Image may contain: 2 people, people standing and indoor
စာရင်းစစ်ချုပ် အစီရင်ခံစာ သုံးသပ်ချက်များသည် တိုင်းဒေသကြီးအစိုးရအဖွဲ့အား အထင်မြင်လွဲမှား ဝေဖန်မှုများ ဖြစ်ပေါ်စေခဲ့ဟု တိုင်းဘဏ္ဍာရေးဝန်ကြီးက ပြောကြားရာ နိုင်ငံရေးနည်းဖြင့် ရေးသားခဲ့ခြင်း မဟုတ်ဘဲ ဥပဒေအတိုင်းဆောင်ရွက်ခြင်းဟု ရန်ကုန်တိုင်းစာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြောကြားသည်။

ဇန်နဝါရီ ၃၀ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၇ -၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့် ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာတို့အပေါ် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးချက်များနှင့် စပ်လျဉ်းပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် ယခုကဲ့သို့ အပြန်အလှန်ပြောကြားခဲ့ခြင်းဖြစ်သည်။
“တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ် စာရင်းစစ်လုပ်ငန်း အပြီးသတ်ဆွေးနွေးမှု (Winding Up) အား ၂၀၁၉ သြဂုတ် ၁၄ ရက်နေ့တွင် လုပ်ဆောင်ခဲ့ပါတယ်။ အဆိုပါ Winding Up လုပ်တဲ့ အစီရင်ခံစာမှာ ပါရှိခြင်းမရှိတဲ့ အချက်များကို စာရင်းစစ်ချုပ် အစီရင်ခံစာတွင် သုံးသပ်ဖော်ပြထားခြင်းက လွှတ်တော်အတွင်း၊ ပြည်သူအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့အပေါ် အထင်အမြင်လွှဲမှားဝေဖန်မှုများ ဖြစ်ပေါ်လာစေခဲ့ရာတာကို တွေ့ရပါတယ်” ဟု ဝန်ကြီးဦးမြင့်သောင်းက ပြောကြားသည်။
စာရင်းစစ်အဖွဲ့၏ ရေးသားဖော်ပြချက်သည် ပြည်သူ့အပေါ်၊ ဖတ်ရှုသူအပေါ် အမြင်ရှင်းအောင်၊ ငွေကိုင်တွယ်သုံးစွဲနေသည့် ဌာနအပေါ်တွင်လည်း သံသယမဖြစ်အောင် အပြုသဘောဆောင်ပြီး ရေးသားသင့်ကြောင်း၊ စာရင်းစစ်ဆိုသည်မှာ စာရင်းစစ်ဆေးရာတွင် ပြသာနာရှာရသည့်အဖွဲ့ အစည်းမျိုးမဟုတ်ဘဲ စာရင်းစစ်၊ ငွေရေးကြေးရေး၊ ဘဏ္ဍာရေးစည်းမျဉ်းများ ညီညွတ်မှုမရှိပါက တည့်မတ်ပေးရသည့် အဖွဲ့အစည်းဖြစ်ကြောင်း စာရင်းစစ်အဖွဲ့များကိုယ်တိုင် သိရှိရန် လိုအပ်ကြောင်း မြို့တော်ဝန်ကလည်း လွှတ်တော်တွင်းဝေဖန်ခဲ့သည်။
ယင်းသို့ ပြောကြားခဲ့ခြင်းများအပေါ် တိုင်းစာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက အစီရင်ခံစာတွင် ရေးသားဖော်ပြချက်များမှာ မည်သူ့ကိုမျှ တိုက်ခိုက်ခြင်းမဟုတ်ဘဲ ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများ အတိုင်းသာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း လွှတ်တော်တွင်း ပြန်လည်တု့ံပြန်ခဲ့သည်။
“စာရင်းစစ်ချုပ်ရုံးရဲ့ ရေးသားချက်များက မည်သည့်ဝန်ကြီးဌာန၊ မည်သည့်အဖွဲ့အစည်းကိုမှ နိုင်ငံရေးနည်းနဲ့ ရေးသားခြင်း မဟုတ်ပါဆိုတာကို ပြောချင်ပါတယ်။ နိုင်ငံတော်က သတ်မှတ်ထားတဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနဲ့ မကိုက်ညီခြင်းများ၊ နိုင်ငံတော်ဘဏ္ဍာငွေ မလျော့နည်းရေးကိုသာ ဦးတည်ပြီး အကြံပြုခြင်းသာဖြစ်ပါတယ်။ စာရင်းစစ်က နိုင်ငံတော်ရဲ့ ရငွေတွေ လျော့နည်းမှုရှိလား အဓိကစစ်ရပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြောကြားသည်။
