Monday, April 27, 2020

COVID-19 ပြီးဆုံးရန်ဝေးသေးကြောင်း WHO ပြော၊ ကလေးတွေနဲ့ပတ်သက်ပြီး စိုးရိမ်ဟုဆို

Image may contain: 1 person, eyeglasses

COVID-19 ကပ်ရောဂါဖြစ်ပွားမှု ပြီးဆုံးရန် ဝေးကွာသေးကြောင်းနဲ့ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ ကသောင်း ကနင်း ကြုံနေရဆဲဖြစ်ပြီး အထူးသဖြင့် အဆင်းရဲဆုံးနိုင်ငံတွေမှာ ကလေးတွေအတွက် အသက်ကယ်နိုင်တဲ့ ကာကွယ်ဆေးအစီအစဥ်အပေါ် သက်ရောက်မှုရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) အကြီးအကဲက ဧပြီ ၂၇ ရက်နေ့မှာ ပြောကြားပါတယ်။

ပိုမိုချမ်းသာတဲ့ နိုင်ငံတွေမှာ COVID-19 ကူးစက်မှုတွေ လျော့ကျလာနေပေမဲ့ အာဖရိက၊ ဥရောပအရှေ့ပိုင်း၊ လက်တင်အမေရိကနဲ့ အာရှနိုင်ငံအချို့မှာ ကူးစက်မှုတွေ မြင့်တက်နေမှုကို WHO က စိုးရိမ်နေပါတယ်။ "ကျွန်တော်တို့ ရှေ့မှာ ခရီးရှည်လျှောက်ရအုံးမှာပါ၊ လုပ်စရာတွေ အများကြီးပါပဲ" လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ဂျနီဗာမြို့မှာ အွန်လိုင်းမှတစ်ဆင့် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့ပါတယ်။
နောက်တစ်ကြိမ် COVID-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းကို မှန်ကန်တဲ့လုပ်ဆောင်မှုများဖြင့် ကာကွယ်တားဆီးနိုင်ကြောင်းလည်း ၎င်းကဆိုပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ကြောင့် လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝှမ်းမှာ လူ ၂၁၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး လူဦရေ ၃ သန်းကျော် ကူးစက်ခံထားရပါတယ်။
COVID-19 အရေးပေါ်အခြေအနေကြောင့် အခြားရောဂါတွေအတွက် ကာကွယ်ဆေးအစီအစဥ်အ‌ပေါ် သက် ရောက်မှုဖြစ်စေပြီး ကလေးတွေရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်ခံနေရကြောင်း WHO အကြီးအကဲက ၎င်းရဲ့ စိုးရိမ်မှုကို ပြောကြားခဲ့ပါတယ်။ "နှိုင်းယှဥ်ကြည့်မယ်ဆိုရင် ကလေးတွေက COVID-19 အပြင်းအထန် ဖြစ် ပွားမှုနဲ့ သေဆုံးမှုနှုန်း နည်းပါတယ်၊ ဒါပေမဲ့ သူတို့အတွက်က ကာကွယ်ဆေးနဲ့ ကာကွယ်တားဆီးနိုင်တဲ့ အ ခြားရောဂါတွေရဲ့အန္တရာယ် မြင့်မားနေပါတယ်" လို့ Tedros က ဆိုပါတယ်။
COVID-19 ဂယက်ကြောင့် ကမ္ဘာတစ်ဝှမ်းမှ လူဦးရေ ၁၃ သန်းခန့်ဟာ ပိုလီယို၊ ဝက်သက်၊ ကာလဝမ်းရောဂါ၊ အသားဝါရောဂါနဲ့ ဦးနှောက်အမြှေးရောင် အပါအဝင် ရောဂါများအတွက် ပုံမှန် ကာကွယ်ဆေးထိုးနှံရန် အစီအစဥ် နှောင့်နှေးမှုတွေ ရှိခဲ့ကြောင်း WHO အကြီးအကဲက ထောက်ပြပါတယ်။
COVID-19 ကြောင့် နယ်စပ်ဖြတ်သန်းမှုများနဲ့ ခရီးသွားလာမှုများ ပိတ်ပင်ကန့်သတ်ထားရာ အခြား ရောဂါတွေအတွက် ကာကွယ်ဆေးပြတ်လပ်မှုတွေ ကမ္ဘာ့နိုင်ငံ ၂၁ ခုမှာ ဖြစ်ပေါ်နေကြောင်း GAVI, The Vaccine Alliance ကို ကိုးကားပြီး Tedros က ပြောပါတယ်။ ဆာဟာရအောက်ပိုင်း အာဖရိကမှာ COVID-19 ဂယက်ကြောင့် ပုံမှန် ငှက်ဖျားကာကွယ်ဆေး အစီအစဥ် နှောင့်နှေးမယ့်အလားအလာရှိပြီး ငှက်ဖျားရောဂါဖြစ်ပွားမှု နှစ်ဆမြင့်တက်လာနိုင်ရာ ထိုသို့ မဖြစ်စေရန် WHO က နိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေကြောင်းလည်း Reuters သတင်းမှာ ဖော်ပြပါတယ်။
Image may contain: outdoor, text that says 'World Health Organization'
Image may contain: one or more people, sky, skyscraper and outdoor
Image may contain: one or more people
Ref ; Duwun
<zawgyi>
COVID-19 ပြီးဆုံးရန်ဝေးသေးကြောင်း WHO ပြော၊ ကလေးတွေနဲ့ပတ်သက်ပြီး စိုးရိမ်ဟုဆို
Tuesday, April 28, 2020

