Thursday, February 23, 2023

မူလတန်းကျောင်းအုပ်ဆရာမတစ်ဦး ဖမ်းဆီး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊တဂေးချောင်းဖျားကျေးရွာရှိ မူလတန်းကျောင်းအုပ်ဆရာမတစ်ဦးအား လက်နက်ကိုင်အဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပစ်သတ်ခဲ့ကြကြောင်း သိရသည်။
​ဗိုက်တွင်ကျည်ဝင်ထားသည့်အ​ပေါက်များဖြင့်မြက်​တောထဲက​ကျောင်းအုပ်ဆရာမ၏သက်မဲ့ခန္ဓာသည်နောက်ဆုံးအားကိုးရာ မြက်ပင်တို့ကိုကျစ်ကျစ်ပါ​အောင်ဆုပ်ထားလျှက်ရှိဆဲကိုဓါတ်ပုံအရ​တွေ့မြင်ရသည်။
ဖေဖော်ဝါရီ ၂၃ ရက်မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်ခန့်က လက်နက်ကိုင်အဖွဲ့ဝင်များသည် တဂေးချောင်းဖျားကျေးရွာရှိ အ.မ.က(တဂေးချောင်းဖျား)သို့ရောက်ရှိလာပြီးနောက် ကျောင်းအုပ်ဆရာမကြီးဒေါ်နွယ်နွယ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။
ထို့နောက် လက်နက်ကိုင်အဖွဲ့ဝင်များသည် တဂေးချောင်းဖျားကျေးရွာအနီးရှိ တဂေးချောင်းဖျား-ငှက်ပျောတောသွားကားလမ်းဘေး၌ ကျောင်းအုပ်ဆရာမကြီးဒေါ်နွယ်နွယ်ဦးအား သေနတ်များဖြင့်ပစ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ကျောင်းအုပ်ဆရာမကြီးဒေါ်နွယ်နွယ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့သိရသလောက်ဆိုရင် ကျောင်းအုပ်ဆရာမကြီးကို ဖမ်းခေါ်သွားတဲ့သတင်းရတာနဲ့ လုံခြုံရေးအဖွဲ့တွေက ချက်ခြင်းလိုက်ကယ်ဖို့လုပ်ခဲ့ကြတယ် ဒါပေမယ့် လက်နက်ကိုင်အဖွဲ့တွေက ဆရာမကြီးကို ဖမ်းခေါ်သွားပြီးပြီးချင်းပစ်သတ်လိုက်ကြတော့ အချိန်မှီမကယ်တင်လိုက်နိုင်ဘူးဖြစ်သွားတယ်"ဟု ကျိုက်ထိုမြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

Popular

0 comments:

Post a Comment