Thursday, March 8, 2018

ဗေဒင်ဆရာ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို နိုင်ငံတော် အကြီးအကဲထံ တိုင်ကြား


ဗေဒင်ဆရာရဲ့  လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး  နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ပြည်ထဲရေး ဝန်ကြီး၊ သာသနာရေးဝန်ကြီးဌာနတွေထံ တိုင်ကြားစာတွေ ပေးပို့ထားတယ်လို့  ကျူးလွန်ခံရသူတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ အမျိုးသမီးတွေနဲ့  တက်ကြွလှုပ်ရှားသူတွေက မတ်လ ၈ ရက်က ရန်ကုန်မှာ  ရှင်းလင်း ပွဲပြုလုပ်ခဲ့ပြီး အမျိုးသမီးအများစုဟာ တရားဥပဒေစိုးမိုးမှု အားနည်းနေတာကြောင့်  လိင်ပိုင်းဆိုင်ရာ ကျုးလွန် မှုတွေ ခံနေရတယ်လို့ ပြောပါတယ်။
 
ဒါ့အပြင် ရန်ကုန်မြို့ ကိုးထပ်ကြီးဘုရား ဗေဒင်ခန်းမှာ ဗေဒင်ဆရာ အောင်ချစ်ပိုအနေနဲ့ အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ ကျုးလွန်မှုတွေ ထပ်မံမဖြစ်ပေါ်စေဖို့နဲ့ အခုလို ဖြစ်ရပ်မျိုးအတွက် မရှက် မကြောက် ရဲရဲဝံ့ဝံ့ တိုင်ကြားလာသူ အမျိုးသမီးတွေအပေါ် ဥပဒေကြောင်းအရ အကာအကွယ်ပေးဖို့ကိုလည်း တောင်း ဆိုထားပါတယ်။

ဗေဒင်ဆရာ အောင်ချစ်ပိုကို ရဲစခန်းက အာမခံပေးလိုက်တဲ့အပေါ်မှာလည်း အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ က ဝေဖန်ထားပါတယ်။

ဗေဒင်ဆရာ အောင်ချစ်ပိုကလည်း သူ့ကို တရားစွဲဆိုထားတဲ့  သရုပ်ဆောင် ဒိန်းပိုပိုဒေါင်ကို ပုဒ်မ-၅၀၀ နဲ့ တရားရုံးမှာ ဦးတိုက်လျှောက်ထားပြီး ပြန်လည် တရားစွဲဆိုထားပါတယ်။

DVB

0 comments:

Post a Comment