Thursday, March 8, 2018

အပစ်ရပ်ပူးတွဲစောင့်ကြည့်ရေးကော်မတီကိုယ်စားလှယ်ဦးရေ တိုးချဲ့ဖွဲ့စည်းရန် NCA လက်မှတ်ထိုးအဖွဲ့များလိုလား


တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးပူးတွဲစောင့် ကြည့်ရေးကော်မတီ(JMC)များတွင် ကိုယ်စားလှယ် ဦးရေ တိုးချဲ့ ဖွဲ့စည်းရေး NCA လက်မှတ်ထိုး အဖွဲ့များက လိုလားကြောင်း ပြည်ထောင်စုအဆင့် JMC အဖွဲ့ ၀င် ဆလိုင်းယောအောင်ကပြောသည်။
မကြာသေးမီက NCAလက်မှတ်ရေးထိုးထားသည့် မွန်ပြည် သစ်ပါတီမှ ကိုယ်စားလှယ်များ တိုးချဲ့ပါ ၀င်နိုင်ရေး ယခုလလယ် တွင် ပြုလုပ်မည့် (၁၅) ကြိမ် မြောက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အစည်းအဝေး၌ အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ က ဆွေးနွေးတင်ပြမည်ဖြစ် ကြောင်း၎င်းကပြောသည်။

‘‘ကျွန်တော်တို့ကတော့ကိုယ်စားလှယ်ကို တိုးချင်တယ်။ လက် ရှိ ၁၀ ယောက်ပေါ့နော်။ ၁၀ ထက်ပို ဖို့ပေါ့နော်။ တိုးတဲ့အခါမှာလည်း ကျွန်တော်တို့ရော၊ အရပ်သား ရော၊ အစိုးရဘက်ရောပေါ့။ တိုးဖို့ စဉ်းစားတယ်။ ကျွန်တော်တို့ သဘောထားကတော့ NCA မှာ နောင်ကိုအဖွဲ့တွေလည်း တိုးလာ နိုင်တယ်လို့ ခန့်မှန်းတယ်။ ဒါ ကြောင့် အခုကတည်းကနေပြီး တော့ ကြိုတင်ပြီးတော့ နှစ်ဦးနှစ်ဖက် JMC-U မှာ ဆွေးနွေး ကြမယ်။

ကျွန်တော်တို့ဆွေးနွေးလို့ တစ်ဖက်က အစိုးရသဘောမတူ ရင်တော့ အဲဒီအစည်းအဝေးမှာပဲ ကျွန်တော်တို့ အဆင်ပြေအောင် ညှိနှိုင်းကြဖို့ စဉ်းစားထားပါတယ်’’ ဟု ABSDF ကိုယ်စားလှယ် ဆ လိုင်းယောအောင်က မတ်လ ၇ ရက်တွင် ပြောကြားသည်။

မွန်ပြည်သစ်ပါတီကိုယ်စား လှယ်များ JMC ကော်မတီတွင်ပါ ၀င်လာပါက ပြည်ထောင်စုအဆင့်နှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်းအဆင့် ကော် မတီများတွင် ပါဝင်လာနိုင်ရန် ဆွေးနွေးထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

ပြည်ထောင်စုအဆင့် JMC ကို အစိုးရ၊ NCA လက်မှတ်ထိုး ထားသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ  နှင့် အရပ်သားကိုယ်စားလှယ်များ စုစုပေါင်း ၂၆ ဦးဖြင့် ဖွဲ့စည်းထားသည်။ JMC ကိုယ်စားလှယ်များ တိုးချဲ့နိုင်ရေးဆွေးနွေးမှုအဆင် ပြေပါက NCA အကောင်အထည် ဖော်မှုဆိုင်ရာညှိနှိုင်း အစည်းအ ဝေး (JICM) တွင် အတည်ပြုချက် ရယူမည် ဖြစ်သည်။

အပစ်ရပ်လက်မှတ်ထိုးထား သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ကိုးဖွဲ့၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး ပူး တွဲစောင့်ကြည့်ရေး (JMC) ဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်မြို့ Green Hill ဟိုတယ် တွင် မတ်လ ၃ရက်မှ ၇ ရက်အထိပြုလုပ်ခဲ့သည်။

JMC တွင် မွန်အဖွဲ့အနေဖြင့်ကိုယ်စားလှယ်ပါဝင်နိုင်မည်ဖြစ် သော်လည်း လားဟူအဖွဲ့သည် အစိုးရနှင့် နှစ်ဦးနှစ်ဖက်သဘော တူစာချုပ်ချုပ်ဆိုထားခြင်းမရှိ၍ ပါဝင်နိုင်ခြင်းမရှိကြောင်း တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ကိုယ်စားလှယ်များက ပြောကြားသည်။ သို့ရာတွင် လားဟူအဖွဲ့အ နေဖြင့် ပြည်ထောင်စုငြိမ်း ချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီUPDJC နှင့် NCA အကောင်အထည်ဖော် မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) သို့ ကိုယ်စားလှယ် တက်ရောက်နိုင်မည်ဖြစ်ကြောင်း ၎င်းတို့ကဆက်လက်ပြောကြားသည်။

7Day

0 comments:

Post a Comment