Thursday, March 8, 2018

နေပြည်တော် ငလျင်ကြောင့် စေတီတော်သုံးဆူ ထိခိုက်ပျက်စီး ရေလှောင်တမံများထိခိုက်မှု မရှိဟု အစိုးရ သတင်းထုတ်ပြန်


နေပြည်တော်ကိုဗဟိုပြု၍ လှုပ်ခတ်ခဲ့ သော အင်အား ရစ်ခ်ျတာစကေး ၅ ဒသမ ၅ အဆင့် ငလျင်ကြောင့် ဥတ္တရသီရိမြို့နယ်ရှိ စေတီတော် သုံးဆူထိခိုက်ပျက်စီးခဲ့သော်လည်း နေပြည်တော် ကောင်စီနယ်မြေရှိ ရေလှောင်တမံများ ထိခိုက်မှုမရှိ ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။
အင်အားအသင့်အတင့်ရှိသော ငလျင်သည် နေပြည်တော် မြေငလျင်စခန်းမှ အနောက်မြောက် ဘက် ၁၂ မိုင်ခန့်အကွာ ဥတ္တရသီရိမြို့နယ်ကို ဗဟိုပြု၍ မတ်လ ၈ ရက် နံနက် ၃ နာရီ ၄၃ မိနစ်က လှုပ်ခတ်ခဲ့သည်။

ငလျင်သည် မြေအနက် ၁၀ ကီလိုမီတာတွင် ဗဟိုပြုသော ဇောက်တိမ်ငလျင် ဖြစ်သည်။ လှုပ်ခတ်မှု အလွန်ပြင်းထန်ပြီး နေပြည်တော် မြို့မဈေးအနီးရှိ ပိ တောက်အိမ်ရာမှ အဆောက်အ အုံတစ်ခုနှင့် ဇမ္ဗူသီရိမြို့နယ် ဉာ ဏသိဒ္ဓိရပ်ကွက်ရှိ ရဲတပ်ဖွဲ့ဝန်  ထမ်းအိမ်ရာတွင် မျက်နှာကြက် အက်ကွဲမှုအချို့ ဖြစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ သို့ သော် အထက်ပါပျက်စီးမှုစာရင်းကိုမူ မရရှိကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ပြောသည်။

ငလျင်ကြောင့် ဥတ္တရသီရိ မြို့နယ် မအူလေးပင်ကျေးရွာရှိ ဉာဏ်တော်အမြင့် ၅၅ ပေရှိသော မိုးကောင်းစေ တီတော် စိန်ဖူးတော် မြေခခဲ့သည်။ မိုးစွေကျေး ရွာမှ ဉာဏ်တော်အမြင့် ၄၅ ပေရှိ  စေတီတော် အနည်းငယ် တိမ်းစောင်းခဲ့ပြီး တောင်ဘက်အ ခြမ်း အောက်ပိုင်းပြိုကျခဲ့သည်။ ထို့အပြင် ဉာဏ်တော် ၉ ပေရှိ အရံစေ တီတော်တစ်ဆူ ပြိုကျ ပျက်စီးခဲ့ကြောင်း ဒေါက်တာကိုကိုနိုင်က ပြောသည်။ ရွှေနံ့သာရပ်ကွက်တွင် ခြံစည်း ရိုးအုတ် နံရံတစ်ခု ပြိုကျခဲ့သည်။ ငလျင် ကြောင့် လူနှင့် တိရစ္ဆာန်ထိခိုက်မှု မရှိခဲ့ပေ။

‘‘လောလောဆယ်ရတဲ့ စာ ရင်းတွေပါ။ အခုထိခိုက်တဲ့ စေတီ တွေက ရှေးဟောင်း စေတီတွေ ပါ။ ကျန်တဲ့ထိ ခိုက်ပျက်စီးသတင်း တော့ မရသေးပါဘူး’’ ဟု ဒေါက် တာကိုကိုနိုင်က ဆက်ပြောသည်။

ငလျင်ဗဟိုပြုသည့် နေရာ အနီး ငလိုက်ဆည်ရှိသဖြင့် ပြင်း ထန်စွာ လှုပ်ခတ်သော ငလျင်ကြောင့် ဆည်၏ ကြံ့ခိုင်မှုကို ဒေ သခံများက စိုးရိမ်ခဲ့သည်။ မတ်လ ၈ ရက် နေ့လယ်တွင်မူ နေ ပြည်တော်ကောင်စီ နယ်မြေ အတွင်းရှိ ဆည်မြောင်းနှင့် ရေ လှောင်တမံများ အားလုံးထိခိုက် ပျက်စီးမှုမရှိကြောင်း ပြန်ကြား ရေးဝန်ကြီး ဌာနက သတင်းထုတ် ပြန်သည်။

‘‘ကျွန်တော်တို့ဝန်ထမ်းတွေ က ညတွင်းချင်း လိုက်စစ်ဆေးခဲ့ တယ်။ မနက်ဘက်ကျတော့ လူ ကြီးတွေပါ လာစစ်ဆေးပါတယ်။ ထိခိုက်ပျက်စီးမှု ဘာမှမရှိခဲ့ပါ ဘူး’’ ဟု ငလိုက်ဆည်တာဝန်ခံ၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံ ခန့်ခွဲရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ကျော်ဦးက ပြောသည်။

