တရားမ၀င် မှောင်ခိုလုပ်ငန်းများ၊ အခွန်တိမ်းရှောင်သူများအပေါ် ထိရောက်သည့် အရေးယူဆောင်ရွက်မှု အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိသည့် အပြင် အကျင့်ဆိုးများ
ရှိဆဲဖြစ်သော ၀န်ထမ်းများလည်းရှိဆဲ ဖြစ်သည်ကို ၀န်ခံကြောင်း
စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက
ပြောကြားသည်။
မတ် ၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဒေုတိယ၀န်ကြီးက “လက်ရှိအချိန်မှာ စီးပွားရေးလုပ်ငန်းတွေကို မှန်ကန်စွာ လုပ်ကိုင်ပြီး အခွန်တာဝန်ကျေ ပွန်နေကြသူတွေ
အဆိုပါ
ဒေါက်တိုင်သုံးခုကို ဟန်ချက်ညီညီနဲ့ ဖွံ့ဖြိုးတိုးတက်မှသာ အောင်မြင်တဲ့
အခွန်အကောက်စနစ် ဖြစ်မှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော်တွင်
ပြောကြားသည်။
အခွန်ထမ်းများနှင့်ပတ်သက်၍ ပြုပြင်ပြီး ကြိုးစားလျက်ရှိသည့် ၀န်ထမ်းများရှိသကဲ့သို့ မပြုပြင်သေးသော အကျင့်ဆိုးများရှိဆဲ ဖြစ်သော ၀န်ထမ်းများလည်း ရှိနေဆဲဖြစ်သည်ကို ၀န်ခံကြောင်း၊ ၎င်းတို့ကို ပဲ့ပြင်ဆုံး မသော နည်းလမ်း၊ စောင့်ကြည့်ကြပ်မတ်သော နည်းလမ်း၊ အရေးယူအပြစ်ပေးသော နည်းလမ်းများဖြင့် ပြုပြင်လျက်ရှိကြောင်း၊ ပြုပြင်၍မရပါက နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ၀န်ထမ်းအဖြစ်မှ ထုတ်ပစ်၊ ထုတ်ပယ်သည်အထိ အရေးယူမည်ဖြစ်ကြောင်း၊ ၂၀၁၆- ၂၀၁၇ ခုနှစ်တွင် အရေးယူခံရသည့် ၀န်ထမ်းပေါင်း ၂၆ ဦးရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ ပထမ ခြောက်လတွင် ၁၇ ဦးရှိခဲ့ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။
ထို့ပြင် ခြောက်လပတ် အခွန်ကောက်ခံမှု အခြေအနေများကို အစီရင်ခံတင်ပြသွားမည်ဖြစ်ြေ ကာင်း၊ ပြည်ထောင်စုအစိုးရ၏ အခွန်အကောက်ဆိုင်ရာမူဝါဒများ၊
အခွန်အကောက် ဥပဒေများ၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏
သဘောထားမှတ်ချက်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေး အကြံပြုချက်များ၊
လက်တွေ့မြေပြင် အခြေအနေတွင် တွေ့ကြုံရသည့်အချက်များ၊
နိုင်ငံတကာပညာရှင်များ၏ သုံးသပ်အကြံပြု ချက်များအပေါ် အခြေခံလျက် နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးအရှိဆုံးဖြစ်စေမည့် အခွန်ကောက်ခံမှု စနစ်ကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ် ကြောင်း ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။
အခွန်ထမ်းငယ်များဆိုင်ရာအခွ န်ရုံးများ
ဖွင့်လှစ်ဆောင်ရွက်ပြီးပါက အခွန်ရုံးမှ အခွန်စည်းကြပ်သည့်စနစ်
ပပျောက်သွားကာ အခွန်ထမ်းများကိုယ်တိုင် မိမိရရှိသည့်ဝင်ငွေအား