COVID-19 ကပ်ရောဂါဖြစ်ပွားမှု ပြီးဆုံးရန် ဝေးကွာသေးကြောင်းနဲ့ ပုံမှန် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ ကသောင်းကနင်း ကြုံနေရဆဲဖြစ်ပြီး အထူးသဖြင့် အဆင်းရဲဆုံးနိုင်ငံတွေမှာ ကလေးတွေအတွက် အ သက်ကယ်နိုင်တဲ့ ကာကွယ်ဆေးအစီအစဉ်အပေါ် သက်ရောက်မှုရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အ စည်း (World Health Organization - WHO) အကြီးအကဲက ဧပြီ ၂၇ ရက်နေ့မှာ ပြောကြားပါတယ်။
ပိုမိုချမ်းသာတဲ့ နိုင်ငံတွေမှာ COVID-19 ကူးစက်မှုတွေ လျော့ကျလာနေပေမဲ့ အာဖရိက၊ ဥရောပအရှေ့ပိုင်း၊ လက်တင်အမေရိကနဲ့ အာရှနိုင်ငံအချို့မှာ ကူးစက်မှုတွေ မြင့်တက်နေမှုကို WHO က စိုးရိမ်နေပါတယ်။ "ကျွန်တော်တို့ ရှေ့မှာ ခရီးရှည်လျှောက်ရအုံးမှာပါ၊ လုပ်စရာတွေ အများကြီးပါပဲ" လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ဂျနီဗာမြို့မှာ အွန်လိုင်းမှတစ်ဆင့် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့ပါတယ်။
နောက်တစ်ကြိမ် COVID-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းကို မှန်ကန်တဲ့လုပ်ဆောင်မှုများဖြင့် ကာကွယ်တားဆီးနိုင်ကြောင်းလည်း ၎င်းကဆိုပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ကြောင့် လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝှမ်းမှာ လူ ၂၁၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး လူဦရေ ၃ သန်းကျော် ကူးစက်ခံထားရပါတယ်။
COVID-19 အရေးပေါ်အခြေအနေကြောင့် အခြားရောဂါတွေအတွက် ကာကွယ်ဆေးအစီအစဉ်အ‌ပေါ် သက် ရောက်မှုဖြစ်စေပြီး ကလေးတွေရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်ခံနေရကြောင်း WHO အကြီးအကဲက ၎င်းရဲ့ စိုးရိမ်မှုကို ပြောကြားခဲ့ပါတယ်။ "နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကလေးတွေက COVID-19 အပြင်းအထန် ဖြစ် ပွားမှုနဲ့ သေဆုံးမှုနှုန်း နည်းပါတယ်၊ ဒါပေမဲ့ သူတို့အတွက်က ကာကွယ်ဆေးနဲ့ ကာကွယ်တားဆီးနိုင်တဲ့ အ ခြားရောဂါတွေရဲ့အန္တရာယ် မြင့်မားနေပါတယ်" လို့ Tedros က ဆိုပါတယ်။
COVID-19 ဂယက်ကြောင့် ကမ္ဘာတစ်ဝှမ်းမှ လူဦးရေ ၁၃ သန်းခန့်ဟာ ပိုလီယို၊ ဝက်သက်၊ ကာလဝမ်းရောဂါ၊ အသားဝါရောဂါနဲ့ ဦးနှောက်အမြှေးရောင် အပါအဝင် ရောဂါများအတွက် ပုံမှန် ကာကွယ်ဆေးထိုးနှံရန် အစီအစဉ် နှောင့်နှေးမှုတွေ ရှိခဲ့ကြောင်း WHO အကြီးအကဲက ထောက်ပြပါတယ်။
COVID-19 ကြောင့် နယ်စပ်ဖြတ်သန်းမှုများနဲ့ ခရီးသွားလာမှုများ ပိတ်ပင်ကန့်သတ်ထားရာ အခြား ရောဂါတွေအတွက် ကာကွယ်ဆေးပြတ်လပ်မှုတွေ ကမ္ဘာ့နိုင်ငံ ၂၁ ခုမှာ ဖြစ်ပေါ်နေကြောင်း GAVI, The Vaccine Alliance ကို ကိုးကားပြီး Tedros က ပြောပါတယ်။ ဆာဟာရအောက်ပိုင်း အာဖရိကမှာ COVID-19 ဂယက်ကြောင့် ပုံမှန် ငှက်ဖျားကာကွယ်ဆေး အစီအစဉ် နှောင့်နှေးမယ့်အလားအလာရှိပြီး ငှက်ဖျားရောဂါဖြစ်ပွားမှု နှစ်ဆမြင့်တက်လာနိုင်ရာ ထိုသို့ မဖြစ်စေရန် WHO က နိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေကြောင်းလည်း Reuters သတင်းမှာ ဖော်ပြပါတယ်။
Ref ; Duwun

0 comments:

Post a Comment