Monday, April 27, 2020

မိုးသက်လေပြင်းတိုက်ခတ်မှုများကြောင့် ဆိပ်ဖြူမြို့နယ်နှင့် အုတ်တွင်းမြို့နယ်အတွင်းရှိ နေအိမ်များ ပျက်စီးခဲ့သဖြင့် တပ်မတော်သားများမှ ပြန်လည်တည်ဆောက်ပေး

Image may contain: one or more people and outdoor

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်အတွင်း ဧပြီ ၂၆ ရက် ညနေပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် မြိ့ပေါ်ရပ်ကွက်များ၊ အရှေ့ကံတွင်းကျေးရွာနှင့် ကုန်းရွာ ကျေးရွာတို့ရှိ နေအိမ်အချို့ နှင့် စာသင်ကျောင်းများ ပြိုကျပျက်စီးခြင်း၊ အမိုးများလန်ခြင်းနှင့် သစ်ပင်သစ်ကိုင်းများ ကျိုးကျခြင်းတို့ဖြစ်ပေါ်ခဲ့ရာ ဧပြီ(၂၇ )ရက်နေ့တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်း၊ ပြန်လည်အသုံးပြုနိုင်သည့် ပစ္စည်းများအား ဆယ်တင်ပေးခြင်း၊ သန့်ရှင်းရေးပြုလုပ်ပေးခြင်း နှင့် အမိုးများ ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ပေးသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၌ ည ၈ နာရီ ၅၅ မိနစ်တွင် မိုးသက်လေပြင်းများ တိုက်ခတ်၍ မိုးသည်းထန်စွာရွာသွန်း မှုကြောင့် ကျွဲပွဲမြို့ရှိ နေအိမ် ၁၂၃ လုံး အမိုးလန်ပျက်စီးခြင်းနှင့် ပြိုကျပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ရာ ဧပြီ(၂၇ )ရက်နေ့တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အုတ်တွင်းတပ်နယ်မှ တပ်မတော်သားများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ပြိုကျပျက်စီးမှုများနှင့် အမိုးလန်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အမှတ်(၅) ရပ် ကွက်၊ မြို့စိုးကျေးရွာတွင် နေအိမ် ၂၂ လုံး၊ အမှတ်(၁)ရပ်ကွက်၊ ခင်ကြီးပိုင်းတွင် နေအိမ် ၄၂ လုံး၊ အမှတ်(၂) ရပ်ကွက်၊ ဓမ္မာရုံပိုင်းတွင် နေအိမ် ၂၀ လုံး၊ အမှတ်(၃)ရပ်ကွက်၊ ဈေးပိုင်းတွင် နေအိမ် ၅ လုံးနှင့် အမှတ်(၄)ရပ် ကွက်၊ မင်းဂံရိုးတွင် နေအိမ် ၃၄ လုံးတို့ကို တပ်မတော်သားများက အမိုးလန်သွပ်များ၊ သစ်များဆယ်တင်ခြင်း၊ ပစ္စည်းများ ကူညီရွှေ့ပြောင်းပေးခြင်းနှင့် လဲကျနေသော သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင် ရှင်းလင်းပေးခြင်းများ ဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။
Image may contain: tree, outdoor and nature
သတင်းစဉ်
<zawgyi>
မိုးသက်လေပြင်းတိုက်ခတ်မှုများကြောင့် ဆိပ်ဖြူမြို့နယ်နှင့် အုတ်တွင်းမြို့နယ်အတွင်းရှိ နေအိမ်များ ပျက်စီးခဲ့သဖြင့် တပ်မတော်သားများမှ ပြန်လည်တည်ဆောက်ပေး
Tuesday, April 28, 2020

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်အတွင်း ဧပြီ ၂၆ ရက် ညနေပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် မြိ့ပေါ်ရပ်ကွက်များ၊ အရှေ့ကံတွင်းကျေးရွာနှင့် ကုန်းရွာ ကျေးရွာတို့ရှိ နေအိမ်အချို့ နှင့် စာသင်ကျောင်းများ ပြိုကျပျက်စီးခြင်း၊ အမိုးများလန်ခြင်းနှင့် သစ်ပင်သစ်ကိုင်းများ ကျိုးကျခြင်းတို့ဖြစ်ပေါ်ခဲ့ရာ ဧပြီ(၂၇ )ရက်နေ့တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်း၊ ပြန်လည်အသုံးပြုနိုင်သည့် ပစ္စည်းများအား ဆယ်တင်ပေးခြင်း၊ သန့်ရှင်းရေးပြုလုပ်ပေးခြင်း နှင့် အမိုးများ ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ပေးသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၌ ည ၈ နာရီ ၅၅ မိနစ်တွင် မိုးသက်လေပြင်းများ တိုက်ခတ်၍ မိုးသည်းထန်စွာရွာသွန်း မှုကြောင့် ကျွဲပွဲမြို့ရှိ နေအိမ် ၁၂၃ လုံး အမိုးလန်ပျက်စီးခြင်းနှင့် ပြိုကျပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ရာ ဧပြီ(၂၇ )ရက်နေ့တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အုတ်တွင်းတပ်နယ်မှ တပ်မတော်သားများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ပြိုကျပျက်စီးမှုများနှင့် အမိုးလန်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အမှတ်(၅) ရပ် ကွက်၊ မြို့စိုးကျေးရွာတွင် နေအိမ် ၂၂ လုံး၊ အမှတ်(၁)ရပ်ကွက်၊ ခင်ကြီးပိုင်းတွင် နေအိမ် ၄၂ လုံး၊ အမှတ်(၂) ရပ်ကွက်၊ ဓမ္မာရုံပိုင်းတွင် နေအိမ် ၂၀ လုံး၊ အမှတ်(၃)ရပ်ကွက်၊ ဈေးပိုင်းတွင် နေအိမ် ၅ လုံးနှင့် အမှတ်(၄)ရပ် ကွက်၊ မင်းဂံရိုးတွင် နေအိမ် ၃၄ လုံးတို့ကို တပ်မတော်သားများက အမိုးလန်သွပ်များ၊ သစ်များဆယ်တင်ခြင်း၊ ပစ္စည်းများ ကူညီရွှေ့ပြောင်းပေးခြင်းနှင့် လဲကျနေသော သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင် ရှင်းလင်းပေးခြင်းများ ဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။
သတင်းစဉ်

0 comments:

Post a Comment