Thursday, January 30, 2020

နယ်စပ်ဝင်/ထွက်ပေါက် ရှစ်နေရာတွင် 2019 Novel Corona Virus ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး တပ်မတော်သားများ နှင့် ပူးပေါင်းအဖွဲ့များမှ စောင့်ကြပ်ကြည့်ရှု စစ်ဆေး

Image may contain: one or more people and people standing

2019 Novel Corona Virusရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် တပ်မတော်သားများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် နယ်ဘက်ဆိုင်ရာပူးပေါင်းအဖွဲ့များက ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ နယ်စပ် ဝင်/ထွက်ပေါက် ရှစ်နေရာတွင် စောင့်ကြပ် ကြည့်ရှုစစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ စစ်ဆေး ဆောင်ရွက်လျက်ရှိရာ တာချီလိတ်မြို့၊ အမှတ်(၁)ချစ်ကြည်ရေး တံတား၊ အမှတ်(၂)ချစ်ကြည်ရေး တံတားနှင့် ဝမ်ပုံဆိပ်ကမ်း၊ ကျိုင်းလပ်မြို့ရှိ ကျိုင်းလပ် တံတား၊ မိုင်းယန်းမြို့ရှိ မိုင်းဖျန်ဂိတ်နှင့် ဆီလူးဂိတ်၊ မိုင်းယုမြို့ရှိ မိုင်းယုတံတား၊ မိုင်းတုံ မြို့နယ်၊ ပုံပါကျင်မြို့နှင့် တာကွမ် ကျေးရွာတို့တွင် ဝင်/ထွက်သွားလာသော နိုင်ငံခြားသားများနှင့် မြန်မာနိုင်ငံသားခရီး သွားများအား Thermal Scan အပူချိန် တိုင်းကိရိယာနှင့် Digital Thermo Scan လက်ကိုင်အဖျားတိုင်း စက်တို့ဖြင့် ဇန်နဝါရီ ၂၇ ရက်မှ စတင်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
Image may contain: 1 person, standing
Source : .တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News
>>Zawgyi<<
နယ်စပ်ဝင်/ထွက်ပေါက် ရှစ်နေရာတွင် 2019 Novel Corona Virus ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး တပ်မတော်သားများ နှင့် ပူးပေါင်းအဖွဲ့များမှ စောင့်ကြပ်ကြည့်ရှု စစ်ဆေး
Friday ,January 31 , 2020

2019 Novel Corona Virusရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် တပ်မတော်သားများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် နယ်ဘက်ဆိုင်ရာပူးပေါင်းအဖွဲ့များက ယနေ့ တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ နယ်စပ် ဝင်/ထွက်ပေါက် ရှစ်နေရာတွင် စောင့်ကြပ် ကြည့်ရှုစစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ စစ်ဆေး ဆောင်ရွက်လျက်ရှိရာ တာချီလိတ်မြို့၊ အမှတ်(၁)ချစ်ကြည်ရေး တံတား၊ အမှတ်(၂)ချစ်ကြည်ရေး တံတားနှင့် ဝမ်ပုံဆိပ်ကမ်း၊ ကျိုင်းလပ်မြို့ရှိ ကျိုင်းလပ် တံတား၊ မိုင်းယန်းမြို့ရှိ မိုင်းဖျန်ဂိတ်နှင့် ဆီလူးဂိတ်၊ မိုင်းယုမြို့ရှိ မိုင်းယုတံတား၊ မိုင်းတုံ မြို့နယ်၊ ပုံပါကျင်မြို့နှင့် တာကွမ် ကျေးရွာတို့တွင် ဝင်/ထွက်သွားလာသော နိုင်ငံခြားသားများနှင့် မြန်မာနိုင်ငံသားခရီး သွားများအား Thermal Scan အပူချိန် တိုင်းကိရိယာနှင့် Digital Thermo Scan လက်ကိုင်အဖျားတိုင်း စက်တို့ဖြင့် ဇန်နဝါရီ ၂၇ ရက်မှ စတင်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
Source : .တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News

0 comments:

Post a Comment