Sunday, February 26, 2023

အမိန့်နာခံမှသာ စစ်သားကောင်း ပီသမယ်လို့ အာဏာသိမ်းစစ်တပ်ခေါင်းဆောင်ပြော

အမိန့်နာခံမှသာ စစ်သားကောင်းပီသမယ်လို့ အာဏာသိမ်းစစ်တပ်ခေါင်းဆောင်မင်း‌အောင်လှိုင်က ပြောဆိုလိုက်ပါတယ်။
မနေ့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တွေတပ်နယ်က အရာရှိ၊စစ်သည်၊မိသားစု‌တွေနဲ့တွေ့ဆုံပွဲမှာ အခုလိုပြောဆိုလိုက်တာ‌ဖြစ်ပါတယ်။
စစ်စည်းကမ်းဟာ တပ်မတော်ရဲ့ ကျောရိုးဖြစ်တာကြောင့် စည်းကမ်းလိုက်နာပြီး အမိန့်နာခံ မှသာ စစ်သားကောင်းတစ်ယောက်ပီသမယ် လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။နိုင်ငံတော်ရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်တွေကို ထမ်းဆောင်ရာမှာလည်း အမိန့်နာခံဖို့နဲ့ စည်းကမ်းကောင်းမွန်ဖို့ လိုအပ်တယ်လို့ လည်းဆိုပါတယ်။
စည်းကမ်းကောင်းမွန်းတာဟာ အမိန့်နာခံတာ ဖြစ်လို့ တပ်မတော်အတွင်းမှာ စည်းကမ်းတွေထုတ် ထားတာဟာလည်း ဘယ်လုပ်ငန်းကိုမဆို စည်းစနစ်တကျဆောင်ရွက်ဖို့နဲ့ မဖြစ်သင့်တဲ့အရာတွေမဖြစ်အောင် လုပ်ထားတာဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒါကြောင့် တပ်မတော်သားတွေအနေနဲ့ စည်းကမ်းတင်းကျပ်ထားတာဟာ အကြောင်းမယ့်တင်းကျပ်ထားတာမဟုတ်ဘူးဆိုတာကို သဘောပေါက်ဖို့လိုတယ်လို့လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကဆိုပါတယ်။
ဒါ့အပြင် ဘယ်ကိစ္စမှာမဆို လူသာလျှင်အဓိကဖြစ်လို့ စစ်သားတွေအနေနဲ့ အရည်အ သွေး ၊အရည်အချင်းတွေ ကောင်မွန်အောင်လုပ်ဖို့ အရေးကြီးတယ်လို့လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့ပါသေးတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်တွေတပ်နယ်က အရာရှိ၊စစ်သည်၊မိသားစု‌တွေနဲ့တွေ့ဆုံပွဲမှာ သူ့ရဲ့ တပ်သားတွေကို အမိန့်နာခံမှု ရှိကြဖို့နဲ့ စွမ်းရည်တိုးမြှင့်ကြဖို့ကို အဓိကထားပြောဆိုသွားခဲ့ပေမယ့်လည်း မြေပြင်အခြေအနေမှာတော့ သူ့စစ်သားတွေဟာ ပြည်သူတွေကို စည်းကမ်းမယ့်သတ်ဖြတ်တာတွေကို လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

0 comments:

Post a Comment