Sunday, February 26, 2023

ယူကရိန်းအား လက်နက်တပ်ဆင်ခြင်းကို ဂျာမနီ၌ လူပေါင်းထောင်ချီ ဆန့်ကျင်ဆန္ဒပြ

ဂျာမနီ၌ ဆန္ဒပြသူ တစ်သောင်းကျော်သည် ယူကရိန်းအား လက်နက်ပို့ဆောင်ခြင်းကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်းတို့ ဖော်ဆောင်ရန် တိုက်တွန်းခဲ့ကြပါတယ်။

ထိုဆန္ဒပြပွဲကို ထင်ရှားသည့် ဂျာမန်လက်ဝဲနိုင်ငံရေးသမား ဆာဟ်ရာ ဝါဂန်နက်ချ်က စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ဝင် ၁,၄၀၀ ကျော်က ခိုက်ရန်မဖြစ်ပွားစေရေးနှင့် ရုရှားနှင့် ဆိုဗီယက်အလံများ၊ စစ်ယူနီဖောင်းများနှင့် ရုရှားစစ်သီချင်းများ သင်္ကေတများ မပါဝင်စေရေး စောင့်ကြည့်ခဲ့ကြပါတယ်။

ရုရှား-ယူကရိန်း တစ်နှစ်ပြည့်ချိန်တွင် အနောက်နိုင်ငံများက ယူကရိန်းအား လက်နက်ပိုမိုထောက်ပံ့ရေး ကတိပြုခဲ့ပြီး ရုရှားအပေါ်တွင်လည်း အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်ခဲ့ကြပါတယ်။

“ဂျာမန်အဓိပတိအနေနဲ့ လက်နက်တွေပေးပို့ပြီး ပဋိပက္ခကို ပိုဆိုးအောင်လုပ်နေတာကို ရပ်တန့်ဖို့ တောင်းဆိုပါတယ်။ ချက်ချင်းရပ်တန့်ရပါမယ်။နေ့စဉ်နေ့တိုင်း လူပေါင်း ၁,၀၀၀ ကျော် သေဆုံးနေပါတယ်။ဒါဟာ တတိယကမ္ဘာစစ်ဆီ တွန်းပို့နေပါတယ်” ဟု ပွဲစီစဉ်သူများက ဝဘ်ဆိုဒ်တွင် ရေးသားထားပါတယ်။

ပွဲစီစဉ်သူများသည် လွန်ခဲ့သောနှစ်ပတ်ကတည်းက ငြိမ်းချမ်းရေးနှင့် ညှိနှိုင်းရေးအတွက် လက်မှတ်များ ကောက်ခံခဲ့ကြပြီး လက်မှတ် ၆၀၇,၀၀၀ စုဆောင်းပြီးဖြစ်ပါတယ်။ထိုအသနားခံစာတွင် ယူကရိန်းအနေဖြင့် အနောက်နိုင်ငံများ၏ ထောက်ပံ့မှုဖြင့် အသေးစားစစ်ပွဲ တစ်ခုချင်းစီကို နိုင်ချေရှိသော်လည်း ကမ္ဘာ့အကြီးဆုံး နျူကလီးယားစွမ်းအင်ပိုင်နိုင်ငံကို အပြီးသတ်အနိုင်ယူရန် မဖြစ်နိုင်ကြောင်းနှင့် နှစ်ဖက်စလုံးသည် စစ်ရေးအရ နိုင်ချေမရှိသောကြောင့် ညှိနှိုင်းဆွေးနွေးခြင်းဖြင့်သာ အဆုံးသတ်နိုင်မည်ဖြစ်ကြောင်း ရေးသားထားပါတယ်။

အမေရိကန်နှင့်အတူ ဂျာမနီသည်လည်း ယူကရိန်းအတွက် လက်နက်များ အများအပြားထောက်ပံ့နေသော နိုင်ငံတစ်ခုဖြစ်ပါတယ်။ယူကရိန်းအတွက် လက်နက်၊ ငွေကြေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေသည်မှာ ယူရို ၁၄ ဘီလီယံကျော်သွားပြီဖြစ်ကြောင်း ဂျာမန်အဓိပတိ အိုလက်ဖ် ရှုဇ်က ပြောခဲ့ပါတယ်။

အမေရိကန်ကမူ ဇန်နဝါရီလ ၁၅ ရက်နေ့အထိ ယူကရိန်းအတွက် စစ်ရေးဆိုင်ရာ အကူအညီအဖြစ် ပေးအပ်ခဲ့သည်မှာ ဒေါ်လာ ၄၆.၆ ဘီလီယံ တန်ဖိုးရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။

Linko
Ref - CMG 

0 comments:

Post a Comment