Sunday, February 26, 2023

အနုပညာနဲ့ပတ်သက်ပြီး နေ့တိုင်းလည်း ကိုယ့်ကိုကိုယ့် ယှဥ်ပြိုင်မူတွေနဲ့ အမြဲ Update ဖြစ်အောင် ကြိုးစားနေရတယ်ဆိုတဲ့ ဇင်ဇင်ဇော်မြင့်

မျက်လုံးပြာပြာလေးကြောင့် ပရိသတ်အားပေးမူကို ရရှိခဲ့တဲ့ သရုပ်ဆောင် ဇင်ဇင်ဇော်မြင့်ကတော့ အနုပညာနဲ့ပတ်သက်ပြီး နေ့တိုင်းလည်း ကိုယ့်ကိုကိုယ့် ယှဥ်ပြိုင်မူတွေနဲ့ အမြဲ Update ဖြစ်အောင် ကြိုးစားနေရတယ်လို့ ဆိုပါတယ်။
“မေလေး အနုပညာအလုပ်ပဲ လုပ်တတ်တယ်ဆိုပေမယ့် အိမ်ထောင်ကျတဲ့အချိန်မှာ မေလေး အနုပညာနဲ့ နည်းနည်း အလှမ်းဝေးသွားခဲ့တယ်။ မေလေးက ငယ်ငယ်ထဲက အနုပညာကို ဝါသနာပါတယ်လေ။ မေလေး အနုပညာပြန်လုပ်ချိန်မှာလည်း မေလေးကို ပရိသတ်မြင်နေကျပုံစံတွေနဲ့ မသွားချင်ဘူး။၂၀၂၃ ထဲမှာ မေလေးကို မြင်နေကျမဟုတ်ဘဲနဲ့ ကွဲထွက်တဲ့ Mood တွေနဲ့မျက်နှာ ဖက်ရှင်ဒီဇိုင်းတွေနဲ့ အဆန်းအပြားတွေနဲ့ ပရိသတ်ကြီးကို မေလေးက ပြချင်တာပါ”လို့ သရုပ်ဆောင် ဇင်ဇင်ဇော်မြင့်က ပြောပါတယ်။

သူမက အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးသလိုဖြစ်ခဲ့တာ အိမ်ထောင်ကျပြီး စီးပွားရေးအပိုင်းကို သိပ်နားမလည်တဲ့ အောက်ခြေကစ ပြန်လေ့လာခဲ့ရတာကြောင့်လို့ ဆိုပါတယ်။ လက်ရှိမှာ စီးပွားရေးကို အထိုက်အလျှောက် နားလည်လာပြီမို့ ကိုယ့်ရဲ့ ငယ်စဥ်က ဝါသနာပါတဲ့ အနုပညာကို ပြန်လုပ်ခွင့်ရတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာ အနုပညာအလုပ်တွေ ပြန်လုပ်ဖြစ်နေတာကလည်း ခင်ပွန်းသည်နဲ့ သားလေး နှစ်ယောက်က နားလည်မူတွေ ပေးထားတာကြောင့်မို့လို့ ဆိုပါတယ်။


MT News

0 comments:

Post a Comment