သမ္မတရုံးညွှန်ကြားချက် ၃/ ၂၀၁၈ အရ ပြင်ပပေါက်စျေးထက် နည်းနေ၍မရပါကြောင်း၊ ထို့ကြောင့်အခွန်အခနှုန်းထား နည်းနေသည့်အတွက် ပေါ်လွင်နိုင်အောင် ယှဉ်ပြီးရေးသားခြင်းဖြစ်ကြောင်း၊ စာရင်းစစ်သည် ဘက်လိုက်ရေးသား၍မရကြောင်း အရှိကိုအရှိအတိုင်းရေးသားတင်ပြရခြင်းသည် မိမိတာဝန်သာဖြစ်ပါကြောင်း၊ တွေ့ရှိသည့်အတိုင်း မရေးသားမတင်ပြပါက စာရင်းစစ်သည် တာဝန်ပျက်ကွက်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းစာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှကပြောကြားသည်။
“မိမိရေးသားချက်များက ရိုးရှင်းစွာတွေ့ရှိချက် ကိုမှန်ကန်စွာရေးသားထားပါတယ်” ဟု ရန်ကုန်တိုင်းစာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြောကြားသည်။
ယခင်ကာလများတွင် ငှားရမ်းခနှုန်းများသည် ငါးနှစ်တစ်ကြိမ်သာပြင်ဆင်ခွင့်ရခြင်း၊ ငှားရမ်းခ ချိုသာစွာဖြင့် နှစ်သုံးဆယ်၊ နှစ်ငါးဆယ် နှစ်ရှည်ငှားရမ်းထားခြင်းနှင့် အကျိုးတူရသည့် အခွင့်အရေးများအား ကုမ္ပဏီသို့ ငှားရမ်းခြင်းစသည့် နစ်နာမှုများကို ပြည်သူများသိအောင်တင်ပြထားခြင်းသာဖြစ်ပါကြောင်း ဒေါ်ခင်သန်းလှကပြော ကြားသည်။
“ယခင်ကာလက အမှားများကို ယခုပြည်သူ့အစိုးရကာလမှာ ပြုပြင်နိုင်ရန် နောင်ဆောင်ရွက်မယ့် လုပ်ငန်းများမှာ ထည့်သွင်းစဉ်းစားနိုင်ရန်၊ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးရှိစေရန် ရည်ရွယ်ပြီးရေးသား ထားတာဖြစ်ပါတယ်။ တင်ဒါခေါ်ယူမှု စစ်ဆေးရာမှာလည်း နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်ခြင်း ရှိ မရှိ စစ်ဆေးတင်ပြချင်းသာဖြစ်ပါတယ်” ဟု ဒေါ်ခင်သန်းလှကပြောကြားသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနသည် အမှိုက်သိမ်းယာဉ် ယန္တရားပြင်ဆင်ထိန်းသိမ်းစရိတ်အတွက် ၄/ ၂၀၁၇ လတွင် ဆောင်ငွေကျပ်သိန်း၁၀၀ ကိုထုတ်ယူခဲ့ပြီး ရရှိ၊ သုံးငွေ၊ လက်ကျန် စာရင်းများကို Register ဖွင့်လှစ်ရေးသွင်းကာ သုံးစွဲပြီး အသုံးစရိတ်ပြေစာများအား ချက်လက်မှတ် ၃၆၄ စောင်ဖြင့် အလီလီ ပြန်လည်ဖြည့်တင်းခဲ့ကြောင်း၊ ၂/ ၂၀၁၈ လတွင် ပြင်ဆင်ထိန်းသိမ်းမှုစရိတ်အတွက် ကျပ်သန်း ၂၉ ဒသမ ၃၆၀ စက်အရံပစ္စည်း ၂၇ မျိုး (၈၂၆)ခု ဝယ်ယူခြင်းအတွက် ၇၀ ဒသမ ၆၄၀ သန်း၊ စုစုပေါင်းဆောင်ငွေ လက်ကျန် ကျပ်သန်း ၁၀၀ ကို လက်ကျန်မရှိ သုံးစွဲခဲ့ပြီး ပြန်လည်ဖြည့်တင်းခြင်းမရှိသဖြင့် ပြည်ထောင်စုစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၃၅/ ၂၀၁၇ အပိုဒ် ၁၃၇၊ ၁၃၈ နှင့် ညီညွတ်မှုမရှိသည့်အတွက် သုံးသပ်ဖော်ပြထားခြင်းဖြစ်ကြောင်း စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက လွှတ်တော်တွင် ပြန်လည်ပြောကြားခဲ့သည်။
>>Zawgyi<<
ရန်ကုန်တိုင်းအစိုးရ စာရင်းစစ်ချူပ်အစီရင်ခံစာ သုံးသပ်ချက်သည် နိုင်ငံရေးနည်းဖြင့် ရေးသားခဲ့ခြင်းမဟုတ်ဘဲ ဥပဒေအတိုင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ပြော
