Friday, May 1, 2020

သတ်မှတ်ဦးရေထက် ပိုတင်သည့် ခရီးသည်တင်ယာဉ်ကို အရေးယူ

ပဲခူးတိုင်း၊ မိုးညိုမြို့မှာ COVID-19 ကာလအတွင်း သတ်မှတ်ထားတဲ့ လူဦးရေထက် ပိုမိုတင်ဆောင်တဲ့ KKP ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့အား အရေးယူထားတယ်လို့ သိရပါတယ်။

လွှတ်တော်အစည်းအဝေးတက်မည့် ကိုယ်စားလှယ်များအနေဖြင့် Quarantine ၅ ရက် နေရမည်

Image may contain: 2 people, people standing and outdoor

အမျိုးသားလွှတ်တော်၊ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများကို မေလ ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည့်အတွက် အဆိုပါ အစည်းအဝေးများသို့ တက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့နေထိုင်ရာ အဆောင်တွင် Quarantine ၅ ရက် နေရမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားကော်မတီဥက္ကဌ ဒေါက်တာဇော်လင်းထွဋ် ကပြောသည်။

အမေရိကန်သမ္မတ ထရန့်မှ COVID-19 ရောဂါသည် ဝူဟန်မြို့ရှိ ဓာတ်ခွဲခန်းမှဖြစ်ပွားလာမှုကို သက်သေအထောက်အထားများရှိကြောင်း ပြောကြားခဲ့ပြီး တရုတ်နိုင်ငံအပေါ် အခွန်အကောက်ဆိုင်ရာ ခြိမ်းခြောက်မှုများပြုလုပ်လျက်ရှိ


Image may contain: 1 person, suit
အမေရိကန်သမ္မတဒေါ်နယ်ထရန့်မှ Coronavirus ရောဂါသည် တရုတ်နိုင်ငံ၊ ဝူဟန်မြို့ရှိ ဓာတ်ခွဲခန်းမှ ဖြစ် ပွားလာသည်ဆိုသော သက်သေအထောက်အထားများ ရှိကြောင်း ပြောကြားပြီးနောက် ဧပြီလ ၃၀ ရက်နေ့တွင် တရုတ်နိုင်ငံအပေါ် အခွန် အကောက်ဆိုင်ရာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ပါသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်အား ဝူဟန်မြို့ရှိ ရောဂါပိုးမွှားဆိုင်ရာ ဓာတ်ခွဲ ခန်းသည် Coronavirus ရောဂါ စတင် ဖြစ်ပွားရာနေရာဖြစ်သည်ဟု အခိုင်အမာ ပြောကြားနိုင်ရန် တစ်စုံတစ်ရာ မြင်တွေ့ခဲ့သလားဟု မေးမြန်းခဲ့ရာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်မှ ၎င်းတွင် သက်သေအထောက်အထားများရှိကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။

မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာတဲ့ ထိုင်းရောက်မြန်မာလုပ်သားတွေကို ယနေ့နံနက်တွင် မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားတွင် စတင်လက်ခံကြိုဆိုနေ

Image may contain: one or more people and people standing

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာမည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား BCF ဇုန်အတွင်းတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံကြိုဆိုမှု စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

အင်းစိန်က ထပ်တိုးလူနာ နံပါတ် (၁၅၁) အမျိုးသမီး ပုဂ္ဂလိကကျောင်း ဆရာမတစ်ဦးဖြစ်

Image may contain: tree, plant, outdoor and nature
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ မနက်(၇)နာရီမှာ ထုတ်ပြန်ခဲ့တဲ့အင်းစိန်မြို့နယ်က လူနာနံပါတ် (၁၅၁) ထပ်တိုးလူနာ အမျိုးသမီးက ပုဂ္ဂလိကကျောင်းတစ်ကျောင်းက ကျောင်းဆရာမတစ်ဦးဖြစ်တယ်လို့ အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကပ်ဆိုး အရေးပေါ်ကာလ ကြေငြာထားတဲ့ ကလအတွင်းမှာ စိတ်ကြွဆေးများ အမြောက်အများ ဝင်ရောက်လာ

No photo description available.

