Sunday, February 26, 2023

ပတ်စ်ပို့တွေ ကိုယ်တိုင်လာလျှောက်ပါဆိုပြီး တိုကျိုရှိ မြန်မာသံရုံးပြော

ဂျပန်မှာ စာတိုက်ကတစ်ဆင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုး ပေးပို့လျှောက်ထားရာမှာ ကြန့်ကြာတာတွေ တွေ့ကြုံနေရတာကြောင့် ကိုယ်တိုင်လာလျှောက်ထားကြဖို့ ဂျပန်နိုင်ငံဆိုင်ရာ၊ မြန်မာသံရုံးမှ ထုတ်ပြန်အသိပေးထားပါတယ်။
ဂျပန်နိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများရဲ့ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းအား စာတိုက်မှတဆင့်ပေးပို့လျှောက်ထားမှုများကို ဂျပန်နိုင်ငံဆိုင်ရာ၊ မြန်မာသံရုံးမှ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ မလိုလားအပ်တဲ့ အချိန်ကြံ့ကြာမှုများတွေဖြစ်တဲ့ လျှောက်လွှာအချို့မှာ မြန်မာသံရုံးမှသတ်မှတ်ထားတဲ့ အချက်အလက်များ ပြည့်စုံမှုမရှိခြင်း၊ မှားယွင်းဖြည့်စွက်ခြင်းများကိုတွေ့ရ ခြင်းစတာတွေကြောင့် မြန်မာသံရုံးမှတာဝန်ရှိသူများက ပြန်လည်ပြင်ဆင်နိုင်ဖို့ လျှောက်လွှာပိုင်ရှင်မတွေကို ဆက်သွယ်ရာမှာ အခက်အခဲတွေရှိနေလို့ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရာမှာ ကြန့်ကြာမှုများဖြစ်ပေါ်နေရတယ်လို့ဆိုပါတယ်။

ဒါကြောင့် အထက်ပါ ကြန့်ကြာမှုတွေမရှိဖို့ နိုင်ငံကူးလက်မှတ်သက် တမ်းတိုးဖို့ လျှောက်ထားလိုတဲ့ တိုကျိုမြို့အနီးရှိ ချီဘ၊ ခါနာဂါဝါ၊ စိုက်တမ၊ အီဘာရာခိ၊ တိုချိဂိနဲ့ ဂွန်းမားခရိုင်များက နေထိုင်သူများအနေနဲ့ မြန်မာသံရုံးကို ကိုယ်တိုင်လာရောက်လျှောက်ထားရန် မြန်မာသံရုံးက တိုက်တွန်းထုတ်ပြန်ထားပါတယ်။

နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် လိုအပ်ချက်များရှိပါက သံရုံးမှအသိပေးနိုင်ရန် ဆက်သွ ယ်နိုင်မယ့် ဖုန်းနံပတ်နဲ့လက်ရှိ အသုံးပြုနေတဲ့ အီးမေးလ်လိပ်စာတို့ကို ထည့်သွင်းဖော်ပြပေးရန်လည်း အသိပေးထားပါတယ်။

လက်ရှိအချိန်ထိ မြန်မာသံရုံး၊ တိုကျိုမြို့မှာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် လျှောက်ထားရာမှာလိုအပ်ချက်များရှိနေတဲ့ လျှောက်လွှာ ၄၄၉ စောင်ရှိနေကြောင်း ဂျပန်နိုင်ငံဆိုင်ရာ၊ မြန်မာသံရုံးရဲ့ဖော်ပြချက်အရသိရပါတယ်။


MyanmaPlatform

0 comments:

Post a Comment