Monday, April 27, 2020

စျေးချိုတော်ရှိ ဆေးဝါးနှင့် အစားအသောက်ရောင်းချသည့် စျေးဆိုင်များမှ ပစ္စည်းများသယ်ယူရန် ခွင့်ပြုပေး

Image may contain: one or more people, people standing, child and outdoor

COVID-19 ရောဂါကြောင့် မန္တလေးအဆင့်မြင့်စျေးချိုတော်အား ပိတ်ထားရာ စျေးသူ/သားများအရောင်း အဝယ် အခက်အခဲမရှိစေရန်အတွက် ကြိုတင်ခွင့်ပြုချက် တောင်းခံထားသည့် ဆေးဝါးနှင့် အစားအသောက်ရောင်းချသည့် စျေးဆိုင် (၁၄၀)ခန့်အား ဧပြီလ ၂၇ရက်နေ့ နံနက်ပိုင်းမှစတင်၍ ပစ္စည်းများသယ်ယူခွင့်ပြုခဲ့ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မှ သိရသည်။

ထိုသို့ သယ်ယူခွင့်ပြုရာသို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ စျေးနှင့် သားသတ်ဌာနမှူး ဦးခင်အောင်နှင့် တာဝန်ရှိသူများ၊ စည်ပင်သာယာရဲတပ်ဖွဲ့မှ ဒုရဲအုပ်ကျော်ခိုင်နှင့် တပ်ဖွဲ့ဝင်များ၊ စျေးအကျိုးတော်ဆောင်အဖွဲ့မှ တာဝန်ရှိသူများ ကြီးကြပ်၍ ဈေးဆိုင်တစ်ဆိုင်လျင် ဆိုင်ပိုင်ရှင်(၁)ဦးနှင့် ဝန်ထမ်း (၁)ဦးနှုန်းဖြင့် တစ်ကြိမ်လျင် (၈)ဆိုင်စီကို မိနစ်(၃၀)ကြာ ပစ္စည်းများသယ်ယူခွင့်ပြုခဲ့ပြီး ပစ္စည်းများသယ်ယူရာတွင် အဝင် အထွက်လမ်းကြောင်း မထပ်စေရေး၊ လူစုလူဝေး မဖြစ်စေရေးနှင့် ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများ တပ်ဆင်ရေးတို့ကို ကြပ်မတ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ပစ္စည်းများသယ်ယူခွင့်နှင့် ပတ်သက်၍ စျေးအကျိုးတော်ဆောင်အဖွဲ့နှင့် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ၊ စျေး နှင့် သားသတ်ဌာနတို့ ညှိနှိုင်းဆွေးနွေးချက်အရ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ကြို တင်လျှောက်ထားသူများကိုသာ စိစစ်၍ ဝင်ခွင့်ပြုခြင်းဖြစ်ကာ သယ်ယူခွင့်မရရှိသေးသည့်စျေးဆိုင်ရှင်များအနေဖြင့် စျေးဌာနခွဲမှူးရုံးသို့ ကြိုတင်လျှောက်ထားနိုင်ပြီး သက်ဆိုင်ရာမှ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် သယ်ယူခွင့်ရရှိပြီးသူများအနေဖြင့် ထပ်မံလျှောက်ထားခွင့် မရှိကြောင်း စျေးရုံကိုယ်စား လှယ်တစ်ဦးက ပြောကြားသည်။
အဆင့်မြင့်စျေးချိုတော်ကို မတ်လ၂၉ရက်နေ့က စတင်၍ ယာယီပိတ်သိမ်းထားပြီး မေ ၁၅ ရက်အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
Image may contain: one or more people and outdoor
Image may contain: one or more people, people standing and outdoor
Image may contain: one or more people, car and outdoor
Ref ; The Mandalay News Journal
<zawgyi>
စျေးချိုတော်ရှိ ဆေးဝါးနှင့် အစားအသောက်ရောင်းချသည့် စျေးဆိုင်များမှ ပစ္စည်းများ သယ်ယူရန် ခွင့်ပြုပေး
Tuesday, April 28, 2020

COVID-19 ရောဂါကြောင့် မန္တလေးအဆင့်မြင့်စျေးချိုတော်အား ပိတ်ထားရာ စျေးသူ/သားများအရောင်း အဝယ် အခက်အခဲမရှိစေရန်အတွက် ကြိုတင်ခွင့်ပြုချက် တောင်းခံထားသည့် ဆေးဝါးနှင့် အစား အသောက်ရောင်းချသည့် စျေးဆိုင် (၁၄၀)ခန့်အား ဧပြီလ ၂၇ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ပစ္စည်းများသယ်ယူခွင့်ပြုခဲ့ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မှ သိရသည်။
ထိုသို့ သယ်ယူခွင့်ပြုရာသို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ စျေးနှင့် သားသတ်ဌာနမှူး ဦးခင်အောင်နှင့် တာဝန်ရှိသူများ၊ စည်ပင်သာယာရဲတပ်ဖွဲ့မှ ဒုရဲအုပ်ကျော်ခိုင်နှင့် တပ်ဖွဲ့ဝင်များ၊ စျေးအကျိုးတော်ဆောင်အဖွဲ့မှ တာဝန်ရှိသူများ ကြီးကြပ်၍ ဈေးဆိုင်တစ်ဆိုင်လျင် ဆိုင်ပိုင်ရှင်(၁)ဦးနှင့် ဝန်ထမ်း (၁)ဦးနှုန်းဖြင့် တစ်ကြိမ်လျင် (၈)ဆိုင်စီကို မိနစ်(၃၀)ကြာ ပစ္စည်းများသယ်ယူခွင့်ပြုခဲ့ပြီး ပစ္စည်းများသယ်ယူရာတွင် အဝင် အထွက်လမ်းကြောင်း မထပ်စေရေး၊ လူစုလူဝေး မဖြစ်စေရေးနှင့် ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများ တပ်ဆင်ရေးတို့ကို ကြပ်မတ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ပစ္စည်းများသယ်ယူခွင့်နှင့် ပတ်သက်၍ စျေးအကျိုးတော်ဆောင်အဖွဲ့နှင့် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ၊ စျေး နှင့် သားသတ်ဌာနတို့ ညှိနှိုင်းဆွေးနွေးချက်အရ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ကြို တင်လျှောက်ထားသူများကိုသာ စိစစ်၍ ဝင်ခွင့်ပြုခြင်းဖြစ်ကာ သယ်ယူခွင့်မရရှိသေးသည့်စျေးဆိုင်ရှင်များအနေဖြင့် စျေးဌာနခွဲမှူးရုံးသို့ ကြိုတင်လျှောက်ထားနိုင်ပြီး သက်ဆိုင်ရာမှ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် သယ်ယူခွင့်ရရှိပြီးသူများအနေဖြင့် ထပ်မံလျှောက်ထားခွင့် မရှိကြောင်း စျေးရုံကိုယ်စား လှယ်တစ်ဦးက ပြောကြားသည်။
အဆင့်မြင့်စျေးချိုတော်ကို မတ်လ၂၉ရက်နေ့က စတင်၍ ယာယီပိတ်သိမ်းထားပြီး မေ ၁၅ ရက်အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
Ref ; The Mandalay News Journal

0 comments:

Post a Comment