Thursday, January 30, 2020

တောကောင်အရှင်ရောင်းသည့် ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်ပွားရာ ဝူဟန်မြို့မှ စျေး

Image may contain: outdoorImage may contain: 1 person
တရုတ်ပြည်ရှိ အသားငါးစျေးများတွင် ပုံမှန်အားဖြင့်တွေ့ရှိရသော ရောင်းကုန်များမှာ ဟင်းသီးဟင်းရွက်နှင့် အသင့်ခုတ်သင်ပြီး အမဲသား၊ ဝက်သား၊ သိုးသားများ၊ ငါးကန်ကြီးများအတွင်း ထည့်ထားသည့် ငါး၊ ကဏန်းအရှင်များ၊ အမွေးနုတ်ထားသော ကြက်ကောင်လုံးများဖြစ်သည်။ အချို့စျေးများတွင်မူ ပုံမှန် ရောင်းကုန်များထက် ပို၍စုံလင်စွာ ရောင်းချတတ်ပါသည်။ ထိုစျေးများတွင် မြွေ၊ လိပ်၊ ပုရစ်၊ ဖျံ၊ ကြောင် ကတိုး၊ မြေခွေးတို့သာမက ဝံပုလွေပေါက်လေးများကိုပင် အရှင်လတ်လတ်ရောင်းချကြသည်။

