Thursday, February 23, 2023

ငှက်ဖျားရောဂါသံသယလူနာတွေ့ ရင် ၂၄နာရီအတွင်း ဌာနကိုသတင်းပို့ရမယ်လို့ ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံမှာ ငှက်ဖျားပိုးကင်းစင်ဖို့ရည်မှန်းချက်အရ ရောဂါပိုးတွေ့တဲ့သံသယလူနာရှိပါက ၂၄နာရီအတွင်း နီးစပ်ရာကျန်းမာရေးဌာနကို သတင်းပို့ရမယ်လို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကပြောပါတယ်။

၂၀၃၀ ခုနှစ် မှာ မြန်မာနိုင်ငံတွင်းငှက်ဖျားပိုးကင်းရမယ့် ရည်မှန်းချက်အရ ရောဂါရှိရာနေရာကနေ ရောဂါပိုးကို အရင်ဆုံးဖြတ်တောက်နိုင်ဖို့အတွက် ငှက်ဖျားရောဂါသံသယလူနာတွေကို အရင်ဆုံးရှာဖွေဖော်ထုတ်ဖို့လိုတယ်လို့ ကျန်းမာရေးဝန်ကြီးက  ဌာနတွင်းအစည်းအဝေးမှာပြောခဲ့တာလို့ဆိုပါတယ်။

နိုင်ငံတွင်းမှာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အမျိုးသားငှက်ဖျားရောဂါတိုက်ဖျက်ရေးစီမံချက်ဖြင့် ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်းကူးစက်ခံရသော ဖယ်စီပါရမ် ငှက်ဖျားပိုးတွေ့သူလုံးဝမရှိစေရန် ဆောင်ရွက်လျက်ရှိနေ ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ၂၀၃၀ ပြည့်နှစ်မှာ ခြင်ကိုက်ခံရခြင်းမှတဆင့် လူအချင်းချင်းကူးစက်သော ငှက်ဖျားပိုးတွေ့လူနာလုံးဝမရှိစေရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ငှက်ဖျားရောဂါကာကွယ်ထိန်းချုပ်ရေးမဟာဗျူဟာ(၂၀၁၆-၂၀၃၀)(Global Technical Strategy for Malaria 2016-2030)ပါ လုပ်ငန်းစဉ်များအတိုင်းလက်ရှိဆောင်ရွက်နေတယ်လို့သိရပါတယ်။

ရောဂါကင်းစင်ဖို့ ရောဂါဖြတ်တောက်ရေးအတွက် ငှက်ဖျားပိုးတွေ့လူနာတွေ့ရှိပါက လူနာနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်များကို တယ်လီဖုန်း၊စာတိုသတင်းပို့ခြင်း(SMS)တို့နဲ့၂၄ နာရီအတွင်း မဖြစ်မနေသတင်းပေးပို့ရမှာကို ပြည်သူများကျယ်ပြန့်စွာသိရှိရန် အသိပေးသွားမယ်လို့ သိရပါတယ်။


MyanmaPlatform

0 comments:

Post a Comment