Monday, April 27, 2020

မြောက်ဦးမြို့ရှိ နယ်မြေခံရဲတပ်ရင်း၌ တာဝန် ထမ်းဆောင်နေသည့် ရဲတပ်သားတစ်ဦးအား AA အကြမ်းဖက်သောင်းကျန်းသူများက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်

Image may contain: text
ရခိုင်ပြည်နယ်၊မြောက်ဦးမြို့ရှိ နယ်မြေခံရဲတပ်ရင်း၌ တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သား ၁ ဦးအား အကြမ်းဖက်သောင်းကျန်းသူများက အတင်းအဓမ္မ ဖမ်းဆီးခေါ် ဆောင်သွားကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မြောက်ဦးမြို့ရှိ နယ်မြေခံရဲတပ်ရင်း၌ တာဝန်ထမ်းဆောင်နေသည့် ရဲဒုတိယတပ်ကြပ် ၁ ဦးနှင့် ရဲတပ်သား ၂ ဦးတို့သည် ဧပြီ ၂၆ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် မြောက်ဦးမြို့သို့ စျေးဝယ်ရန်သွားရောက်ခဲ့ပြီး ပြန်လည်ထွက်ခွာလာရာ ရတနာ့မာန်အောင် ဘုရားလမ်းရှိ သီဟိုဠ်ခြံအနီးသို့ အရောက်၌ အရပ်ဝတ်များဝတ်ဆင်ထားသော တုတ်၊ ဓားများ ကိုင်ဆောင်ထားသည့် AA အကြမ်းဖက်သောင်းကျန်းသူ ၈ ဦးက ဝိုင်းရံဖမ်းဆီးခဲ့သဖြင့် ရဲ တပ်သားတစ်ဦး အတင်းအဓမ္မဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် လုံခြုံရေးစခန်းများ၊ ရဲကင်းစခန်း များအား လုံခြံုရေးတပ်ဖွဲ့ဝင်များအသွင်၊ အရပ်သားများအသွင်ဖြင့် အယောင်ဆောင်ကာ အလစ်အငိုက် ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ဒေသအတွင်း အေးချမ်းစွာနေထိုင်လုပ်ကိုင် လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူ များအား ယခုကဲ့သို့ မကြာခဏ ဖမ်းဆီးခေါ်ဆောင်သည့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူအား ပြန်လည်ရရှိရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လိုအပ်သည့် နယ်မြေလုံခြံုရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Source : တပ်မတော် #Myanmar_Online_News
>>Zawgyi<<
မြောက်ဦးမြို့ရှိ နယ်မြေခံရဲတပ်ရင်း၌ တာဝန် ထမ်းဆောင်နေသည့် ရဲတပ်သားတစ်ဦးအား AA အကြမ်းဖက်သောင်းကျန်းသူများက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်


ရခိုင်ပြည်နယ်၊မြောက်ဦးမြို့ရှိ နယ်မြေခံရဲတပ်ရင်း၌ တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သား ၁ ဦးအား အကြမ်းဖက်သောင်းကျန်းသူများက အတင်းအဓမ္မ ဖမ်းဆီးခေါ် ဆောင်သွားကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မြောက်ဦးမြို့ရှိ နယ်မြေခံရဲတပ်ရင်း၌ တာဝန်ထမ်းဆောင်နေသည့် ရဲဒုတိယတပ်ကြပ် ၁ ဦးနှင့် ရဲတပ်သား ၂ ဦးတို့သည် ဧပြီ ၂၆ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် မြောက်ဦးမြို့သို့ စျေးဝယ်ရန်သွားရောက်ခဲ့ပြီး ပြန်လည်ထွက်ခွာလာရာ ရတနာ့မာန်အောင် ဘုရားလမ်းရှိ သီဟိုဠ်ခြံအနီးသို့ အရောက်၌ အရပ်ဝတ်များဝတ်ဆင်ထားသော တုတ်၊ ဓားများ ကိုင်ဆောင်ထားသည့် AA အကြမ်းဖက်သောင်းကျန်းသူ ၈ ဦးက ဝိုင်းရံဖမ်းဆီးခဲ့သဖြင့် ရဲ တပ်သားတစ်ဦး အတင်းအဓမ္မဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် လုံခြုံရေးစခန်းများ၊ ရဲကင်းစခန်း များအား လုံခြုံရေးတပ်ဖွဲ့ဝင်များအသွင်၊ အရပ်သားများအသွင်ဖြင့် အယောင်ဆောင်ကာ အလစ်အငိုက် ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ဒေသအတွင်း အေးချမ်းစွာနေထိုင်လုပ်ကိုင် လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူ များအား ယခုကဲ့သို့ မကြာခဏ ဖမ်းဆီးခေါ်ဆောင်သည့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူအား ပြန်လည်ရရှိရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လိုအပ်သည့် နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Source : တပ်မတော် #Myanmar_Online_News

0 comments:

Post a Comment