Tuesday, March 7, 2023

နိုင်ငံရေးပါတီ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP) လျှောက်ထား

စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)ကနေ လာရောက်လျှောက်ထားခဲ့ကြောင်း စစ်ကောင်စီရဲ့ ဒီကနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ မတ်လ ၇ ရက်နေ့ ရက်စွဲနဲ့ ဖော်ပြထားပါတယ်။

ထိုင်းအစိုးရအဖွဲ့ နောက်ဆုံးအစည်းအဝေးကျင်းပပြီးချိန်မှာ လွှတ်တော်ကို ဖျက်သိမ်းမယ်လို့ ထိုင်းဝန်ကြီးချုပ်ပြော

လာမယ့်သီတင်းပတ်အတွင်း အစိုးရအဖွဲ့ အစည်းအဝေးကျင်းပပြီးချိန်မှာ ထိုင်းလွှတ်တော်ကို ဖျက်သိမ်းသွားမှာ ဖြစ်ကြောင်း ထိုင်းဝန်ကြီး ပရာယွတ်ချန်အိုချာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

စနစ်ဟောင်းဖြင့် နောက်ဆုံးအကြိမ်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ ယနေ့ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆို

စနစ်ဟောင်းဖြင့် နောက်ဆုံးအကြိမ်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ မြန်မာစာဘာသာရပ်ကို ယနေ့(မတ်လ ၈ ရက်) တွင် စတင်ဖြေဆိုနေပြီဖြစ်သည်။

၂ဝ၂၄ ခုနှစ် ပြည်လုံးကျွတ် သန်း‌ခေါင်စာရင်းကို တစ်အိမ်တက်ဆင်းဖြင့် (၁၅)ရက်အတွင်း အပြီးကောက်ယူမည်

 

လာမည့် ၂ဝ၂၄ ခုနှစ်တွင် ကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို (၁၅)ရက်အတွင်းအပြီး ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

Sunday, February 26, 2023

မတ်လ ၆ရက်နေ့မှာ မြန်မာအရေးဆုံးဖြတ်ချက်တွေနဲ့စပ်လျဉ်းပြီး ကုလလူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ တင်သွင်းမည်

လာမယ့် မတ်လ ၆ရက်နေ့မှာ မြန်မာအရေးဆုံးဖြတ်ချက်တွေနဲ့စပ်လျဉ်းပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ တင်သွင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပတ်စ်ပို့တွေ ကိုယ်တိုင်လာလျှောက်ပါဆိုပြီး တိုကျိုရှိ မြန်မာသံရုံးပြော

ဂျပန်မှာ စာတိုက်ကတစ်ဆင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုး ပေးပို့လျှောက်ထားရာမှာ ကြန့်ကြာတာတွေ တွေ့ကြုံနေရတာကြောင့် ကိုယ်တိုင်လာလျှောက်ထားကြဖို့ ဂျပန်နိုင်ငံဆိုင်ရာ၊ မြန်မာသံရုံးမှ ထုတ်ပြန်အသိပေးထားပါတယ်။

လူနည်းစုအကျိုးစီးပွားကို အားပေးခြင်းမရှိဟု နစကခေါင်းဆောင်ပြော

မိမိတို့အနေနဲ့ လူနည်းစုရဲ့ အကျိုးစီးပွားကို အားပေးခြင်းမဟုတ်ဘဲ လူအများစုဖြစ်တဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် ဆောင်ရွက်နေခြင်းသာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ရွှေလီနယ်စပ်ဂိတ်မှတစ်ဆင့် ခရီးသည်ဝင်/ထွက်မှု ဆက်တိုက်မြင့်တက်နေဟု တရုတ်သံရုံးထုတ်ပြန်

