Monday, April 27, 2020

ကိုဗစ်ရောဂါရှာဖွေရေးစက် COBAS 6800 များသည် တပ်မတော်တွင် အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးနှင့် HIV ပိုးစစ်ရန် ကိုဗစ်မဖြစ်မီကပင် ဝယ်ယူခဲ့ခြင်းဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြော

Image may contain: one or more people, people sitting, table and indoor

ကိုဗစ်ရောဂါရှာဖွေရေး အလိုအလျောက်စနစ်သုံး COBAS 6800 စက်နှစ်လုံးကို တပ်မတော်တွင် အသည်းရောင်အသည်းဝါ ဘီပိုး၊ စီပိုးနှင့် HIV ရောဂါးပိုးများစစ်ရန် ကိုဗစ်မဖြစ်မီကပင် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဧပြီလ ၂၇ ရက်နေ့ နေ့လယ်ပိုင်းတွ၍် နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) တွင် ကိုဗစ်ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာ လိုအပ်ချက်များဆောင်ရွက်ပေးရေး ပဉ္စမအကြိမ် မြောက် အစည်းအဝေး အဖွင့်မိန်းခွန်းပြောကြားရာတွင် တပ်မတော်ကာကယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါစက်များကို တပ်မတော်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်ကာ အသည်းရောင်အသည်းဝါ ဘီပိုး၊ စီပိုးနှင့် HIV ရောဂါပိုးများကို တိကျမှန်ကန်စွာစစ်ဆေးနိုင်ရန် ရည်ရွယ်ပြီး တပ်မ တော်သားများတွင် အဆိုပါရောဂါပိုးများ ရှိပါက စစ်မှုထမ်းဆောင်ခြင်းမပြုခိုင်းကြောင်း ၎င်းကရှင်းပြ သည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ကိုဗစ်ရောဂါပိုးစတင်ဖြစ်ပွားပြီး ၂၀၁၉ ခုနှစ် မတ်လတွင်မှ အဆိုပါ COBAS 6800 စက်များသည် ကိုဗစ်ရောဂါပိုးကို စစ်ဆေးနိုင်ကြောင်း သိရှိရသောကြောင့် လိုအပ်သည့် အထောက် အကူပြုပစ္စည်း Reagent များကို ဝယ်ယူရန်ကြိုးစားခဲ့သော်လည်း ကမ္ဘာ့အနှံ့အပြားက ဝယ်ယူမှုကြောင့် ဧပြီလ တတိယပတ်မှသာ လူနှစ်ထောင်စာ ရောက်ရှိခဲ့ကြောင်း ၎င်းကဆိုသည်။
ဧပြီလ ၂၃ ရက်တွင် ကိုဗစ်ရောဂါပိုးရှာဖွေမှုကို အဆိုပါစက်များဖြင့် အောင်မြင်စွာစမ်းသပ်နိုင်ခဲ့မှုကြောင့် ပြည်သူများထံ အသိပေးခဲ့ပြီး လူနှစ်သောင်းစာ Reagent များကိုလည်း ထပ်မံမှာယူထားကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းကပင် တပ်မတော်တွင် ကိုဗစ်ရောဂါစစ်သည့် စက်များရှိသော်လည်း ပြည်သူများသို့ စောလျင်စွာကြေညာခြင်းမရှိဟုဆိုကာ ပြည်သူများအကြားတွင် ဝေဖန်မှုများထွက်ပေါ်လျက်ရှိသည်။
ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်ကပင် ယခုကိစ္စနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက COBAS 6800 စက်နှင့်ပတ်သက်၍ ရှင်းလင်းခဲ့ပြီး ယခုအခါ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
Ref ; The Voice Journal
<zawgyi>
ကိုဗစ်ရောဂါရှာဖွေရေးစက် COBAS 6800 များသည် တပ်မတော်တွင် အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးနှင့် HIV ပိုးစစ်ရန် ကိုဗစ်မဖြစ်မီကပင် ဝယ်ယူခဲ့ခြင်းဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော
Tuesday, April 28, 2020

ကိုဗစ်ရောဂါရှာဖွေရေး အလိုအလျောက်စနစ်သုံး COBAS 6800 စက်နှစ်လုံးကို တပ်မတော်တွင် အသည်းရောင်အသည်းဝါ ဘီပိုး၊ စီပိုးနှင့် HIV ရောဂါးပိုးများစစ်ရန် ကိုဗစ်မဖြစ်မီကပင် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ဧပြီလ ၂၇ ရက်နေ့ နေ့လယ်ပိုင်းတွ၍် နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) တွင် ကိုဗစ်ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာ လိုအပ်ချက်များဆောင်ရွက်ပေးရေး ပ ဉ္စမအကြိမ် မြောက် အစည်းအဝေး အဖွင့်မိန်းခွန်းပြောကြားရာတွင် တပ်မတော်ကာကယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါစက်များကို တပ်မတော်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်ကာ အသည်းရောင်အသည်းဝါ ဘီပိုး၊ စီပိုးနှင့် HIV ရောဂါပိုးများကို တိကျမှန်ကန်စွာစစ်ဆေးနိုင်ရန် ရည်ရွယ်ပြီး တပ်မ တော်သားများတွင် အဆိုပါရောဂါပိုးများ ရှိပါက စစ်မှုထမ်းဆောင်ခြင်းမပြုခိုင်းကြောင်း ၎င်းကရှင်းပြ သည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ကိုဗစ်ရောဂါပိုးစတင်ဖြစ်ပွားပြီး ၂၀၁၉ ခုနှစ် မတ်လတွင်မှ အဆိုပါ COBAS 6800 စက်များသည် ကိုဗစ်ရောဂါပိုးကို စစ်ဆေးနိုင်ကြောင်း သိရှိရသောကြောင့် လိုအပ်သည့် အထောက် အကူပြုပစ္စည်း Reagent များကို ဝယ်ယူရန်ကြိုးစားခဲ့သော်လည်း ကမ္ဘာ့အနှံ့အပြားက ဝယ်ယူမှုကြောင့် ဧပြီလ တတိယပတ်မှသာ လူနှစ်ထောင်စာ ရောက်ရှိခဲ့ကြောင်း ၎င်းကဆိုသည်။
ဧပြီလ ၂၃ ရက်တွင် ကိုဗစ်ရောဂါပိုးရှာဖွေမှုကို အဆိုပါစက်များဖြင့် အောင်မြင်စွာစမ်းသပ်နိုင်ခဲ့မှုကြောင့် ပြည်သူများထံ အသိပေးခဲ့ပြီး လူနှစ်သောင်းစာ Reagent များကိုလည်း ထပ်မံမှာယူထားကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းကပင် တပ်မတော်တွင် ကိုဗစ်ရောဂါစစ်သည့် စက်များရှိသော်လည်း ပြည်သူများသို့ စောလျင်စွာကြေညာခြင်းမရှိဟုဆိုကာ ပြည်သူများအကြားတွင် ဝေဖန်မှုများထွက်ပေါ်လျက်ရှိသည်။
ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်ကပင် ယခုကိစ္စနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက COBAS 6800 စက်နှင့်ပတ်သက်၍ ရှင်းလင်းခဲ့ပြီး ယခုအခါ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
Ref ; The Voice Journal

0 comments:

Post a Comment