Monday, March 5, 2018

မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်နှင့် စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် မောင်းသူမဲ့ လေယာဉ်အသုံးပြုကာ မိတ္ထီလာမြို့နယ်နိမိတ်အား မြေပုံထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်


မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့၌ မတ် ၃ ရက် နံနက် ၉ နာရီခန့်တွင် မိတ္ထီလာမြို့နယ် စည်ပင်သာယာနယ်နိမိတ်အား စည်ပင် သာယာရေးဦးစီးဌာန၏ ပထမဆုံး ''မောင်းသူမဲ့လေယာဉ်ပျံဖြင့် မြေပုံ ထုတ်လုပ်ခြင်းလုပ်ငန်း''ကို မြန်မာ နိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်ဝင်းအတွင်း ဆောင်ရွက်ခဲ့သည်။


မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်နှင့် မိတ္ထီလာ မြို့နယ် စည်ပင်သာယာရေးဦးစီး ဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ် မောင်းသူမဲ့ လေယာဉ် သုတေသနဌာန ဌာနမှူး ဒေါက်တာ သဲမောင်မောင်နှင့် မိတ္ထီလာမြို့စည်ပင် သာယာရေးကော် မတီဥက္ကဋ္ဌ ဒေါ်နီလာ ဝင်း၊ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေး ဦးစီးဌာန အမှုဆောင်အရာရှိ ဦးသန့်ဇင်၊ ကော်မတီဝင်များဖြစ်သည့် ဦးကျော်အေး၊ ဦးတင်သန်း၊ ဦးအောင်ကြိုင်တို့ပါဝင်သော စည်ပင်သာယာရေး ဝန်ထမ်းများ ပူးပေါင်း ၍ မိတ္ထီလာမြို့စည်ပင်သာယာရေး နယ်နိ မိတ်အား မောင်းသူမဲ့ လေယာဉ်ပျံဖြင့် မိတ္ထီလာမြို့ မြေပုံထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

''၂ဝ၁၇ ခုနှစ် သြဂုတ် ၁၁ ရက်က ပညာရေးဌာနဝန်ကြီးရဲ့ ခွင့်ပြုချက်နဲ့ ဆောင်ရွက်ခဲ့တာပါ၊ အဓိကကတော့ စနစ် ကျတဲ့ ရေဆိုးထုတ်စနစ်ဖြစ်ပေါ်လာရေး အတွက် ကွန်ဒိုလိုင်း ပါဝင်တဲ့ မြေပုံထုတ် လုပ်နိုင်ဖို့၊ ပြီးတော့ မြို့ပေါ်မှာရှိတဲ့ လမ်း တံတားတွေရဲ့ နောက်ဆုံးအခြေအနေကို မှတ်တမ်းတင်ထားရှိနိုင်ဖို့နဲ့ လိုအပ် သလိုတိုး ချဲ့ပြင်ဆင်နိုင်ဖို့ကို ရည်ရွယ်ပြီး လုပ်ဆောင်တာပါ၊ ပြီးခဲ့တဲ့ သုံးလ အတွင်း အကြိမ် ၂ဝ ကျော် ပျံသန်း လုပ်ဆောင်နိုင်ခဲ့ပါတယ်''ဟု မိတ္ထီလာ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်နီလာဝင်းက ပြောသည်။

''မောင်းသူမဲ့ လေယာဉ်ပျံနဲ့ မိတ္ထီလာမြို့မြေပုံထုတ်လုပ်ခြင်း လုပ်ငန်း ကို ဆောင်ရွက်တာပါ၊ လုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်က ပစ္စည်းခွန်၊ အဆောက် အအုံ ဆောက်လုပ်ခြင်းစစ်ဆေးခ၊ စားသောက်ဆိုင်လုပ်ငန်းတွေ လိုင်စင်ခ စတာတို့ ကောက်ခံရာမှာ အချက် အလက်တိတိကျကျရရှိစေဖို့နဲ့ မိတ္ထီလာ မြို့ မြို့ပေါ်ရေပေးဝေရေး လုပ်ငန်းတွေ၊ ရေပိုက်လိုင်းတွေ၊ ရေလှောင်ကန်တွေ၊ ရေစက်ရုံတွေ၊ ရေစင်များရဲ့ တည်နေရာ ကို တိတိကျကျသိရှိနိုင်ဖို့နဲ့ ရေပေးရေး လုပ်ငန်းတွေကို ထိရောက်စွာ အထောက်အကူပြုနိုင်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်တာဖြစ်ပါတယ်'' ဟု မိတ္ထီလာ မြို့ စည်ပင်သာယာရေးဦးစီးဌာန အမှု ဆောင်အရာရှိ ဦးသန့်ဇင်က ပြောသည်။

မိတ္ထီလာမြို့နယ် စည်ပင်သာယာရေး ဦးစီးဌာန၏ မိတ္ထီလာမြို့ နယ်နိမိတ်အား မောင်းသူမဲ့လေယာဉ်ပျံဖြင့် မြေပုံ ထုတ်လုပ်ခြင်းကြောင့် မိတ္ထီလာမြို့၏ နယ်နိမိတ်အား တိကျစွာသိရှိနိုင်ပြီး ကျန်အစိုးရဌာနများအတွက် များစွာ အထောက်အကူ ဖြစ်စေနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်နှင့် စည်ပင် သာယာရေးဦးစီးဌာနတို့ ပူးပေါင်း ၍ စည်ပင်သာယာရေးဦးစီးဌာန၏ မောင်းသူမဲ့ လေယာဉ်ပျံဖြင့် မြေပုံ ထုတ်လုပ်ခြင်းလုပ်ငန်းအား မြန်မာနိုင်ငံ တွင် မိတ္ထီလာမြို့၌ ပထမဦးဆုံး လုပ်ကိုင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဘိုဘို(မလှိုင်)
Myanmaalinn

0 comments:

Post a Comment