Friday ,January 31 , 2020
စာရင်းစစ်ချုပ် အစီရင်ခံစာ သုံးသပ်ချက်များသည် တိုင်းဒေသကြီးအစိုးရအဖွဲ့အား အထင်မြင်လွဲမှား ဝေဖန်မှုများ ဖြစ်ပေါ်စေခဲ့ဟု တိုင်းဘဏ္ဍာရေးဝန်ကြီးက ပြောကြားရာ နိုင်ငံရေးနည်းဖြင့် ရေးသားခဲ့ခြင်း မဟုတ်ဘဲ ဥပဒေအတိုင်းဆောင်ရွက်ခြင်းဟု ရန်ကုန်တိုင်းစာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြောကြားသည်။

ဇန်နဝါရီ ၃၀ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၇ -၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့် ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာတို့အပေါ် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးချက်များနှင့် စပ်လျဉ်းပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် ယခုကဲ့သို့ အပြန်အလှန်ပြောကြားခဲ့ခြင်းဖြစ်သည်။
“တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ် စာရင်းစစ်လုပ်ငန်း အပြီးသတ်ဆွေးနွေးမှု (Winding Up) အား ၂၀၁၉ သြဂုတ် ၁၄ ရက်နေ့တွင် လုပ်ဆောင်ခဲ့ပါတယ်။ အဆိုပါ Winding Up လုပ်တဲ့ အစီရင်ခံစာမှာ ပါရှိခြင်းမရှိတဲ့ အချက်များကို စာရင်းစစ်ချုပ် အစီရင်ခံစာတွင် သုံးသပ်ဖော်ပြထားခြင်းက လွှတ်တော်အတွင်း၊ ပြည်သူအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့အပေါ် အထင်အမြင်လွှဲမှားဝေဖန်မှုများ ဖြစ်ပေါ်လာစေခဲ့ရာတာကို တွေ့ရပါတယ်” ဟု ဝန်ကြီးဦးမြင့်သောင်းက ပြောကြားသည်။
စာရင်းစစ်အဖွဲ့၏ ရေးသားဖော်ပြချက်သည် ပြည်သူ့အပေါ်၊ ဖတ်ရှုသူအပေါ် အမြင်ရှင်းအောင်၊ ငွေကိုင်တွယ်သုံးစွဲနေသည့် ဌာနအပေါ်တွင်လည်း သံသယမဖြစ်အောင် အပြုသဘောဆောင်ပြီး ရေးသားသင့်ကြောင်း၊ စာရင်းစစ်ဆိုသည်မှာ စာရင်းစစ်ဆေးရာတွင် ပြသာနာရှာရသည့်အဖွဲ့ အစည်းမျိုးမဟုတ်ဘဲ စာရင်းစစ်၊ ငွေရေးကြေးရေး၊ ဘဏ္ဍာရေးစည်းမျဉ်းများ ညီညွတ်မှုမရှိပါက တည့်မတ်ပေးရသည့် အဖွဲ့အစည်းဖြစ်ကြောင်း စာရင်းစစ်အဖွဲ့များကိုယ်တိုင် သိရှိရန် လိုအပ်ကြောင်း မြို့တော်ဝန်ကလည်း လွှတ်တော်တွင်းဝေဖန်ခဲ့သည်။
ယင်းသို့ ပြောကြားခဲ့ခြင်းများအပေါ် တိုင်းစာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက အစီရင်ခံစာတွင် ရေးသားဖော်ပြချက်များမှာ မည်သူ့ကိုမျှ တိုက်ခိုက်ခြင်းမဟုတ်ဘဲ ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများ အတိုင်းသာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း လွှတ်တော်တွင်း ပြန်လည်တုံ့ပြန်ခဲ့သည်။
“စာရင်းစစ်ချုပ်ရုံးရဲ့ ရေးသားချက်များက မည်သည့်ဝန်ကြီးဌာန၊ မည်သည့်အဖွဲ့အစည်းကိုမှ နိုင်ငံရေးနည်းနဲ့ ရေးသားခြင်း မဟုတ်ပါဆိုတာကို ပြောချင်ပါတယ်။ နိုင်ငံတော်က သတ်မှတ်ထားတဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနဲ့ မကိုက်ညီခြင်းများ၊ နိုင်ငံတော်ဘဏ္ဍာငွေ မလျော့နည်းရေးကိုသာ ဦးတည်ပြီး အကြံပြုခြင်းသာဖြစ်ပါတယ်။ စာရင်းစစ်က နိုင်ငံတော်ရဲ့ ရငွေတွေ လျော့နည်းမှုရှိလား အဓိကစစ်ရပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြောကြားသည်။
