Sunday, February 26, 2023

မြောက်ကိုရီးယားက စားနပ်ရိက္ခာဖူလုံရေး အရေးပေါ်အစည်းအဝေးကျင်းပ

မြောက်ကိုရီးယားနိုင်ငံတွင် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် လူသားချင်းစာနောက်ထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ကြီးထွားလျှက်ရှိပြီး ‌ခေါင်းဆောင် ကင်မ်ဂျုံအွန်က အာဏာရပါတီတာဝန်ရှိသူများနှင့်အတူ နိုင်ငံစီးပွား ရေးနှင့် စိုက်ပျိုးရေးကဏ္ဍ တိုးတက်ကောင်းမွန်လာရေး စတင်ဆွေးနွေးနေကြောင်း‌ နိုင်ငံပိုင်သတင်းဌာနက ယနေ့ ဖော်ပြခဲ့သည်။
ကာလရှည်ဒဏ်ခတ်ပိတ်ဆို့မှုများအပြင် နှစ်ချီကိုဗစ်လော့ခ်ဒေါင်းချခဲ့ရသည့်အတွက် ‌ အထီးကျန် မြောက်ကိုရီးယား၏ စားနပ်ရိက္ခာမဖူလုံမှု ပိုမိုဆိုးရွားလာကြောင်း နိုင်ငံတကာကျွမ်းကျင်သူများက ဆိုသည်။
လက်ရှိကျင်းပလျှက်ရှိသည့် မြောက်ကိုရီးယားအလုပ် သမားပါတီ၏ ရှစ်ကြိမ်မြောက် တိုးချဲ့ မျက်နှာစုံညီအစည်းအဝေးကို ကင်မ်ဂျုံအွန်က ကြီးကြပ်ပြီး ‌ကျေးလက်ဖွံ့ဖြိုးရေး စီမံကိန်းများကို ပြန်လည်သုံးသပ်နေကြောင်း နိုင်ငံပိုင် ကေစီအင်အေ သတင်းက ဆိုသည်။
‌အဆိုပါ အစားအသောက်ဖူလုံရေး အရေးပေါ်အစည်း အဝေးနှင့်ပတ်သက်ပြီး "ယခုအစည်းအဝေးမှာ မြောက်ကိုရီးယား စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် မှန်ကန်သောဗျူဟာ ချမှတ်ရေးအလွန်အရေးပါပြီး အရေးပေါ် တာဝန်တစ်ရပ်" ဖြစ်ကြောင်း ကေစီအင်အေက ထုတ်ဖော်ကြေညာခဲ့သည်။
ယခုလစောပိုင်းကလည်း မြောက်ကိုရီးယား၏ စားနပ် ရိက္ခာအခြေအနေ ဆိုးရွာလာဟန်ရှိကြောင်း တောင်ကိုရီးယားက ပြောဆိုခဲ့ပြီး ယခုအစည်းအဝေးမှာ ဆိုးရွားသောစားနပ်ရိက္ခာပြတ်လပ်မှုကို လက်တွေ့အားဖြင့် ဝန်ခံမှုဖြစ် ကြောင်း ဆိုးလ်တာဝန်ရှိသူများက ဆိုသည်။
မြောက်ကိုရီးယား၏ စားနပ်ရိက္ခာဖူလုံမှုအခြေအနေမှာ ၁၉၉၀ ခုနှစ်များက ဖြစ်ပွားခဲ့သည့် အငတ်ဘေး ကာလနောက်ပိုင်း အဆိုးဆုံးအခြေအနေကို ရောက်ရှိနေပြီး လက်ရှိအစားအသောက်ရရှိမှုအခြေအနေမှာ လူသားတစ်ဦး အနည်းဆုံးလိုအပ်ချက်အောက် ကျဆင်းသွားဟန်တူကြောင်း မြောက်ကိုရီးယားကို စောင့်ကြည့်လေ့လာသည့် အမေရိကန်အခြေစိုက် 38 North က အစီရင်ခံစာတစ်ခုတွင် ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားသည် ၎င်းတို့၏ နျူကလီးယားလက် နက်နှင့် ပဲ့ထိန်းဒုံးကျည်အစီအစဉ်များကြောင့် တင်းကျပ်သောနိုင်ငံတကာ ဒဏ်ခတ်အရေးယူမှုနှင့် ရင်ဆိုင်နေရသည်။ ထို့အပြင် မကြာသေးမီနှစ်များအတွင်း ကန့်သတ်နယ်စပ်ကုန်သွယ်ရေးမှာလည်း ကိုဗစ်ကာကွယ်ရန် ကိုယ် တိုင်ချမှတ်သည့် လော့ခ်ဒေါင်းများကြောင့် အလုံးစုံနီးပါး ပိတ်သွားခဲ့သည်။
Source – Reuters
ပုံစာ ။ အာဏာရ မြောက်ကိုရီးယား အလုပ်သမားပါတီအစည်းအဝေး။

0 comments:

Post a Comment