ကိုဗစ် အရေးပေါ်ကာလ ကြေငြာထားတဲ့ ဧပြီလအတွင်း ထိုင်းမြန်မာနယ်စပ် ချင်းရိုင် ဒေသကနေဝင်ရောက် လာနေတဲ့ မူးယစ်ဆေးဝါးတွေကို ထိုင်းနယ်ခြားစောင့် တပ်နဲ့ မူးယစ် နိမ်းနင်းရေးအဖွဲ့တွေဟာ ပိတ်ဆို့ဖမ်း ဆီးနိုင်ခဲ့ရာမှာ စိတ်ကြွဆေး ပြားပေါင်း (၉) သန်း နဲ့ ရာအိုင့် ရေခဲ ၃၉ ကီလိုနဲ့ အတူ မူးယစ်တရားခံတွေ အ များအပြား ဖမ်းဆီးနိုင်ခဲ့ရာမှာ မြန်မာနိုင်ငံသားတွေလည်း ပါဝင်နေတာ တွေ့ရပါတယ်။

COVID -19 ကူးစက်ရောဂါကြောင့် မန္တလေးတိုင်းအတွင်း စက်ရုံ ၂၈၀ ဖွင့်ခွင့်ပြုထား

မန္တလေးတိုင်းဒေသကြီးအတွင်း ဧပြီလ ၂၉ ရက်နေ့ထိ စက်ရုံအလုပ်ရုံ စုစုပေါင်း ၂၈၀ ဖွင့်ခွင့်ပြုထားပြီးဖြစ်ကာ ၃၃၉ ရုံအား စစ်ဆေးပြီးကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးက သိရသည် ။

ပေါင်းတလည် စောင့်ကြည့်ရေးစခန်းက COVID-19 သံသယစောင့်ကြည့်လူနာတစ်ဦး သေဆုံး

Image may contain: one or more people, people standing and night

ပြည်ခရိုင် ပေါင်းတလည်မြို့ စောင့်ကြည့်စခန်းမှာ အသွားအလာစောင့်ကြည့်ကန့်သတ်ခံနေရတဲ့ လောက်ကိုင်ပြန် တစ်ဦးဧပြီလ ၃၀ ရက်ည ၁၀ နာရီကျော်လောက်က ရုတ်တရက်လဲကျသေဆုံးသွားတယ်လို့ ပေါင်းတလည်မြို့နယ် အနောက်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီက သိရပါတယ်။

Covid-19 အတည်ပြုလူနာအမှတ် ၁၅၁ နေထိုင်သော အိမ်နှင့်လမ်းကို Lockdown ချပြီး မိသားစုဝင်များကို Quarantine Center သို့ပို့မည်

No photo description available.
ယနေ့မေလ ၁ ရက်နေ့နံနက် ၇ နာရီအချိန် MoHS၏ထုတ်ပြန်ကြေညာချက်အရ ထပ်တိုးလူနာသစ် ၁ ဦးတွေ့ရှိခဲ့ပြီး အင်းစိန်မြို့နယ်တွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး ဖြစ်ကြောင်းသိရှိသည်။

တောင်ကိုရီးယားတွင် အခက်တွေ့နေသည့် မြန်မာနိုင်ငံသား ၉၆ ဦးအား MAIလေကြောင်းလိုင်းဖြင့် အစိုးရ သွားခေါ်

Image may contain: one or more people and people standing
တောင်ကိုရီးယားတွင် အခက်တွေ့နေသည့် မြန်မာနိုင်ငံသား ၉၆ ဦးအား MAIလေကြောင်းလိုင်းဖြင့် အစိုးရက ယမန်နေ့က သွားခေါ်ခဲ့ပြီး လက်ရှိတွင် အဆိုပါ ၉၆ဦးစလုံး quarantine ၂၁ရက်ဝင်နေကြပြီဟု သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ YMBA အသင်းကြီးမှ အမျိုးဘာသာ သာသနာပညာအတွက် လုပ်ငန်းများဆက်လက်ဆောင်ရွက်ရန် အထူးအစည်းအဝေးကျင်းပ

Image may contain: 1 person, sitting

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး YMBA ဗဟို မှ မေလ(၁) ရက်နေ့သောကြာနေ့ ဗဟိုအသင်းကြီးအစည်းဝေးခန်းမတွင် အသင်းဗဟိုအလုပ်အမှူ့ဆောင်အဖွဲ့ CEC အထူးအစည်းဝေးကျင်းပလျက်ရှိသည်။

