Thursday, February 23, 2023

ဆိုင်ကယ်လုမှုများ​နေသည့်မန္တလေးမြို့တွင် လုယက်သူ ၂ ဦးအား ရပ်ကွက်နေသူများက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့

ဖေဖော်ဝါရီ ၂၃ ရက်ညနေပိုင်းက လူငယ် ၂ ဦးသည် မန္တလေးမြို့၊ ၃၅ လမ်း၊ ၈၇ လမ်းနှင့် ၈၉ လမ်းကြားတွင် ဆိုင်ကယ်တစ်စီးနောက်သို့လိုက်၍ လုယက်ရန်ကြံစည်နေခြင်းအား ရပ်ကွက်နေသူများကတွေ့ရှိခဲ့ကြသဖြင့် လူငယ် ၂ ဦးအား ဝိုင်းဝန်းဖမ်းဆီးလိုက်ကြကြောင်း သိရသည်။
"ဆိုင်ကယ်လုဖို့ကြံတာကိုရပ်ကွက်ကသိသွားတော့ ဝိုင်းဖမ်းကြတယ်။ ထိခိုက်ဒဏ်ရာတွေရသွားတဲ့အတွက် ဆိုင်ကယ်လုဖို့ကြံတဲ့ ၂ ယောက်ကို အရင်ဆုံးဆေးကုသမှုခံယူနိုင်ဖို့ ဆေးရုံပို့ပေးခဲ့တယ်။ ဖမ်းမိကတည်းက ရဲတပ်ဖွဲ့ကိုလည်းအကြောင်းကြားလိုက်ပါတယ်"ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
ဝိုင်းဝန်းဖမ်းဆီးမှုကြောင့် ဆိုင်ကယ်လုယက်ရန်ကြံစည်သူ ၂ ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် မဟာ-လူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေး)မှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
မန္တ​လေးတွင် ဆိုင်ကယ်လုခံရခြင်းပြဿနာမှာ အ​တော်များလျှက်ရှိ​နေသည်။ အချို့ အမျိုးသမီးများစီးလာသည့်ဆိုင်ကယ်အားတားပြီး ဓါး​ထောက်တောင်းခြင်း၊ ထိုသို့​အေးဓါးပြလုပ်​နေချိန်တွင် ဖြတ်သွားဖြတ်လာများရှိပါက မိတ်​ဆွေ​တွေ​တွေ့၍စကား​ပြော​နေပုံဖမ်းခြင်းဖြင့် ​ဘေးကမရိပ်မိ​အောင် အကြပ်ကိုင်ထားခြင်းမျိုးများပါရှိ​ကြောင်းကြားသိရသည်။

Popular

0 comments:

Post a Comment