Thursday, February 23, 2023

နိုင်ငံတကာရှိ မြန်မာသံရုံးအကြီးအကဲတွေ ကိုယ်တိုင် ပြည်တွင်း အခြေအနေမှန်ကို မသိကြဘူးလို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးပြော

နိုင်ငံတကာရှိ မြန်မာသံရုံးအကြီးအကဲတွေကိုယ်တိုင် ပြည်တွင်းက အခြေအနေမှန်ကို မသိကြဘူးလို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

 အမေရိကဇုန်၊ ဥရောပဇုန်၊ အရှေ့အလယ်ပိုင်းဇုန်နဲ့ အာဖရိကဇုန်တို့ရှိ မြန်မာသံရုံးက သံရုံးအကြီးအကဲတွေနဲ့ video conferencing စနစ်ဖြင့် တွေ့ဆုံခဲ့စဉ်မှာ  နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ယင်းကဲ့သို့ ပြောကြားလိုက်တာဖြစ်ပါတယ်။

ယခုအချိန်မှာ ထိတွေ့ဆက်ဆံမှုနဲ့ပတ်သက်တဲ့ အခက်အခဲရှိသော်လည်း အမှန်တရားကို ရှင်းပြကြရန် တာဝန်ရှိကြောင်းနဲ့ သတင်းမှားများသာ လွှမ်းမိုးနေတာကို သံရုံးအကြီးအကဲတွေ နားလည်သဘောပေါက်ဖို့လိုတယ်လို့ ဆိုပါတယ်။

သံရုံးအကြီးအကဲများ နိုင်ငံတော်ကို သစ္စာရှိရန်နဲ့ နိုင်ငံ့ဝန်ထမ်းများသာမက ၎င်းတို့ရဲ့ မိသားစုဝင်များကိုပါ နိုင်ငံရေးပါတီနဲ့ မပတ်သက်ရန် တားမြစ်ချက်များရှိကြတယ်လို့လည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

TMA

0 comments:

Post a Comment