Monday, April 27, 2020

ပလက်ဝမြို့ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် ပို့ဆောင်မည့် ရိက္ခာများ ဆမီးသို့ရောက်ရှိ၊ ရာသီဥတုကောင်းမွန်ပါက ဆက်လက်ပို့ဆောင်သွားမည်ဖြစ်

Image may contain: text

ချင်းပြည်နယ်၊ ပလက်ဝဒေသအတွင်း AA အကြမ်းဖက်သောင်းကျန်းသူများက ဆက်သွယ်ရေးလမ်းကြောင်းများဖြတ်တောက်ပိတ်ဆို့ခဲ့မှုကြောင့် ဒေသတွင်းကုန်စျေးနှုန်းများ အဆမတန်မြင့်တက်လာပြီး ကုန်စည်စီးဆင်းမှုမရှိသဖြင့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုက်ပွဲရှောင်ပြည်သူများမှာ စားရေးအခက်အခဲများကြုံတွေ့ခဲ့သည်။

ထိုသို့ကြုံတွေ့နေသည့်အတွက် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုက်ပွဲရှောင်ပြည်သူများအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် NGO အဖွဲ့အစည်း များကလှူဒါန်းထားသည့် ဆန်အိတ် ၈၃၀ အိတ်၊ ဆီ ၂၀၀ ပိဿာ၊ ကြက်သွန်နီ ၇၅၀ ပိဿာ၊ အာလူး ၃၀၀ ပိဿာနှင့် ဆေးမျိုးစုံ ပါဝင်သော ဆေးပုံး ၁၈ ပုံးတို့ကို ဧပြီ ၁၉ ရက်တွင်လည်းကောင်း၊ နယ်မြေခံ တပ်မတော်သားများနှင့် မိသားစုများ၊ လုံခြံုရေး တပ်ဖွဲ့ဝင်များ စားသုံးရန်အတွက် ဆန်အိတ် ၄၀၀၀ ကျော်နှင့် အခြားအမယ်စုံရိက္ခာများကို ဧပြီ ၂၄ ရက်တွင်လည်းကောင်း AA အကြမ်းဖက်သောင်းကျန်းသူများက နည်းမျိုးစုံဖြင့် ဖြတ်တောက်ပိတ်ဆို့နှောင့်ယှက်မှုများကြားမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက မဆုတ်မနစ်ကြိုး ပမ်းဆောင်ရွက်ကာ ပလက်ဝမြို့သို့အရောက်ပို့ဆောင်ပေးနိုင်ခဲ့သည်။
ယခုအကြိမ်တွင် ပလက်ဝဒေသရှိ ဒေသခံပြည်သူများအတွက် WFP မှ ထောက်ပံ့ သောရိက္ခာနှင့် အသုံး အဆောင်ပစ္စည်းများကို မတူပီမြို့မှ ပလက်ဝမြို့သို့ပို့ဆောင်ရန် ဧပြီ ၂၅ ရက်တွင် မတူပီမြို့ မှထွက်ခွာခဲ့ပြီး ဆမီးသို့ရောက်ရှိခဲ့ပြီဖြစ်သည်။ ရိက္ခာများကို ပလက်ဝမြို့သို့ ဆက်လက် ပို့ဆောင်ရန်အတွက် ရာသီဥတုဆိုးရွားပြီး မိုးသည်းထန်စွာရွာသွန်း မှုကြောင့် လမ်းပျက်စီးမှုများဖြစ်ပေါ်လျက်ရှိပြီး အဆိုပါရိက္ခာယာဉ်များ၏လုံခြုံရေးအတွက် လမ်းလုံခြံုရေး ဆောင်ရွက်ပေးနေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆမီးနှင့်ပလက်ဝ အကြား၌ AA အကြမ်းဖက်သောင်းကျန်းသူများက ယနေ့နံနက်ပိုင်းတွင် နှောင့်ယှက် ပစ်ခတ်မှုများပြုလုပ်ခဲ့သည်။
ယခင် ပလက်ဝမြို့တွင်ရောက်ရှိပြီးဖြစ်သော ရိက္ခာများမှာ ဒေသရှိဒေသခံ ပြည်သူ များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် လုံလောက် မှုရှိကြောင်းနှင့် ဆမီးတွင်ရောက်ရှိနေသောရိက္ခာများကို ရာသီဥတုကောင်းမွန်ပါက ပလက်ဝမြို့သို့ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Source : တပ်မတော် #Myanmar_Online_News
>>Zawgyi<<
ပလက်ဝမြို့ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တိုက်ပွဲရှောင်ပြည်သူများအတွက် ပို့ဆောင်မည့်ရိက္ခာများ ဆမီးသို့ရောက်ရှိ၊ ရာသီဥတုကောင်းမွန်ပါက ဆက်လက်ပို့ဆောင်သွားမည်ဖြစ်


