၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်မှ ၂၆ ရက်ထိ မြန်မာ-ဘင်္ဂလားဒေ့ရှ် 
နှစ်နိုင်ငံ နှစ်ဖက် ညှိနှိုင်း၍ ကင်းလှည့်ခြင်းကို 
မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့ BGP နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ 
နယ်ခြားစောင့်ရဲတပ်ဖွဲ့ BGB တို့ ပူးပေါင်း၍ နယ်စပ်မှတ်တိုင် (၄၂)မှ (၅၅)ထိ
 ၁၄ ကြိမ် ကင်းလှည့် ဆောင်ရွက်ခဲ့ကြသည်။
 ထိုသို့ဆောင်ရွက်ခဲ့ကြသဖြင့် နယ်စပ်တစ်လျောက် အကြမ်းဖက်သမားများခိုအောင်းလှုပ်ရှားမှု မရှိစေရေးနှင့် တရားမဝင် 
လူခိုးဝင်/ခိုးထွက်ခြင်းများကိုလည်းကောင်း၊ တရားမဝင်အကောက်ခွန်မဲ့ 
ကုန်ပစ္စည်းများ ခိုးသွင်း/ ခိုးထုတ်ခြင်းများကို လည်းကောင်း 
တားဆီးနိုင်သည့်အပြင် နှစ်နိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့အချင်းချင်း 
ချစ်ခင်ယုံကြည်မှုရရှိကာ နယ်ခြားမျဉ်း နယ်နိမိတ်တစ်လျောက်တွင် ဖြစ်ပေါ် 
လာသည့် ကိစ္စရပ်များအား အချိန်နှင့်တစ်ပြေးညီ သတင်း 
ညှိနှိုင်းဖလှယ်နိုင်ခြင်းဖြင့် တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်းကျဆင်းရေး 
လုပ်ငန်းများအတွက် ထိရောက်ကောင်းမွန်သော လုပ်ငန်းများအား 
အကောင်အထည်ဖော်ဆောင်ရွက်နိုင် ခဲ့ကြောင်း သိရှိရပါသည်။
Source - မြန်မာနိုင်ငံရဲတပ်ဖွဲ့
ပုံစာ - နှစ်နိုင်ငံဟန်ချက်ညီကင်းလှည့်ဆောင်ရွက်ခဲ့ကြသည့် မှတ်တမ်းဓာတ်ပုံများ
Popular News Journal
Source - မြန်မာနိုင်ငံရဲတပ်ဖွဲ့
ပုံစာ - နှစ်နိုင်ငံဟန်ချက်ညီကင်းလှည့်ဆောင်ရွက်ခဲ့ကြသည့် မှတ်တမ်းဓာတ်ပုံများ
Popular News Journal
 







 
 
 
 
 
0 comments:
Post a Comment