Thursday, January 30, 2020

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)မှ Coronavirus ပြန့်ပွားခြင်းအား အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ကြေညာ

Image may contain: 1 person, suit, text that says 'World H Organiza'
Coronavirus ပြန့်ပွားခြင်းအား အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ(Public Health Emergency of International Concern/PEHIC)အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)ကကြေညာလိုက်သည်။

”ကျွန်တော်တို့ အထူးအလေးထားတဲ့အရေးကိစ္စကတော့ ကျန်းမာရေးစနစ်အားနည်းတဲ့ နိုင်ငံတွေဆီ ဆက်ပြီးမပြန့်ပွားရေးပါပဲ”ဟု WHO အဖွဲ့ကြီး၏ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ဇန်နဝါရီ ၃၀ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပသော အစည်းအဝေးတွင်ပြောကြားသည်။
သို့ရာတွင် ယခုကြေညာခြင်းသည် ဗိုင်းရပ်စ်ရှိနေသည့် ဒေသများနှင့် ကုန်သွယ်ခြင်း၊ ဆက်သွယ်မှုပြုလုပ်ခြင်းတို့ကို ကန့်သတ်ခြင်းမပါဝင်ဘဲ၊ ဆက်လက်မပြန့်ပွားရေးနှင့် ကာကွယ်ဆေးဖန်တီးနိုင်ရေးအတွက် အားလုံးပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်ကြရန်သာဖြစ်ကြောင်းသူကပြောသည်။
”ထပ်ပြီးမပြန့်ပွားဖို့အရေးကို ကျွန်တော်တို့အားလုံးအတူတကွဆောင်ရွက်ကြရမယ်။ … ကျွန်တော်တို့အားလုံး အတူတကွ ရပ်တန့်အောင်လုပ်ကြရမယ်”ဟုလည်းသူကပြောသည်။
Source: AFP #Myanmar_Online_News
>>Zawgyi<<
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)မှ Coronavirus ပြန့်ပွားခြင်းအား အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ကြေညာ
Friday ,January 31 , 2020
Coronavirus ပြန့်ပွားခြင်းအား အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ(Public Health Emergency of International Concern/PEHIC)အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)ကကြေညာလိုက်သည်။

”ကျွန်တော်တို့ အထူးအလေးထားတဲ့အရေးကိစ္စကတော့ ကျန်းမာရေးစနစ်အားနည်းတဲ့ နိုင်ငံတွေဆီ ဆက်ပြီးမပြန့်ပွားရေးပါပဲ”ဟု WHO အဖွဲ့ကြီး၏ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ဇန်နဝါရီ ၃၀ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပသော အစည်းအဝေးတွင်ပြောကြားသည်။
သို့ရာတွင် ယခုကြေညာခြင်းသည် ဗိုင်းရပ်စ်ရှိနေသည့် ဒေသများနှင့် ကုန်သွယ်ခြင်း၊ ဆက်သွယ်မှုပြုလုပ်ခြင်းတို့ကို ကန့်သတ်ခြင်းမပါဝင်ဘဲ၊ ဆက်လက်မပြန့်ပွားရေးနှင့် ကာကွယ်ဆေးဖန်တီးနိုင်ရေးအတွက် အားလုံးပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်ကြရန်သာဖြစ်ကြောင်းသူကပြောသည်။
”ထပ်ပြီးမပြန့်ပွားဖို့အရေးကို ကျွန်တော်တို့အားလုံးအတူတကွဆောင်ရွက်ကြရမယ်။ … ကျွန်တော်တို့အားလုံး အတူတကွ ရပ်တန့်အောင်လုပ်ကြရမယ်”ဟုလည်းသူကပြောသည်။
Source: AFP #Myanmar_Online_News

0 comments:

Post a Comment