တရုတ်ပြည်မြို့ကြီးများတွင် ထိုသို့သောစျေးများကို အများအပြားတွေ့ရမည်ဖြစ်ပြီး နှစ် ၂ဝ အတွင်း ဒုတိယအကြိမ်မြောက် စိုးရိမ်ဖွယ်ရာ ကူးစက်ရောဂါပြန့်ပွားမှု စတည်ရာနေရာဖြစ်သည်။ လူသားနှင့် တောရိုင်းတိရစ္ဆာန်များ နီးနီးစပ်စပ်နေထိုင်ခြင်းက ကူးစက် ရောဂါ ဖြစ်ပေါ်ပြန့်ပွားစေတတ်သည်ဆိုခြင်းကို ပြသနေသည်။
ကိုရိုနာဗိုင်းရပ်စ် ရောဂါသစ်တမျိုးဖြစ်သည့် ကူးစက်မြန် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် တရုတ်နိုင်ငံတွင် သေဆုံးသူ ၁၃ဝ ကျော်ရှိလာပြီဖြစ်ပြီး ရောဂါကူးစက်ခံထားရသူ ၄၅ဝဝ ကျော်နှင့်ထပ်မံ၍ သံသယလူနာ ၇ဝဝဝ ကျော်အထိ ရှိနေသည်။ တရုတ်တွင်သာမက ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ စင်ကာပူ၊ နီပေါ၊ သြစတြေးလျ၊ ပြင်သစ်၊ ဂျာမနီ၊ ကနေဒါ၊ အမေရိကန်တို့သို့လည်း ကူစက်ပြန့်ပွားလျက်ရှိသည်။
ယခုတကြိမ် ဗိုင်းရပ်စ်ရောဂါစတင်ပြန့်ပွားသည့် နေရာမှာ တရုတ်နိုင်ငံအလယ်ပိုင်းရှိ ဝူဟန်မြို့မှ တောကောင်အရှင်များရောင်းချရာ ဟွာနန်းလက်ကားစျေးကြီးဖြစ်သည်။ တောကောင်ရောင်းချသည့် ရာနှင့်ချီသော စျေးဆိုင်များမှာ ပူးကပ်ပြွတ်သိပ်စွာ ရှိကြသည်။ ဟွာနန်းစျေးတွင် တိရစ္ဆာန်အရှင်ကို စားသုံးခါနီးမှ ချက်ချင်းသတ်ပေးသဖြင့် လတ်လတ်ဆတ်ဆတ်အသားစားရသည်ဟု အယူရှိသူ ဒေသခံများဖြင့် ကြက်ပျံမကျစည်ကားရာ စျေးကြီးဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုသည် ၂ဝ၁၉ ဒီဇင်ဘာလကုန်ပိုင်းတွင် စတင်ဖြစ်ပွားခဲ့ပြီး ၂ဝ၂ဝ ဇန်နဝါရီ ၁ ရက်နေ့တွင် အစိုးရက ဟွာနန်းစျေးကို အကန့်အသတ်မရှိ ပိတ်ပစ်ခဲ့သည်။ ဆက်လက်ပြီး ဇန်နဝါရီ ၂၂ ရက်တွင် အသားငါးစျေးများတွင် တိရစ္ဆာန်အရှင်ရောင်းချခြင်းကို ဝူဟန်အာဏာပိုင်များက တားမြစ်ခဲ့သည်။
တောကောင်ဆိုင်အများအပြားရှိရာ ဟွာနန်းစျေးအနောက်ဘက်ဇုန်မှ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိရသော နမူနာပုံစံ ၃၃ ခုကို တရုတ်ကူးစက်ရောဂါပြန့်ပွားမှု တားဆီးနှိမ်နင်းရေးဌာနက ကောက်ယူရရှိခဲ့သည်။
''လူသားတွေ မတွေ့ကြုံဖူးသေးတဲ့ ရောဂါဆန်းတွေက အဲဒီနေရာတွေက စတာပဲ''ဟု Eco Health Alliance သုတေသနအဖွဲ့မှ ဒုဥက္ကဋ္ဌဖြစ်သူ ဇီဝဗေဒပညာရှင် Kevin J. Olival က ပြောသည်။
ရောဂါဖြစ်ပွားစေသည့် ပဋိပစ္စည်း မည်သို့စတင် ဖြစ်ပေါ်လာသည်ဆိုခြင်းကို စမ်းသပ်ဖော်ထုတ်နိုင်ခြင်း မရှိသေးသော်လည်း ၂ဝဝ၂ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည့် SARS ခေါ် အသက်ရှူလမ်းကြောင်း ရောဂါနှင့် ဆင်တူကြောင်း အစိုးရအရာရှိကြီးများနှင့် သိပ္ပံပညာရှင်များက ပြောသည်။ SARS ရောဂါကြောင့် ကမ္ဘာနှင့် အဝန်းတွင် လူ ၈ဝဝ နီးပါး အသက်ဆုံးရှုံးခဲ့ရသည်။
လက်ရှိအချိန်တွင် တရုတ်အစိုးရက ရောဂါပြန့်ပွားမှုကိုသာမက အများပြည်သူ၏ အမျက်ဒေါသကိုလည်း ထိန်းချုပ်ရန် ကြိုးပမ်းနေသည်။ တောကောင်ရောင်းဝယ်ဖောက်ကားမှုအပေါ် ပိုမိုစည်းကြပ်ရန် သော်လည်းကောင်း၊ ပိတ်ပင်ရန်သော်လည်းကောင်း တောင်းဆိုသံများ ကျယ်လောင်လာနေသည်။ ထို့ပြင် SARS ရောဂါကူးစက်ပြန့်ပွားမှုဖြစ်ပွားပြီး ၁၇ နှစ်ကြာသည့်တိုင် ထိုကိစ္စနှင့်ပတ်သက်၍ လောက်လောက်လားလား အပြောင်းအလဲမရှိခြင်းအပေါ်တွင်လည်း မေးခွန်းထုတ်မှုများ ထွက်ပေါ်လာနေသည်။
SARS ဗိုင်းရပ်စ်ပိုးသည် လင်းနို့မှတဆင့် ကြောင်ကတိုးသို့ကူးစက်ပြီး ထိုမှတဆင့် တောကောင် ရောင်းဝယ်ဖောက်ကားသူများထံ ကူးစက်ခဲ့ခြင်းဖြစ်သည်။ ကြောင်ကတိုးသားကို အထူးသဖြင့် တရုတ် ပြည်တောင်ပိုင်းတွင် အမြတ်တနိုးစားသုံးကြသည်။ လက်ရှိဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်သည် လည်း လင်းနို့တွင် စတင်ဖြစ်ပွားပြီးမှ အခြားနို့တိုက်သတ္တဝါတခုခုသို့ ကူးစက်သွားခြင်းဖြစ်နိုင်ကြောင်း ယူဆချက်များ ရှိနေသည်။ သို့သော် ယူဆချက်ကို အတည်မပြုနိုင်သေးချေ။
တရုတ်စားသောက်ဆိုင်များတွင် လိပ်သား၊ တောဝက်သားမှာ အထူးအဆန်းမဟုတ်သော်လည်း တောကောင်များဖြစ်သည့် ကြောင်ကတိုးသား၊ မြွေသား၊ သင်းခွေချပ်သားများမှာ စျေးကြီးသော အထူး ဟင်းလျာများဖြစ်သည်။ တောကောင်အထူးအဆန်းများသည် သူဌေးသားအစာဖြစ်သည့်အပြင် ကျန်းမာ ရေးကောင်းသည်ဟူသော ယူဆချက်ကလည်းရှိ သဖြင့် စားသုံးကြခြင်းဖြစ်သည်။
ယခုနောက်ဆုံး ကူးစက်ရောဂါပြန့်ပွားမှုကြောင့် တရုတ်အာဏာပိုင်များအနေဖြင့် တောကောင်ရောင်းဝယ် ဖောက်ကားမှုကို ပိုမိုကောင်းမွန်စွာထိန်းချုပ် စည်းကြပ်ရန်နှင့် ရှားပါးတိရစ္ဆာန်စားသုံးသည့် အလေ့အထများကို ရပ်တန့်ရန် ပြည်တွင်းရော ပြည်ပမှပါ တောင်းဆိုမှုများရှိလာသည်။ တရုတ်လူမှုကွန်ရက်ဖြစ်သည့် Weibo ပေါ်တွင် တောကောင်စားသုံးမှုဆန့် ကျင်ရေးကမ်ပိန်း ဗီဒီယိုတခုတက်လာရာ အချိန်တိုအတွင်း ကြည့်ရှုမှုကြိမ်ရေ ၄၅ သန်းအထိ ရှိခဲ့သည်။
တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(WCS)ကလည်း တရုတ်ပြည်ရှိ စျေးများသာမက တောကောင်ရောင်းဝယ်ခြင်းကို တကမ္ဘာလုံးအတိုင်းအတာဖြင့် တားဆီးပိတ်ပင်ရန် တောင်းဆို တိုက်တွန်းထားသည်။
တရုတ်စျေးများတွင် ရရှိနိုင်သောတောကောင် အမျိုးအစားများမှာ အံ့အားသင့်ဖွယ်ကောင်းအောင် များပြားကြောင်း၊ လူသူထူထပ်သည့်စျေးအတွင်း တိရစ္ဆာန်များကို လှောင်အိမ်ငယ်လေးများတွင် ပိတ် လှောင်ရောင်းချသည့် စျေးဆိုင်များ နီးနီးကပ်ကပ်ရှိနေခြင်းက ဗိုင်းရပ်စ်ရောဂါးပိုးအသစ်များအစပျိုး ပေါက်ဖွားရန်အတွက် ဓာတ်ခွဲခန်းသဖွယ်ဖြစ်လျက်ရှိ ကြောင်း WCS မှ အမှုဆောင်ဒါရိုက်တာတဦးဖြစ်သူ Christian Walzer က ပြောသည်။
ယမန်နှစ်က အာဖရိကဝက်တုပ်ကွေးကြောင့် တရုတ်ပြည်တွင် ဝက်ကောင်ရေ ၄ဝ ရာခိုင်နှုန်းခန့်ကို သုတ်သင်ခဲ့ပြီးနောက် စားနပ်ရိက္ခာအတွက် စိုးရိမ်ပူပန် မှုများမြင့်တက်ခဲ့သည်။ ကြက်၊ ဝက်မွေးမြူရေး လုပ်ငန်းများမှာ တောကောင်ရောင်းဝယ်မှုထက်ပင် စည်းကမ်းတင်းကျပ်သည်။ ရောဂါကူးစက်ပြန့်ပွားမှု များဖြစ်ပေါ်လျှင်လည်း အကြောင်းအရင်းကို အလျင်အမြန်ရှာဖွေသိရှိနိုင်သည်။
တောင်ရိုင်းတိရစ္ဆာန်များနှင့်ပတ်သက်လျှင် စည်းကြပ်မှုလျော့ရဲခြင်းက တောကောင်စျေးကွက် ရှင်သန်အားကောင်းနေခြင်း၏ အကြောင်းရင်းတရပ်ဖြစ်သည်ဟု Christian Walzer က ပြောသည်။
တရုတ်အွန်လိုင်းစျေးဝယ် ဝက်ဘ်ဆိုက်တခုဖြစ်သည့် Taobao ပေါ်တွင် တောကောင်အမျိုးစုံ ဝယ်ယူရရှိနိုင်သည်။ ကြောင်ကတိုးတကောင်လျှင် ၂၁၅ ဒေါ်လာ၊ မိချောင်းတကောင်လျှင် ဒေါ်လာ ၅ဝဝ နှင့် ဖြူတကောင်လျှင် ၁၁၅ ဒေါ်လာ
စသဖြင့် အသီးသီး စျေးပေါက်သည်။

