Thursday, March 8, 2018

ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) အကြီးအကဲ တာဝန်မှ ရုပ်သိမ်းခံရ


ဘင်္ဂလာဒေ့ရှ် အစိုးရမှ နယ်ခြားစောင့်တပ်ဖွဲ့/ Border Guard Bangladesh (BGB) အကြီးအကဲ ဗိုလ်မှူးချုပ် အဘူလ်ဟူစိန် ( Abul Hossain) ကို တာဝန်ရုပ်သိမ်းလိုက်ကြောင်း The Daily Star တွင် သတင်းဖော်ပြ သည်။
သူ့အား နယ်ခြားစောင့်တပ်ဖွဲ့ BGB မှ ညွှန်ကြားရေးမှူးချုပ် အဖြစ်ရုပ်သိမ်းပြီး ဘင်္ဂလာဒေ့ရှ်စစ်တပ်တွင် ပြန်လည်ပြီး တာဝန်ပေးအပ်လိုက်ကြောင်း သတင်းတွင် ဖော်ပြသည်။

လောလောဆယ်တွင် သူ့နေရာအား တာဝန်ယူမည့်သူအား အစိုးရက ခန့်အပ်ခြင်း မရှိသေးကြောင်း သတင်းတွင် ရေးသားထားသည်။

မည်သည့်အတွက်ကြောင့် တာဝန်မှ ရပ်စဲသည်ကို သတင်းတွင် ဖော်ပြထားခြင်း မရှိပါ။

Ref: BGB chief Maj Gen Abul Hossain withdrawn
Narinjara

0 comments:

Post a Comment