သက်ငယ်မုဒိမ်းနှင့် လူသတ်မုဒိမ်းများအား သေဒဏ်ပေးရေး လက်မှတ်ကောက်ခံခြင်းကို လက်မှတ်သုံးသိန်းရသည်အထိ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိ ရသည်။
 
 သက်ငယ်မုဒိမ်းနှင့် လူသတ်မုဒိမ်းများအား သေဒဏ်ပေးရေးလက်မှတ် 
ကောက်ခံပွဲကို မတ် ၄ ရက် နံနက် ၈ နာရီက လှိုင်သာယာမြို့နယ် 
ပင်လုံဈေးရှေ့၌ ပြုလုပ်ခဲ့သည်။  အဆိုပါ လက်မှတ်ကောက်ခံပွဲကို လှိုင်သာယာမြို့နယ်အတွင်းရှိ သက်ငယ်မုဒိမ်းနှင့် လူသတ်မုဒိမ်း အား သေဒဏ်ပေးရန် 
ထောက်ခံသည့်သူများမှ စုပေါင်းလုပ်ဆောင် ခြင်းဖြစ်ပြီး ဒုတိယအကြိမ်
 လက်မှတ်ကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။  “သက်ငယ်မုဒိမ်းမှုတွေကို
 ရှုတ်ချတဲ့ ညီအစ်ကိုမောင်နှမတွေ စုပေါင်းပြီး လုပ်ကြတာပါ။ 
အရွယ်မရောက်သေး တဲ့ ကလေးသူ ငယ်တွေကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်တာ 
လူ့ဘောင်လူ့ပတ်ဝန်းကျင်နဲ့ကြည့်ရင်
 ဘယ်လိုမှ ခွင့်လွှတ်ပေးလို့မရတဲ့ ပြဿနာတစ်ခု ဖြစ်နေတယ်။ 
ဒီလိုအမှုတွေကို သေဒဏ်ပေးတာ အကောင်းဆုံးလို့မြင်တယ်။ အဲဒါကြောင့် အခုလို တောင်းဆိုနေတာပါ။ ရန်ကုန်တိုင်းက သက်ငယ်မုဒိမ်းမှု အဖြစ်အများဆုံးဖြစ်နေ တယ်” ဟု သက်ငယ်မုဒိမ်းနှင့် လူသတ်မုဒိမ်းသေဒဏ်ပေးရေး လက်မှတ်ကောက်ခံ ပွဲဦးဆောင်သူ ကိုထက်အောင်ရှိုင်းက ပြောကြားသည်။  အဆိုပါ လက်မှတ်ကောက်ခံပွဲကို သက်ငယ်မုဒိမ်းနှင့် လူသတ်မုဒိမ်းသေဒဏ်ပေးရေး ထောက်ခံသူအများ အပြား ပူးပေါင်း ပါဝင်ခဲ့ပြီး လတ်မှတ်သုံးသိန်းရသည်အထိ ဆက်လက်ကောက်ခံသွားမည်ဖြစ်ကြောင်း ကိုထက်အောင်ရှိုင်းက ဆက်လက်ပြောကြားသည်။  “လက်မှတ်သုံးသိန်းရတဲ့အထိ ကောက်ခံသွားမှာပါ။ လက်မှတ်သုံးသိန်းရရင် လွှတ်တော်ကို တင်လို့ရပါတယ်။ သုံးသိန်းကျော်သွားရင်လည်း ဒီဥပဒေက အမြန်ဆုံး ပေါ်ပေါက်လာမယ်လို့ ယူဆတယ်။ အဲဒါကြောင့် အခုလို ဆက်တိုက်ကောက်ခံနေတာပါ။ ပြည်သူလူထုထောက်ခံသထက် ထောက်ခံလာအောင် ကျွန်တော်တို့ ကြိုးစားသွားမှာပါ။ ဒီဥပဒေ အမြန်ဆုံးပေါ်ပေါက်လာဖို့ လိုအပ်တယ်။ အဲဒါကြောင့် လုပ်သင့်တာတွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု ကို ထက်အောင်ရှိုင်းက ပြောကြားသည်။  ထို့ပြင် သက်ငယ်မုဒိမ်းနှင့် လူသတ်မု ဒိမ်းမှုများအား ထိရောက်သည့်ဥပဒေနှင့် အရေးယူပေးရန်လိုအပ်ပြီး
 တရားဥပဒေစိုးမိုးရေးသည် အဓိကဖြစ်သည်ဟု သက်ငယ်မုဒိမ်းနှင့် 
လူသက်မုဒိမ်းများအား သေဒဏ်ပေးရေး အတွက် လက်မှတ်ပါဝင်ရေးထိုးသူ 
ကိုဝဏ္ဏက ပြောကြားသည်။  “အဓိကက တရားဥပဒေစိုးမိုးရေးပါ။ 
သက်ကြီးကိုပဲ မုဒိမ်းကျင့်ကျင့် သက်ငယ်ကိုပဲ မုဒိမ်းကျင့်ကျင့် 
ဒီပုဒ်မနဲ့ပဲ အရေးယူတယ်ဆိုတာ မဖြစ်သင့်ဘူး။ ထိရောက်တဲ့ဥပဒေ 
တစ်ခုတော့ ရှိသင့်နေပြီ။ တရားဥပဒေက အဓိက ကျတယ်။ ပြစ်မှုကျူးလွန်ရင် 
ဥပဒေနဲ့ အညီ အရေးယူရမယ်။ ဥပဒေကိုကျော်ပြီး အရေးယူလို့မရဘူး။ အဲဒီတော့ 
သက်ငယ်မုဒိမ်းအတွက် ပြင်းထန်ထိရောက်တဲ့ ဥပဒေလိုတယ်။ အဲဒီအတွက် 
ပူးပေါင်းဆောင်ရွက်တာပါ။
 အခုဆို သံသယအကြည့်တွေနဲ့ ပတ်ဝန်းကျင်မှာ နေထိုင်နေရတယ်။ လူတိုင်း
 သက်ငယ်မုဒိမ်း မကျူးလွန်ပေမဲ့ သံသယအကြည့်တွေကြောင့် 
နေရထိုင်ရခက်လာတယ်”ဟု ကိုဝဏ္ဏက ပြောကြားသည်။  အဆိုပါ 
လက်မှတ်ကောက်ခံပွဲကို နံနက် ၈ နာရီမှစတင်ကာ လှိုင်သာယာမြို့နယ် 
ပင်လုံဈေးရှေ့တွင် ပြုလုပ် ခဲ့ပြီး ညနေ ၅ နာရီအထိ 
လက်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။  သက်ငယ်မုဒိမ်း သေဒဏ်ပေးရေးလှုပ်ရှားမှုများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မြောက်ဒဂုံ၊ သာကေတ၊ ကမာရွတ်၊ သင်္ကန်းကျွန်း၊ လှိုင်သာယာမြို့နယ်များတွင် ဆက်တိုက်ပြုလုပ်လျက်ရှိပြီး အနယ်နယ်အရပ်ရပ်ရှိ မြို့နယ်များတွင်လည်း လှုပ်ရှားမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။  မျိုးထက်ပိုင် Eleven Media Group
 
0 comments:
Post a Comment