Thursday, February 23, 2023

ငါန်းဇွန်မြို့နယ်ရှိ မီးရှို့ခံရသည့်တံတားပြင်​နေချိန်တွင်ဖျက်ဆီးခံတံတား​ဘေး ယာယီလမ်းဖြင့်သွား၍ရ​အောင်လုပ်​နေ

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်ရှိ ကျေးရွာချင်းဆက် ချောင်းကူးသစ်သားတံတားအား လက်နက်ကိုင်အဖွဲ့ဝင်များမှ ဖေဖော်ဝါရီ ၂၃ ရက်နံနက်ပိုင်းက မီးရှို့ခဲ့ကြကြောင်း သိရသည်။

ယမန်နေ့နံနက် ၈ နာရီခွဲခန့်က ငါန်းဇွန်မြို့နယ်၊ရွာဘိုတောင်ကျေးရွာနှင့်ညောင်လေးပင်ကျေးရွာကြားရှိ ကျေးရွာချင်းဆက် ချောင်းကူးသစ်သားဘေလီတံတား မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များနှင့်ငါန်းဇွန်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၉ နာရီခွဲတွင် မီးငြှိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် တံတားကြမ်းခင်းများ မီးလောင်ကျွမ်းပျက်ဆီးခဲ့သည်။

လက်ရှိတွင်တံတားအား အမြန်ဆုံးပြန်လည်ပြင်ဆင်​နေပြီး ပြင်ဆင်နေချိန်၌ ဖြတ်သန်းသွားလာမှုများပြုလုပ်နိုင်ရန် တံတားဘေးနှစ်ဖက်တွင် လုံခြုံရေးအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ယာယီလမ်းဖောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။


Popular

0 comments:

Post a Comment