Thursday, February 23, 2023

တိုင်းပြည် မတည်ငြိမ်လို့ ၆လ သက်တမ်းတိုးတာလို့ နစက ဥက္ကဋ္ဌ ပြော

တိုင်းပြည် မတည်ငြိမ်လို့ အရေးပေါ်ကာလကို ၆ လ သက်တမ်းတိုးတာလို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ယင်းက “တိုင်းပြည် ရာနှုန်းပြည့်တည်ငြိမ်အေးချမ်းမှုမရှိသေးခြင်းနှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရန် အခြေခံလိုအပ်ချက်များမှအစ ဖြည့်ဆည်း ဆောင်ရွက်ရန် လုပ်ငန်းများ ရှိနေခြင်းတို့ကြောင့် အရေးပေါ်အခြေအနေကာလကို ၆ လ သက်တမ်းတိုးဆောင်ရွက်ခဲ့ရခြင်းဖြစ်တယ်” လို့ နေပြည်တော်ရှိ ဥက္ကဋ္ဌ ရုံးမှာ လုပ်တဲ့ (၂/၂၀၂၃) အစည်းအဝေးမှာ ပြောတာပါ။

လာမည့်ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန်၊ လူတိုင်း မဲပေးနိုင်ခွင့်ရှိရန်နှင့် နိုင်ငံတစ်ဝှမ်း ဆောင်ရွက်နိုင်ရန် ဆောင်ရွက်ပေးရမယ်ဆိုပြီးတော့လည်း ယင်းက အစည်းအဝေးမှာထပ်မံပြောပါတယ်။

 မဲဆန္ဒရှင်များ လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရန်အတွက် နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိအောင် ဆောင်ရွက်ရန်လိုပြီး တိုင်းပြည်  တည်ငြိမ်အေးချမ်းမှုရှိအောင် ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေသေးတယ်လို့ ယင်းက ထပ်မံပြောပါတယ်။


MyanmaPlatform

0 comments:

Post a Comment