Monday, April 27, 2020

မြန်မာနိုင်ငံသို့ မုတ်သုံ မေ ၁၆ ရက်မှ ၂၁ ရက်အတွင်း စတင်ဝင်ရောက်မည်ဟု ခန့်မှန်းထား

No photo description available.

မြန်မာနိုင်ငံသို့ မုတ်သုံ မေ ၁၆ ရက်မှ ၂၁ရက်အတွင်း စတင်ဝင်ရောက်နိုင်ပြီး စက်တင်ဘာလအတွင်း ပြန်လည်ထွက်ခွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ခန့်မှန်းပြောကြားသည်။

“မြန်မာနိုင်ငံတောင်ပိုင်းကို မေ ၁၆ ရက်မှ ၂၁ ရက်အတွင်း မုတ်သုံဝင်နိုင်ပြီး မြစ်ဝကျွန်းပေါ်ဒေသတွေကိုတော့ မေ ၂ ရက်မှ ၂၇ ရက်အတွင်း၊ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကို မေ ၂၈ ရက်မှ ဇွန် ၂ ရက်အတွင်း ဝင်ရောက်နိုင်ပြီး တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ဆိုရင် ဇွန် ၃ ရက်မှ ၈ ရက် အတွင်းဝင်ရောက်နိုင်ကာ စက်တင် ဘာလအတွင်းမှာ ပြန်ထွက်ခွာမယ်လို့ ခန့်မှန်းထားပါတယ်။ ပြန်ထွက်မယ့် ရက်ကို သြဂုတ်လမှာ စည်းဝေးပြီး ကြေညာပေးပါမယ်။ မုန်တိုင်းက မိုးဦးကာလမှာတော့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း လေးကြိမ်ဖြစ်နိုင်ပြီး နှစ်ကြိမ်မှာ ပိုမိုအားကောင်းနိုင်ကာ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိနိုင်ပါတယ်။ မိုးလယ်မှာ လေဖိအားနည်းရပ်ဝန်း လေးကြိမ်ဖြစ်ပြီး နှစ်ကြိမ်မှာ ပိုမိုအားကောင်းနိုင်ကာ မုန်တိုင်းငယ် အဖြစ်ကို ရောက်ရှိနိုင်ပါတယ်။ မိုးနှောင်းကာလမှာ လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်နိုင်ပြီး တစ်ကြိမ်မှာ ပိုမိုအားကောင်းနိုင်ကာ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိနိုင်ပါတယ်။ များသောအားဖြင့် မုတ်သုံဝင်ပြီး သွားရင် မုန်တိုင်းတွေက မြန်မာနိုင်ငံကို မဝင်တော့ဘဲ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကိုပဲ သွားတယ်။ နှစ်ပေါင်း တစ်ရာကျော်အတွင်းမှာလည်း မြန်မာနိုင်ငံကို မုတ်သုံဝင်ပြီးသွားရင် မုန်တိုင်းတစ်ခါမှ မဝင်ဖူးသေးဘူး။ လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်တိုင်း မိုးတော့ရမှာပါ။ မိုးအနေနဲ့က မိုးဦးတော့သိပ်မကောင်းပါဘူး” ဟု ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောသည်။
ယခုနှစ် မိုးဦးကာလတွင် မိုးရွာသွန်းမှု လျော့နည်းနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသ ကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန် ပြည်နယ်တို့တွင် ပုံမှန် ရွာသွန်းမြဲအောက်ခန့် ရွာနိုင်ကာ စစ်ကိုင်းတိုင်း တိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်တို့တွင် ရွာသွန်းမြဲရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။
ယခုနှစ်တွင် အယ်နီညို၊ လာနီညာ ဖြစ်စဉ်မရှိဘဲ ပုံမှန်နှစ်များကဲ့သို့ မုန်တိုင်းရှိသော်လည်း မုန်တိုင်းကြီး များဖြစ်မှုနည်းလေ့ရှိပြီး မုတ်သုံဝင်ပြီးပါက မုန်တိုင်းကြီးများမှာ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယဘက်သို့ ဝင်လေ့ရှိရာ မုတ်သုံမဝင်မီကာလ ဧပြီလနှင့် မေလကြားတွင် မုန်တိုင်း ကြီးများ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်မှုကို ဂရုတစိုက် စောင့်ကြည့်ရန် လိုအပ်ကြောင်း သိရသည်။
Image may contain: outdoor and nature
No photo description available.
သတင်း- သန့်ဇင်ဝင်း
Crd : MDN #Myanmar_Online_News