‘‘ငလျင်က အိပ်ကောင်းတဲ့ အချိန် လှုပ်တာ။ အိမ်ကြီးကိုလူ တစ်ယောက်က ကိုင်ပြီး လှုပ်နေ သလိုကြီး။ ပြတင်းပေါက်တွေက ဗြောင်း ဗြောင်း ဗြောင်း ဗြောင်းနဲ့  လေး၊ ငါးခါလောက်ဆွဲခါလိုက်သ လိုပဲ။ ကြောက် တတ်တဲ့သူတွေ တော့ အိမ်အောက်ကို ဆင်းသွား ကြတယ်’’ ဟု ငလျင်လှုပ်ခတ်ချိန်တွင် လေးထပ်အဆောက် အအုံ ဝန်ထမ်းအိမ်ရာ၏ ဒုတိယထပ် နေ အရာရှိတစ်ဦးက ပြောသည်။

ထူးခြားမှုတစ်ခုသည် ပြင်း ထန်သော သဘာဝဘေးများဖြစ် ပေါ်ခါနီးတွင် ကြားရတတ်သော တော်လည်း သံကဲ့သို့ အသံမျိုးကို ငလျင်မလှုပ်မီ စက္ကန့်ပိုင်းတွင် ကြားရကြောင်း နေပြည်တော်၌ နေထိုင်သူ အချို့က ပြောသည်။

စစ်ကိုင်း ပြတ်ရွေ့သည် နေ ပြည်တော်အနီးဖြတ်ပြီး ယမန် နေ့က လှုပ်ခတ်သော ငလျင်သည် စစ်ကိုင်းပြတ်ရွေ့ကြောင့် ဖြစ်နိုင် သလို အင်အားပြင်း ငလျင်နှင့် နောက်ဆက်တွဲ ငလျင်များ သတိပြုနေထိုင် ရန် မြန်မာနိုင်ငံ မြေငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်က တိုက်တွန်း ပြောကြားသည်။

‘‘စစ်ကိုင်းပြတ်ရွေ့ လှုပ်ရှား တာလို့ ယူဆတယ်။ ဗဟိုပြုတဲ့ နေရာက အဲဒီပြတ်ရွေ့နဲ့ အနီးဆုံး ဖြစ်နေတာ ကိုး။ အခုက ၅ ဒသမ ၅ ဆိုတော့ နောက်ဆက်တွဲငလျင် လာနိုင်တယ်။ နောက်ပြီးဒီနေရာ က စစ်ကိုင်း ပြတ်ရွေ့ဖြတ်သွားတဲ့ နေရာဆိုတော့ ငလျင်ကြီး လှုပ် နိုင်ခြေရှိတဲ့ နေရာလည်း ဖြစ်နေတယ်’’ဟု ဒေါက်တာ မျိုးသန့်က ဆိုသည်။

စစ်ကိုင်းပြတ်ရွေ့၏ နေပြည် တော် - အင်းဝ အပိုင်းသည် အင်အားပြင်းငလျင်အဖြစ် လွန်ခဲ့ သော ၁၇၉ နှစ်က နောက် ဆုံးလှုပ်ခတ်ခဲ့၍ နောက်တစ် ကြိမ် အင်အားပြင်းငလျင် လှုပ် နိုင်ခြေရှိသည့် အခြေအနေကို သတိပြုရန် ဘူမိဗေဒပညာရှင် များက သတိပေးသည်။ အင်းဝ ငလျင်အဖြစ် နာမည်ကြီးခဲ့ပြီး ၁၈၃၉ က လှုပ်ခတ်သော စစ်ကိုင်း ပြတ်ရွေ့ကြောင့် လူလေးရာခန့် သေဆုံးခဲ့ကြောင်း ငလျင်မှတ် တမ်းများတွင် ဖော်ပြထားသည်။

နေပြည်တော် ၀န်းကျင်တွင် စစ်ကိုင်းပြတ်ရွေ့နှင့် ဂွေးချိုပြတ် ရွေ့ရှိနေပြီး အနီးဆုံးသည် စစ် ကိုင်းပြတ်ရွေ့ ဖြစ်သည်။ နေပြည် တော်အနီး အတိတ်ကလှုပ်ခတ်ခဲ့ သော ငလျင်များနှင့် အနာဂတ် တွင် လှုပ်ခတ်နိုင်ခြေ ရှိ၊ မရှိအခြေ အနေကို မြန်မာနိုင်ငံမြေငလျင် ကော်မတီမှ ဘူမိဗေဒပညာရှင် များနှင့် စင်ကာပူနိုင်ငံ နန်ယန် တက္ကသိုလ်မှ မြေငလျင် ပညာရှင် တစ်ဦးပါဝင်သော အဖွဲ့က ပြီးခဲ့ သည့် ဇန်န၀ါရီအတွင်း ကွင်းဆင်း လေ့လာခဲ့သည်။ စစ်ကိုင်းပြတ် ရွေ့သည် အင်အားပြင်း ငလျင်အ ဖြစ်လှုပ်ခတ်ပါက ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်အပါအ ၀င် ပြတ်ရွေ့တစ်လျှောက်ရှိ မြို့ ကြီး ၁၀ မြို့ထက်မနည်း အန္တရာယ် ရှိနေ၍ ကြိုတင် သတိပြုရန် လို ကြောင်း မြန်မာနိုင်ငံ မြေငလျင် ကော်မတီက သတိပေးထား သည်။

7Day

0 comments:

Post a Comment