ချင်းပြည်နယ်၊ ပလက်ဝဒေသအတွင်း AA အကြမ်းဖက်သောင်းကျန်းသူများက ဆက်သွယ်ရေးလမ်းကြောင်းများဖြတ်တောက်ပိတ်ဆို့ခဲ့မှုကြောင့် ဒေသတွင်းကုန်စျေးနှုန်းများ အဆမတန်မြင့်တက်လာပြီး ကုန်စည်စီးဆင်းမှုမရှိသဖြင့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုက်ပွဲရှောင်ပြည်သူများမှာ စားရေးအခက်အခဲများကြုံတွေ့ခဲ့သည်။
ထိုသို့ကြုံတွေ့နေသည့်အတွက် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုက်ပွဲရှောင်ပြည်သူများအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် NGO အဖွဲ့အစည်း များကလှူဒါန်းထားသည့် ဆန်အိတ် ၈၃၀ အိတ်၊ ဆီ ၂၀၀ ပိဿာ၊ ကြက်သွန်နီ ၇၅၀ ပိဿာ၊ အာလူး ၃၀၀ ပိဿာနှင့် ဆေးမျိုးစုံ ပါဝင်သော ဆေးပုံး ၁၈ ပုံးတို့ကို ဧပြီ ၁၉ ရက်တွင်လည်းကောင်း၊ နယ်မြေခံ တပ်မတော်သားများနှင့် မိသားစုများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ စားသုံးရန်အတွက် ဆန်အိတ် ၄၀၀၀ ကျော်နှင့် အခြားအမယ်စုံရိက္ခာများကို ဧပြီ ၂၄ ရက်တွင်လည်းကောင်း AA အကြမ်းဖက်သောင်းကျန်းသူများက နည်းမျိုးစုံဖြင့် ဖြတ်တောက်ပိတ်ဆို့နှောင့်ယှက်မှုများကြားမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက မဆုတ်မနစ်ကြိုး ပမ်းဆောင်ရွက်ကာ ပလက်ဝမြို့သို့အရောက်ပို့ဆောင်ပေးနိုင်ခဲ့သည်။
ယခုအကြိမ်တွင် ပလက်ဝဒေသရှိ ဒေသခံပြည်သူများအတွက် WFP မှ ထောက်ပံ့ သောရိက္ခာနှင့် အသုံး အဆောင်ပစ္စည်းများကို မတူပီမြို့မှ ပလက်ဝမြို့သို့ပို့ဆောင်ရန် ဧပြီ ၂၅ ရက်တွင် မတူပီမြို့ မှထွက်ခွာခဲ့ပြီး ဆမီးသို့ရောက်ရှိခဲ့ပြီဖြစ်သည်။ ရိက္ခာများကို ပလက်ဝမြို့သို့ ဆက်လက် ပို့ဆောင်ရန်အတွက် ရာသီဥတုဆိုးရွားပြီး မိုးသည်းထန်စွာရွာသွန်း မှုကြောင့် လမ်းပျက်စီးမှုများဖြစ်ပေါ်လျက်ရှိပြီး အဆိုပါရိက္ခာယာဉ်များ၏လုံခြုံရေးအတွက် လမ်းလုံခြုံရေး ဆောင်ရွက်ပေးနေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆမီးနှင့်ပလက်ဝ အကြား၌ AA အကြမ်းဖက်သောင်းကျန်းသူများက ယနေ့နံနက်ပိုင်းတွင် နှောင့်ယှက် ပစ်ခတ်မှုများပြုလုပ်ခဲ့သည်။
ယခင် ပလက်ဝမြို့တွင်ရောက်ရှိပြီးဖြစ်သော ရိက္ခာများမှာ ဒေသရှိဒေသခံ ပြည်သူ များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် လုံလောက် မှုရှိကြောင်းနှင့် ဆမီးတွင်ရောက်ရှိနေသောရိက္ခာများကို ရာသီဥတုကောင်းမွန်ပါက ပလက်ဝမြို့သို့ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Image may contain: outdoor
Source : တပ်မတော် #Myanmar_Online_News

0 comments:

Post a Comment