Thursday, January 30, 2020

ဝူဟန်မြို့မှ အမေရိကသို့ ပြန်ရောက်လာသည့် ထွက်ပြေးရန်ကြိုးစားသည့် အမေရိကန်နိုင်ငံသားကို သီးခြားခွဲပြီး ထိန်းသိမ်းထား

Image may contain: sky, airplane and outdoor

ဝူဟန်မြို့ကနေ အမေရိကန်ပြည်ထောင်စုကို ပြန်ရောက်လာတဲ့ လေယာဉ်ထဲက အမေရိကန် နိုင်ငံသားတစ်ယောက်ဟာ ထွက်ပြေးဖို့ ကြိုးစားတာကြောင့် သီးခြားခွဲပြီး ထိန်းသိမ်းထားတယ်လို့ တာဝန်ရှိသူတွေက အခုလ ၃၀ ရက်နေ့မှာအတည် ပြုပါတယ်။

ဝူဟန်က ပြန်လာပြီး လော့စ် အိန်ဂျလိစ်နားမြို့နားက မာ့ချ် အရန်လေတပ်စခန်းမှာ ဆင်းသက်ခဲ့တဲ့ အမေရိကန် စစ်သုံး ကုန်တင်လေယာဉ်ပေါ်မှာ အမေရိကန် နိုင်ငံသား ၁၉၅ ယောက် ပါလာတာပါ။ သူတို့ကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရှိ သလားဆိုတာ ကို စစ်ဆေးဖို့ ၇၂ နာရီ စောင့်ကြည့်ကာလ စတင်ချိန်မှာ အဲဒီတစ်ယောက်က ခိုးထွက်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
ဝူဟန်ဗိုင်းရပ်စ်ဟာ ကူးစက်ပြီး ၁၄ ရက်အတွင်း လက္ခဏာမပြတာမျိုး ရှိတတ်ပါတယ်။ ဒါကြောင့် အခု ပြန်ရောက်လာကြ သူတွေအကုန်လုံး အဲဒီ လေတပ်စခန်းမှာ ၁၄ ရက် နေရဦးမယ်လို့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
Source: Reuters
<zawgyi>
ဝူဟန်မြို့မှ အမေရိကသို့ ပြန်ရောက်လာသည့် ထွက်ပြေးရန်ကြိုးစားသည့် အမေရိကန်နိုင်ငံသားကို သီးခြားခွဲပြီး ထိန်းသိမ်းထား
Friday ,January 31 , 2020

ဝူဟန်မြို့ကနေ အမေရိကန်ပြည်ထောင်စုကို ပြန်ရောက်လာတဲ့ လေယာဉ်ထဲက အမေရိကန် နိုင်ငံသားတစ်ယောက်ဟာ ထွက်ပြေးဖို့ ကြိုးစားတာကြောင့် သီးခြားခွဲပြီး ထိန်းသိမ်းထားတယ်လို့ တာဝန်ရှိသူတွေက အခုလ ၃၀ ရက်နေ့မှာအတည် ပြုပါတယ်။
ဝူဟန်က ပြန်လာပြီး လော့စ် အိန်ဂျလိစ်နားမြို့နားက မာ့ချ် အရန်လေတပ်စခန်းမှာ ဆင်းသက်ခဲ့တဲ့ အမေရိကန် စစ်သုံး ကုန်တင်လေယာဉ်ပေါ်မှာ အမေရိကန် နိုင်ငံသား ၁၉၅ ယောက် ပါလာတာပါ။ သူတို့ကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရှိ သလားဆိုတာ ကို စစ်ဆေးဖို့ ၇၂ နာရီ စောင့်ကြည့်ကာလ စတင်ချိန်မှာ အဲဒီတစ်ယောက်က ခိုးထွက်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
ဝူဟန်ဗိုင်းရပ်စ်ဟာ ကူးစက်ပြီး ၁၄ ရက်အတွင်း လက္ခဏာမပြတာမျိုး ရှိတတ်ပါတယ်။ ဒါကြောင့် အခု ပြန်ရောက်လာကြ သူတွေအကုန်လုံး အဲဒီ လေတပ်စခန်းမှာ ၁၄ ရက် နေရဦးမယ်လို့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
Source: Reuters

0 comments:

Post a Comment