(၂)နှစ်ကျော်အကြာ ပိတ်ထားခဲ့တဲ့ မူဆယ်-ရွှေလီနယ်စပ်ဂိတ် ပြန်လည်ဖွင့်ခဲ့ပြီး တစ်လအကြာမှာ ရွှေလီနယ်စပ်ဂိတ်ကနေ ခရီးသည် ဝင်/ထွက်သွားလာမှု ဆက်တိုက်မြင့်တက်နေတယ်လို့ ယနေ့မှာ တရုတ်သံရုံးက ထုတ်ပြန်ပြောဆိုထားပါတယ်။

ယူကရိန်းအား လက်နက်တပ်ဆင်ခြင်းကို ဂျာမနီ၌ လူပေါင်းထောင်ချီ ဆန့်ကျင်ဆန္ဒပြ

ဂျာမနီ၌ ဆန္ဒပြသူ တစ်သောင်းကျော်သည် ယူကရိန်းအား လက်နက်ပို့ဆောင်ခြင်းကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်းတို့ ဖော်ဆောင်ရန် တိုက်တွန်းခဲ့ကြပါတယ်။

မြောက်ကိုရီးယားက စားနပ်ရိက္ခာဖူလုံရေး အရေးပေါ်အစည်းအဝေးကျင်းပ

မြောက်ကိုရီးယားနိုင်ငံတွင် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် လူသားချင်းစာနောက်ထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ကြီးထွားလျှက်ရှိပြီး ‌ခေါင်းဆောင် ကင်မ်ဂျုံအွန်က အာဏာရပါတီတာဝန်ရှိသူများနှင့်အတူ နိုင်ငံစီးပွား ရေးနှင့် စိုက်ပျိုးရေးကဏ္ဍ တိုးတက်ကောင်းမွန်လာရေး စတင်ဆွေးနွေးနေကြောင်း‌ နိုင်ငံပိုင်သတင်းဌာနက ယနေ့ ဖော်ပြခဲ့သည်။

ဘိန်းစိုက်ပျိုးမှုတိုးလာသည့် စစ်ကောင်စီလက်ထက် ကန်ဒေါ်လာ သန်း ၉၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေး များ ဖမ်းမိခဲ့

စစ်တပ်အာဏာသိမ်းထားသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယခုနှစ် ဇန်နဝါရီ လကုန်အထိ အမေရိကန် ဒေါ်လာ သန်း ၉၀၀ ကျော်(၉၆၆.၅၂၅) သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့သည်ဟု စစ်ကောင်စီ လက်အောက်ခံ သတင်းစာများတွင်ဖော်ပြသည်။

ထိုင်းနိုင်ငံ၌ ကွန်ဒိုဝယ်ယူမှု မြန်မာက အဆင့်(၅) နေရာတွင် ရပ်တည်

ထိုင်းနိုင်ငံတွင် ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံခြားသားများအနေဖြင့် ကွန်ဒိုတိုက်ခန်းများ ဝယ်ယူမှု မြင့်တက်ခဲ့ကြောင်းနှင့် ထိုင်းနိုင်ငံ၏ အိမ်ခြံမြေသတင်းအချက်အလက်စင်တာ(Real Estate Information Centre - REIC)၏ ထုတ်ပြန်ချက်အရ ထိပ်တန်း ငါးနိုင်ငံစာရင်းတွင် မြန်မာနိုင်ငံက အဆင့်(၅)နေရာ၌ ပါဝင်လာခဲ့ကြောင်း သိရသည်။

ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင်များ နုတ်ထွက်ပေးရေးကိစ္စ ပွင့်လင်းရင်းနှီးစွာဆွေးနွေးရန်လို

နိုင်ငံရေးဦးဆောင်မှုအကြပ်အတည်းနှင့် ခေါင်းဆောင်မှုပြဿနာမှ ရုန်းထွက်နိုင်ရန်အတွက် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ-KNU) ဗဟိုအလုပ်အမှုဆောင်ကော်မတီတစ်ဖွဲ့လုံးက တာဝန်ခံသည့်အနေဖြင့် ရာထူးမှနုတ်ထွက်ပေးရန် ကမ္ဘာတစ်ဝှမ်းရှိ ကရင်အရပ်ဖက်အဖွဲ့အစည်း ၆၈ ဖွဲ့မှ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တောင်းဆိုကြသည်။