ဝူဟန်ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ ဟွာနန်းစျေးတွင်ရောင်းချသော တောကောင်အမျိုးအစားစာရင်းကို အာဏာပိုင်များက တရားဝင်ထုတ်ပြန်ခြင်းမရှိသော်လည်း ဆိုင်တဆိုင်တွင်ရရှိနိုင်သော တောကောင်နှင့် စျေးနှုန်းစာရင်းစာရွက်ဓာတ်ပုံတခု လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။
တရုတ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးလျင်မြန်စွာ ကူးစက်ပြန့်ပွားနေသည့်ကြားမှ ဂွမ်ဒေါင်းပြည်နယ် ချင်ယွမ်းမြို့ရှိစျေးတခုတွင် တောကောင်များရောင်းချနေဆဲဖြစ်ကြောင်းကို ဟောင်ကောင်ရုပ်သံ သတင်းဌာနဖြစ်သည့် I-Cable News Chan-nel က သတင်းတပုဒ်ထုတ်လွှင့်ခဲ့သည်။
''တောကောင်စားလို့ ကူးစက်ရောဂါပြန့်ပွားတယ်ဆိုတာ ခင်ဗျားသေချာလို့လား။ ဒါဟာ တရားဝင် လုပ်ငန်းဖြစ်ပါတယ်။ ဥပဒေနဲ့အညီ လုပ်တာပါ''ဟု ဝူဟန်ပြည်နယ် အနောက်ဘက်မိုင် ၁၈ဝ ခန့်အကွာရှိ ယီချန်းမြို့ရှိ တောကောင်ရောင်းချသည့်လုပ်ငန်းမှ မန်နေဂျာဖြစ်သူကျန်မင်းက ပြောသည်။
သူသည် တောကောင်ရောင်းချမှုကို အာဏာပိုင်များက တားမြစ်မိန့်မထုတ်မီအချိန်အထိ ဖြူကောင်၊ ကြောင်ကတိုးနှင့် ပူးများကို ဆက်လက်ရောင်းချနေခဲ့သည်။
လက်ရှိအချိန်တွင် တရုတ်အစိုးရက ဝူဟန်မြို့ကို ပိတ်ထားသည်။ လူရွေ့လျားမှုကို မထိန်းချုပ်နိုင်ပါက ကမ္ဘာ့အဆင့်ကပ်ရောဂါပြဿနာဖြစ်လာမည့် အန္တရာယ်ရှိကြောင်း သုတေသီများကပြောသည်။
''ကမ္ဘာ့ကပ်ရောဂါအဆင့် ရောက်လာနိုင်ခြေရှိတဲ့အတွက် ကြိုတင်ပြင်ဆင်ထားရပါမယ်။ အခြေအနေ ဆိုးလာရင် လူတွေရွေ့လျားသွားလာမှုကို ထိန်းချုပ်တာမျိုး အရေးပေါ်အစီအမံတွေ လုပ်သင့်လုပ်ရ ပါလိမ့်မယ်''ဟု ဒေါက်တာ Gabriel Leung က ပြောသည်။

ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး ရောဂါလက္ခဏာ ချက်ချင်းမပြခြင်းကြောင့် ထပ်ဆင့်ပြန့်ပွားမှုအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်လျက်ရှိသည်။Imperial College London မှ သုတေသီများက ကမ္ဘာနှင့်အဝန်း ကူးစက်ခံထားရသူဦးရေမှာ ၁ သိန်းဝန်းကျင် အထိရှိနိုင်ကြောင်း ပြောသည်။
''ဒီကိန်းဂဏန်းတွေက တကယ်ကြောက်စရာ ကောင်းပါတယ်''ဟု Leeds တက္ကသိုလ်မှ ပါမောက္ခ Mark Harris က ပြောသည်။
သို့သော် စိတ်သက်သာစရာအချက်မှာ ကူးစက်ခံရသူများ၏ ၅ ရာခိုင်နှုန်းခန့်တွင်သာ ရောဂါလက္ခဏာပြပြီး ၉၅ ရာခိုင်နှုန်းတွင် ဗိုင်းရပ်စ်ကူးစက်ခံရခြင်းကို သတိပင်မပြုမိသည်အထိ အပျော့စားလက္ခာဏာများသာ ခံစားရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
Image may contain: 2 people, people sitting and food
Image may contain: one or more people
No photo description available.
Image may contain: one or more people, people sitting and food
No photo description available.
Image may contain: one or more people and child
Image may contain: one or more people and food
Image may contain: 2 people, outdoor
Image may contain: food
Image may contain: one or more people
Image may contain: 2 people, people standing and child
Image may contain: 1 person
Image may contain: 4 people, crowd and outdoor
Image may contain: one or more people, people standing and outdoor
Ref ; The New York Times #Myanmar_Online_News
>>Zawgyi<<
တောကောင်အရှင်ရောင်းသည့် ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်ပွားရာ ဝူဟန်မြို့မှ စျေး
Friday ,January 31 , 2020

0 comments:

Post a Comment