သမ္မတရုံးညွှန်ကြားချက် ၃/ ၂၀၁၈ အရ ပြင်ပပေါက်စျေးထက် နည်းနေ၍မရပါကြောင်း၊ ထို့ကြောင့်အခွန်အခနှုန်းထား နည်းနေသည့်အတွက် ပေါ်လွင်နိုင်အောင် ယှဉ်ပြီးရေးသားခြင်းဖြစ်ကြောင်း၊ စာရင်းစစ်သည် ဘက်လိုက်ရေးသား၍မရကြောင်း အရှိကိုအရှိအတိုင်းရေးသားတင်ပြရခြင်းသည် မိမိတာဝန်သာဖြစ်ပါကြောင်း၊ တွေ့ရှိသည့်အတိုင်း မရေးသားမတင်ပြပါက စာရင်းစစ်သည် တာဝန်ပျက်ကွက်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းစာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှကပြောကြားသည်။
“မိမိရေးသားချက်များက ရိုးရှင်းစွာတွေ့ရှိချက် ကိုမှန်ကန်စွာရေးသားထားပါတယ်” ဟု ရန်ကုန်တိုင်းစာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြောကြားသည်။
ယခင်ကာလများတွင် ငှားရမ်းခနှုန်းများသည် ငါးနှစ်တစ်ကြိမ်သာပြင်ဆင်ခွင့်ရခြင်း၊ ငှားရမ်းခ ချိုသာစွာဖြင့် နှစ်သုံးဆယ်၊ နှစ်ငါးဆယ် နှစ်ရှည်ငှားရမ်းထားခြင်းနှင့် အကျိုးတူရသည့် အခွင့်အရေးများအား ကုမ္ပဏီသို့ ငှားရမ်းခြင်းစသည့် နစ်နာမှုများကို ပြည်သူများသိအောင်တင်ပြထားခြင်းသာဖြစ်ပါကြောင်း ဒေါ်ခင်သန်းလှကပြော ကြားသည်။
“ယခင်ကာလက အမှားများကို ယခုပြည်သူ့အစိုးရကာလမှာ ပြုပြင်နိုင်ရန် နောင်ဆောင်ရွက်မယ့် လုပ်ငန်းများမှာ ထည့်သွင်းစဉ်းစားနိုင်ရန်၊ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးရှိစေရန် ရည်ရွယ်ပြီးရေးသား ထားတာဖြစ်ပါတယ်။ တင်ဒါခေါ်ယူမှု စစ်ဆေးရာမှာလည်း နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်ခြင်း ရှိ မရှိ စစ်ဆေးတင်ပြချင်းသာဖြစ်ပါတယ်” ဟု ဒေါ်ခင်သန်းလှကပြောကြားသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနသည် အမှိုက်သိမ်းယာဉ် ယန္တရားပြင်ဆင်ထိန်းသိမ်းစရိတ်အတွက် ၄/ ၂၀၁၇ လတွင် ဆောင်ငွေကျပ်သိန်း၁၀၀ ကိုထုတ်ယူခဲ့ပြီး ရရှိ၊ သုံးငွေ၊ လက်ကျန် စာရင်းများကို Register ဖွင့်လှစ်ရေးသွင်းကာ သုံးစွဲပြီး အသုံးစရိတ်ပြေစာများအား ချက်လက်မှတ် ၃၆၄ စောင်ဖြင့် အလီလီ ပြန်လည်ဖြည့်တင်းခဲ့ကြောင်း၊ ၂/ ၂၀၁၈ လတွင် ပြင်ဆင်ထိန်းသိမ်းမှုစရိတ်အတွက် ကျပ်သန်း ၂၉ ဒသမ ၃၆၀ စက်အရံပစ္စည်း ၂၇ မျိုး (၈၂၆)ခု ဝယ်ယူခြင်းအတွက် ၇၀ ဒသမ ၆၄၀ သန်း၊ စုစုပေါင်းဆောင်ငွေ လက်ကျန် ကျပ်သန်း ၁၀၀ ကို လက်ကျန်မရှိ သုံးစွဲခဲ့ပြီး ပြန်လည်ဖြည့်တင်းခြင်းမရှိသဖြင့် ပြည်ထောင်စုစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၃၅/ ၂၀၁၇ အပိုဒ် ၁၃၇၊ ၁၃၈ နှင့် ညီညွတ်မှုမရှိသည့်အတွက် သုံးသပ်ဖော်ပြထားခြင်းဖြစ်ကြောင်း စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက လွှတ်တော်တွင် ပြန်လည်ပြောကြားခဲ့သည်။
Ref-Eleven #Myanmar_Online_News

0 comments:

Post a Comment