အမိန့်နာခံမှသာ စစ်သားကောင်း ပီသမယ်လို့ အာဏာသိမ်းစစ်တပ်ခေါင်းဆောင်ပြော

အမိန့်နာခံမှသာ စစ်သားကောင်းပီသမယ်လို့ အာဏာသိမ်းစစ်တပ်ခေါင်းဆောင်မင်း‌အောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

ပြည်သူ့ပါတီ ဗဟိုကော်မတီ အစည်းအဝေး ကျင်းပ

ပြည်သူ့ပါတီ(PP)သည် ဒုတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ၊ ရွှေဂုံတိုင်၊ ယုဇနတာဝါရှိ ပါတီဌာနချုပ်တွင်း ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့ နံနက်ပိုင်းက ကျင်းပနေကြသည်။

စနစ်သစ်နဲ့ နိုင်ငံကူးလက်မှတ်လျှောက်သူတွေကို စလစ်စထုတ်ပေး

အွန်လိုင်းစနစ်သစ်နဲ့ နိုင်ငံကူးလက်မှတ်လျှောက်ထားသူတွေကို ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက်မှာ ရန်ကုန်မြို့က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ စလစ်စထုတ်ပေးနေပြီလို့ သွားရောက်ထုတ်ယူသူတွေထံက သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရခိုင်က စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံနေ

ရခိုင်ပြည်၊ စစ်တွေမြို့သို့ရောက်ရှိနေသည့် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ရခိုင်ပြည်အတွင်းမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံနေကြောင်း DMG မှ စုံစမ်းသိရှိရသည်။

အနုပညာနဲ့ပတ်သက်ပြီး နေ့တိုင်းလည်း ကိုယ့်ကိုကိုယ့် ယှဥ်ပြိုင်မူတွေနဲ့ အမြဲ Update ဖြစ်အောင် ကြိုးစားနေရတယ်ဆိုတဲ့ ဇင်ဇင်ဇော်မြင့်

မျက်လုံးပြာပြာလေးကြောင့် ပရိသတ်အားပေးမူကို ရရှိခဲ့တဲ့ သရုပ်ဆောင် ဇင်ဇင်ဇော်မြင့်ကတော့ အနုပညာနဲ့ပတ်သက်ပြီး နေ့တိုင်းလည်း ကိုယ့်ကိုကိုယ့် ယှဥ်ပြိုင်မူတွေနဲ့ အမြဲ Update ဖြစ်အောင် ကြိုးစားနေရတယ်လို့ ဆိုပါတယ်။

Thursday, February 23, 2023

မြန်မာနဲ့ ယူကရိန်း ပြည်သူများရဲ့ လွတ်လပ်ရေးမျှော်မှန်းချက်အတွက် ထောက်ခံတယ်လို့ EU ထုတ်ပြန်

မြန်မာနဲ့ ယူကရိန်း ပြည်သူများရဲ့ လွတ်လပ်ရေး မျှော်မှန်းချက်အတွက် မားမားမတ်မတ် ရပ်တည်ထောက်ခံလျက်ရှိတယ်လို့ ဥရောပသမဂ္ဂ(EU)က ထုတ်ပြန်လိုက်ပါတယ်။

ငှက်ဖျားရောဂါသံသယလူနာတွေ့ ရင် ၂၄နာရီအတွင်း ဌာနကိုသတင်းပို့ရမယ်လို့ ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံမှာ ငှက်ဖျားပိုးကင်းစင်ဖို့ရည်မှန်းချက်အရ ရောဂါပိုးတွေ့တဲ့သံသယလူနာရှိပါက ၂၄နာရီအတွင်း နီးစပ်ရာကျန်းမာရေးဌာနကို သတင်းပို့ရမယ်လို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကပြောပါတယ်။