Sunday, February 26, 2023

စနစ်သစ်နဲ့ နိုင်ငံကူးလက်မှတ်လျှောက်သူတွေကို စလစ်စထုတ်ပေး

အွန်လိုင်းစနစ်သစ်နဲ့ နိုင်ငံကူးလက်မှတ်လျှောက်ထားသူတွေကို ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက်မှာ ရန်ကုန်မြို့က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ စလစ်စထုတ်ပေးနေပြီလို့ သွားရောက်ထုတ်ယူသူတွေထံက သိရပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြန်လည်စတင်တဲ့ အွန်လိုင်းစနစ်သစ်နဲ့ လျှောက်ထားသူတွေကို ဒီကနေ့မှာ စတင်ရက်ချိန်းပေးတာဖြစ်ပြီး ရုံးရှေ့မှာ တန်းစီနေသူများတဲ့အကြောင်း သွားရောက်ထုတ်ယူသူတစ်ဦးကပြောပါတယ်။
ဒါပေမဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး ဝက်ဘ်ဆိုက်မှာ ဝင်ရောက်လျှောက်ထားသူများလွန်းတဲ့အတွက် ဝက်ဘ်ဆိုက်ကို ဝင်မရဖြစ်နေတယ်လို့ လျှောက်ထားသူတွေက ပြောပါတယ်။
‘’တစ်ခုကောင်းတာက အခုရုံးရှေ့မှာ အမြန်လုပ်ပေးမယ်ဆိုတာတွေ လာလုပ်လို့မရတော့ဘူး။ ရက်ချိန်းပေးတဲ့နေ့မှ လာတန်းစီတာဖြစ်သွားပြီလေ။ မကောင်းတာကတော့ လိုင်းက အရမ်းကြပ်လို့ ဝက်ဘ်ဆိုက်ကို ဝင်မရဖြစ်တာပဲ’’ လို့ နိုင်ငံကူးလက်မှတ်စလစ် သွားရောက်ထုတ်ယူသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
အွန်လိုင်းစနစ်သစ်အရ အရင်ကလို ရုံးထဲမှာငွေမသွင်းရတော့ဘဲ အွန်လိုင်းမှာလျှောက်ကတည်းကငွေသွင်းပြီးမှသာ ရက်ချိန်းပေးတာဖြစ်ပါတယ်။
တခြားမြို့ကြီးတွေမှာရှိတဲ့နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွေမှာရော နိုင်ငံကူးလက်မှတ်ပတ်စ်ပို့ ဘယ်လိုလျှောက်ရမလဲ။

0 comments:

Post a Comment