COVID-19 အတည်ပြုလူနာ ချန်းရီဖိနပ်စက်ရုံတွင် စက်ပြင်စကားပြန်အဖြစ်လုပ်ကိုင်ခဲ့သူ လူနာ အမှတ် ၁၄၄ သည် နေရပ် မိုးညှင်းသို့ပြန်လာခြင်း၊ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ခြင်း အစရှိသည့်ဖြစ်စဉ်တို့နှင့်ပတ်သက်၍ တည်ဆဲဥပဒေများနှင့် ညီ/မညီ အစိုးရအနေဖြင့် သေချာစွာစိစစ်ရန် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) က ဧပြီလ ၂၆ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။