>>Zawgyi<<
မြန်မာနိုင်ငံသို့ မုတ်သုံ မေ ၁၆ ရက်မှ ၂၁ ရက်အတွင်း စတင်ဝင်ရောက်မည်ဟု ခန့်မှန်းထား
Tuesday, April 28, 2020

မြန်မာနိုင်ငံသို့ မုတ်သုံ မေ ၁၆ ရက်မှ ၂၁ရက်အတွင်း စတင်ဝင်ရောက်နိုင်ပြီး စက်တင်ဘာလအတွင်း ပြန်လည် ထွက်ခွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ခန့်မှန်းပြောကြားသည်။
“မြန်မာနိုင်ငံတောင်ပိုင်းကို မေ ၁၆ ရက်မှ ၂၁ ရက်အတွင်း မုတ်သုံဝင်နိုင်ပြီး မြစ်ဝကျွန်းပေါ်ဒေသတွေကိုတော့ မေ ၂ ရက်မှ ၂၇ ရက်အတွင်း၊ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကို မေ ၂၈ ရက်မှ ဇွန် ၂ ရက်အတွင်း ဝင်ရောက်နိုင်ပြီး တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ဆိုရင် ဇွန် ၃ ရက်မှ ၈ ရက် အတွင်းဝင်ရောက်နိုင်ကာ စက်တင် ဘာလအတွင်းမှာ ပြန်ထွက်ခွာမယ်လို့ ခန့်မှန်းထားပါတယ်။ ပြန်ထွက်မယ့် ရက်ကို သြဂုတ်လမှာ စည်းဝေးပြီး ကြေညာပေးပါမယ်။ မုန်တိုင်းက မိုးဦးကာလမှာတော့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း လေးကြိမ်ဖြစ်နိုင်ပြီး နှစ်ကြိမ်မှာ ပိုမိုအားကောင်းနိုင်ကာ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိနိုင်ပါတယ်။ မိုးလယ်မှာ လေဖိအားနည်းရပ်ဝန်း လေးကြိမ်ဖြစ်ပြီး နှစ်ကြိမ်မှာ ပိုမိုအားကောင်းနိုင်ကာ မုန်တိုင်းငယ် အဖြစ်ကို ရောက်ရှိနိုင်ပါတယ်။ မိုးနှောင်းကာလမှာ လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်နိုင်ပြီး တစ်ကြိမ်မှာ ပိုမိုအားကောင်းနိုင်ကာ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိနိုင်ပါတယ်။ များသောအားဖြင့် မုတ်သုံဝင်ပြီး သွားရင် မုန်တိုင်းတွေက မြန်မာနိုင်ငံကို မဝင်တော့ဘဲ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကိုပဲ သွားတယ်။ နှစ်ပေါင်း တစ်ရာကျော်အတွင်းမှာလည်း မြန်မာနိုင်ငံကို မုတ်သုံဝင်ပြီးသွားရင် မုန်တိုင်းတစ်ခါမှ မဝင်ဖူးသေးဘူး။ လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်တိုင်း မိုးတော့ရမှာပါ။ မိုးအနေနဲ့က မိုးဦးတော့သိပ်မကောင်းပါဘူး” ဟု ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောသည်။
ယခုနှစ် မိုးဦးကာလတွင် မိုးရွာသွန်းမှု လျော့နည်းနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသ ကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန် ပြည်နယ်တို့တွင် ပုံမှန် ရွာသွန်းမြဲအောက်ခန့် ရွာနိုင်ကာ စစ်ကိုင်းတိုင်း တိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်တို့တွင် ရွာသွန်းမြဲရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။
ယခုနှစ်တွင် အယ်နီညို၊ လာနီညာ ဖြစ်စဉ်မရှိဘဲ ပုံမှန်နှစ်များကဲ့သို့ မုန်တိုင်းရှိသော်လည်း မုန်တိုင်းကြီး များဖြစ်မှုနည်းလေ့ရှိပြီး မုတ်သုံဝင်ပြီးပါက မုန်တိုင်းကြီးများမှာ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယဘက်သို့ ဝင်လေ့ရှိရာ မုတ်သုံမဝင်မီကာလ ဧပြီလနှင့် မေလကြားတွင် မုန်တိုင်း ကြီးများ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်မှုကို ဂရုတစိုက် စောင့်ကြည့်ရန် လိုအပ်ကြောင်း သိရသည်။
သတင်း- သန့်ဇင်ဝင်း

0 comments:

Post a Comment