ဝင်ငွေကြေညာလွှာတင်သွင်းပြီး
ကျသင့်အခွန်အား အခွန်ထမ်းကိုယ်တိုင် အခွန်စည်း ကြပ်သည့်စနစ်ဖြင့်
ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း၊ ထိုအခါ အခွန်ဝန်ထမ်းနှင့်
အခွန်ထမ်းတို့ တစ်ဦးချင်း တွေ့ဆုံညှိနှိုင်းမှုများ ရှိနိုင်တော့မည် မဟုတ်ဘဲ
ပွင့်လင်းမြင်သာပြီး ရှင်းလင်းပြတ်သားသော လုပ်ထုံးလုပ်နည်းများနှင့်အ ညီ တိကျသော အခွန်ကောက်ခံမှု စနစ်ဖြစ်ပေါ်လာပြီး အဂတိလိုက်စားမှုနှင့်လာဘ်ပေး လာဘ်ယူမှုများ ပပျောက်သွားမည် ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
အခွန်အခြေချဲ့ထွင်နိုင်ရေးအ တွက် မြို့နယ်/တိုင်းဒေသကြီး/
ပြည်နယ်အလိုက် အထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းပြီး
အခွန်ပေးဆောင်ထိုက်သူများ မကျန်ရှိစေရေးအတွက် စီမံချက်များ
ချမှတ်ဆောင်ရွက်လျက် ရှိကြောင်း၊ ယခုအခြေအနေတွင် အခွန်တိုး တက်ရရှိရေးအတွက်
သတင်းအချက်အလက် ရရှိရေးသည် လွန်စွာမှအရေးကြီးကြောင်း၊ ထို့အတွက် ဌာနဆိုင်ရာ
ပူးပေါင်းဆောင်ရွက်မှုအဖြစ် လုပ်ငန်းလိုင်စင် ထုတ်ပေးထား သည့် ရုံးများမှ သတင်းစာရင်းရယူ၍ လုပ်ငန်းလိုင်စင်များပြုလုပ်ရာတွင် အခွန်ကင်း ရှင်းကြောင်း ထောက်ခံချက်ပါမှ လိုင်စင်ထုတ်ခွင့်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ထို့အတွက် အခွန် ထမ်းဆောင်ရန် လွတ်ကင်းနေသော အခွန်ထမ်းများ အခွန်စည်းကြပ်မှုများဆောင်ရွ က်နိုင်ခဲ့ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။
Eleven Media Group
အခွန်ထမ်းများနှင့်ပတ်သက်၍ ပြုပြင်ပြီး ကြိုးစားလျက်ရှိသည့် ၀န်ထမ်းများရှိသကဲ့သို့ မပြုပြင်သေးသော အကျင့်ဆိုးများရှိဆဲ ဖြစ်သော ၀န်ထမ်းများလည်း ရှိနေဆဲဖြစ်သည်ကို ၀န်ခံကြောင်း၊ ၎င်းတို့ကို ပဲ့ပြင်ဆုံး မသော နည်းလမ်း၊ စောင့်ကြည့်ကြပ်မတ်သော နည်းလမ်း၊ အရေးယူအပြစ်ပေးသော နည်းလမ်းများဖြင့် ပြုပြင်လျက်ရှိကြောင်း၊ ပြုပြင်၍မရပါက နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ၀န်ထမ်းအဖြစ်မှ ထုတ်ပစ်၊ ထုတ်ပယ်သည်အထိ အရေးယူမည်ဖြစ်ကြောင်း၊ ၂၀၁၆- ၂၀၁၇ ခုနှစ်တွင် အရေးယူခံရသည့် ၀န်ထမ်းပေါင်း ၂၆ ဦးရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ ပထမ ခြောက်လတွင် ၁၇ ဦးရှိခဲ့ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။
ထို့ပြင် ခြောက်လပတ် အခွန်ကောက်ခံမှု အခြေအနေများကို အစီရင်ခံတင်ပြသွားမည်ဖြစ်ြေ
အခွန်ထမ်းငယ်များဆိုင်ရာအခွ
အခွန်အခြေချဲ့ထွင်နိုင်ရေးအ
Eleven Media Group
0 comments:
Post a Comment