Monday, April 27, 2020

အသွားအလာကန့်သတ်စောင့်ကြည့်ခံရမှာစိုးတာကြောင့် ကုန်တင်ကားနှစ်စီးနဲ့ စုပြုံပြီးပြန်လာသူ (၇၀)နီးပါး တွေ့ရှိ

Image may contain: one or more people, people standing, people walking and outdoor

အသွားအလာကန့်သတ်စောင့်ကြည့်ခံရမှာစိုးတာကြောင့် ကုန်တင်ကားနှစ်စီးနဲ့ စုပြုံပြီး ပြန်လာတဲ့ လူ(၇၀) နီးပါးကို ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် မယ်ဇလီစစ်ဆေးရေးဂိတ်မှာ ဧပြီလ(၂၆)ရက်က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

အဲဒီလူတွေဟာ မော်လမြိုင်နဲ့ ကျိုက္ခမီဘက်မှာ အုတ်ဖုတ်လုပ်ငန်းသွားလုပ်တဲ့ မအူပင်မြို့မှာနေထိုင်သူတွေ ဖြစ်ပြီး နေရပ်ပြန်ချိန်မှာ Quarantine (၂၁)ရက် ထားရှိမှာစိုးတာကြောင့် စုပြုံပြီး ကုန်တင်ကားနှစ်စီးနဲ့ ခိုးပြီးပြန်လာတာဖြစ်တယ်လို့ ညောင်တုန်းမြို့နယ်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီမိုးက ပြောပါတယ်။ ကုန်တင်ကားနှစ်စီးကို တာပေါ်လင်တွေပတ်ပြီး ကုန်တင်လာသလို လူတွေစုပြံုတင်လာတာဖြစ်ပြီး အဲဒီထဲမှာ နို့စို့အရွယ်ကလေးတွေပါ ပါတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ တွေ့ရှိတွေအားလုံးကို မအူပင်မြို့နယ်က သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ အသွားအလာကန့်သတ် စောင့်ကြည့်ဖို့ Community Based Facility Quarantine (၂၁) ရက် ဝင်ခိုင်းသွားမှာဖြစ်ပြီး ယာဉ်မောင်းနှစ်ဦး ကိုတော့ ဥပဒေအရ ဆက်လက်လုပ်ဆောင်သွားမယ်လို့ မအူပင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။
Image may contain: outdoor
Image may contain: one or more people, people standing and outdoor
Image may contain: one or more people and outdoor
Image may contain: one or more people, people standing and outdoor
Ref ; 5 PLUS NEWS
<zawgyi>
အသွားအလာကန့်သတ်စောင့်ကြည့်ခံရမှာစိုးတာကြောင့် ကုန်တင်ကားနှစ်စီးနဲ့ စုပြုံပြီးပြန်လာသူ (၇၀)နီးပါး တွေ့ရှိ
Tuesday, April 28, 2020

အသွားအလာကန့်သတ်စောင့်ကြည့်ခံရမှာစိုးတာကြောင့် ကုန်တင်ကားနှစ်စီးနဲ့ စုပြုံပြီး ပြန်လာတဲ့ လူ(၇၀) နီးပါးကို ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် မယ်ဇလီစစ်ဆေးရေးဂိတ်မှာ ဧပြီလ(၂၆)ရက်က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
အဲဒီလူတွေဟာ မော်လမြိုင်နဲ့ ကျိုက္ခမီဘက်မှာ အုတ်ဖုတ်လုပ်ငန်းသွားလုပ်တဲ့ မအူပင်မြို့မှာနေထိုင်သူတွေ ဖြစ်ပြီး နေရပ်ပြန်ချိန်မှာ Quarantine (၂၁)ရက် ထားရှိမှာစိုးတာကြောင့် စုပြုံပြီး ကုန်တင်ကားနှစ်စီးနဲ့ ခိုးပြီးပြန်လာတာဖြစ်တယ်လို့ ညောင်တုန်းမြို့နယ်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီမိုးက ပြောပါတယ်။ ကုန်တင်ကားနှစ်စီးကို တာပေါ်လင်တွေပတ်ပြီး ကုန်တင်လာသလို လူတွေစုပြုံတင်လာတာဖြစ်ပြီး အဲဒီထဲမှာ နို့စို့အရွယ်ကလေးတွေပါ ပါတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ တွေ့ရှိတွေအားလုံးကို မအူပင်မြို့နယ်က သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ အသွားအလာကန့်သတ် စောင့်ကြည့်ဖို့ Community Based Facility Quarantine (၂၁) ရက် ဝင်ခိုင်းသွားမှာဖြစ်ပြီး ယာဉ်မောင်းနှစ်ဦး ကိုတော့ ဥပဒေအရ ဆက်လက်လုပ်ဆောင်သွားမယ်လို့ မအူပင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။
Ref ; 5 PLUS NEWS

0 comments:

Post a Comment