Monday, April 27, 2020

ရပ်ရွာအထိတ်တလန့်မဖြစ်စေရေး ကိုးဗစ်လူနာနှင့်ထိတွေ့ခဲ့သူများအား လူအင်အားအများအပြားနှင့် သွားမခေါ်ဖို့ ရန်ကုန်တိုင်းအစိုးရအမိန့်ထုတ်

Image may contain: text

ရပ်ရွာအထိတ်တလန့်မဖြစ်စေရေး အတွက် ကိုးဗစ်လူနာနှင့်ထိတွေ့ခဲ့သူများအားလူအင်အားအများအပြားနှင့်သွားမခေါ်ဖို့ ရန်ကုန်တိုင်းအစိုးရက အမိန့်ထုတ်တားမြစ်လိုက်ကြောင်းသိရသည်။

လူအင်အားအများအပြားဖြင့် သွားရောက်ခေါ်ဆောင်နေခြင်းအပေါ် ရပ်ကွက်နေပြည်သူများအထိတ်တလန့်ဖြစ်နေသည့်အတွက် တားမြစ်လိုက်ခြင်းဖြစ်ကာ သွားခေါ်လျှင်လည်း လိုအပ်သော အင်အားအနည်းငယ်ဖြင့်သာဆောင်ရွက်ဖို့လည်း တိုင်းအစိုးရက လမ်းညွှန်လိုက်သည်ဟုသိရသည်။
သက်ဆိုင်ရာက ကိုးဗစ်လူနာနှင့်ထိတွေ့ခဲ့သူများအားလူအင်အားအများအပြားနှင့်သွားခေါ်မှုများနှင့် စပ် လျဉ်းပြီး အခေါ်ခံသူရများက ယင်းအပေါ် စိတ်ပျက်မိကြောင်း၊၎င်းတို့ သိမ်ငယ်မိကြောင်းနှင့် ဖုန်း၊ကင်မရာများဖြင့် မှတ်တမ်းတင်ရိုက်ကူးမှု၊လူစုလူ​ဝေးဖြင့် ဝိုင်းဝန်းကြည့်ရှုမှုများကလည်း ဝမ်းနည်းစိတ်ပျက်စရာကောင်းကြောင်း ရင်ဖွင့်ပြောဆိုနေမှုများ အများအပြားရှိနေကြသည်။
Ref ; ကိုမင်း/Myanmar Harp Media
<zawgyi>
ရပ်ရွာအထိတ်တလန့်မဖြစ်စေရေး ကိုးဗစ်လူနာနှင့်ထိတွေ့ခဲ့သူများအားလူအင်အားအများအပြားနှင့်သွားမခေါ်ဖို့ ရန်ကုန်တိုင်းအစိုးရအမိန့်ထုတ်
Tuesday, April 28, 2020

ရပ်ရွာအထိတ်တလန့်မဖြစ်စေရေး အတွက် ကိုးဗစ်လူနာနှင့်ထိတွေ့ခဲ့သူများအားလူအင်အားအများအပြားနှင့်သွားမခေါ်ဖို့ ရန်ကုန်တိုင်းအစိုးရက အမိန့်ထုတ်တားမြစ်လိုက်ကြောင်းသိရသည်။
လူအင်အားအများအပြားဖြင့် သွားရောက်ခေါ်ဆောင်နေခြင်းအပေါ် ရပ်ကွက်နေပြည်သူများအထိတ်တလန့်ဖြစ်နေသည့်အတွက် တားမြစ်လိုက်ခြင်းဖြစ်ကာ သွားခေါ်လျှင်လည်း လိုအပ်သော အင်အားအနည်းငယ်ဖြင့်သာဆောင်ရွက်ဖို့လည်း တိုင်းအစိုးရက လမ်းညွှန်လိုက်သည်ဟုသိရသည်။
သက်ဆိုင်ရာက ကိုးဗစ်လူနာနှင့်ထိတွေ့ခဲ့သူများအားလူအင်အားအများအပြားနှင့်သွားခေါ်မှုများနှင့် စပ် လျဉ်းပြီး အခေါ်ခံသူရများက ယင်းအပေါ် စိတ်ပျက်မိကြောင်း၊၎င်းတို့ သိမ်ငယ်မိကြောင်းနှင့် ဖုန်း၊ကင်မရာများဖြင့် မှတ်တမ်းတင်ရိုက်ကူးမှု၊လူစုလူဝေးဖြင့် ဝိုင်းဝန်းကြည့်ရှုမှုများကလည်း ဝမ်းနည်းစိတ်ပျက်စရာကောင်းကြောင်း ရင်ဖွင့်ပြောဆိုနေမှုများ အများအပြားရှိနေကြသည်။
Ref ; ကိုမင်း/Myanmar Harp Media

0 comments:

Post a Comment