လမ်းတွင် AAအကြမ်းဖက်အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်ခြင်းခံရသောဆန်အိတ် ၁၀၀၀ ပလက်ဝသို့ ယနေ့ရောက်မည်

Image may contain: sky and outdoor

ချင်းပြည်နယ်၊ ပလက်၀ဒေသအတွင်း လမ်းပန်းဆက်သွယ် ရေး လမ်းကြောင်းများ ဖြတ်တောက်ပိတ်ဆို့ခဲ့မှုကြောင့် ဒေသတွင်း ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာပြီး ကုန်စည်စီးဆင်းမှု မရှိ၍ ဒေသခံ ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တိုက်ပွဲရှောင်ပြည်သူများမှာ စားရေး အခက်အခဲများကြုံတွေ့နေရသဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် NGO အဖွဲ့အစည်း များက ဆန်၊ စားဆီ၊ ဆား၊ ကုလားပဲ၊ အဝတ်အစား ၊ ဆပ်ပြာ ၊ ဖိနပ် ၊ ခေါက်ဆွဲ ခြောက်ထုတ် များကို ပေးပို့ပေးလျက်ရှိကြောင်း၊ ထိုသို့ပို့ဆောင်ရာလမ်းတွင် AA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း MRTV သတင်းတွင် ဖော်ပြထားသည်။

ရုရှားဝန်ကြီးချုပ်မှာ Covid-19 ရောဂါ ကူးစက်ခံနေရ

Image may contain: 2 people, people sitting and screen

ရုရှား၀န်ကြီးချုပ် Mikhail Mishustin ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ဆေးရုံတက်လိုက်ရပါတယ်။

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခံထားရသည့် ULA/AA လက်နက်ကိုင်အဖွဲ့မှ ထွန်းမြတ်နိုင် အပါအဝင် အကြမ်းဖက်သမားငါးဦးနှင့် ၎င်းတို့နှင့်ဆက်နွှယ်သူများ၏ ငွေကြေးများ၊ ပစ္စည်းများနှင့် ရန်ပုံငွေများအား ထိန်းချုပ်တားမြစ်မိန့် ထုတ်ပြန်


Image may contain: 1 person, standing
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခံထားရသည့် ULA/AA လက်နက်ကိုင်အဖွဲ့မှ ထွန်းမြတ်နိုင် အပါအဝင် အကြမ်းဖက်သမားငါးဦးနှင့် ယင်းတို့နှင့် ဆက်နွှယ်သူများ၏ ငွေကြေးများ၊ ပစ္စည်းများနှင့် ရန်ပုံငွေများအား ထိန်းချုပ်တားမြစ်မိန့်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများအား တားဆီးနှိမ်နင်းရေး လုပ်ငန်းကော်မတီ၏ အမိန့်အမှတ် ၁/၂၀၂၀ ဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြု လူနာသစ် (၁) ဦး တွေ့ရှိခဲ့ပြီး စုစုပေါင်းအတည်ပြုလူနာ ၁၅၁ ဦးဖြစ်လာပြီဖြစ်သည့် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

No photo description available.

၁။ (၁-၅-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်း၌ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၂၀၈) ခုကို စစ်ဆေးပြီးစီးခဲ့ရာ -

AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များက ပလက်ဝဒေသခံများအတွက် ထောက်ပံ့ရေးပစ္စည်းများနှင့် ရိက္ခာများ သယ်ဆောင် လာသည့် လုပ်ငန်းယာဉ်များနှင့် WFP မှ မော်တော်ယာဉ်များအား နှောင့်ယှက်ပစ်ခတ်ှုဖြစ်ပွား

Image may contain: outdoor

ချင်းပြည်နယ်၊ ပလက်ဝဒေသရှိ ဒေသခံပြည်သူများအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် WFP မှ ထောက်ပံ့သောရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ၊ တပ်မတော်မှ ထောက်ပံ့လှူဒါန်းသောစားသောက်ဖွယ်ရာပစ္စည်းများအား ရာသီဥတုဆိုးရွားမှုကြောင့် လမ်းပျက်စီးမှုများနှင့် AA အကြမ်းဖက်သောင်းကျန်းသူများက နှောင့်ယှက်ဟန့်တားမှု များကြားမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက မဆုတ်မနစ်သော ကြိုးစားအားထုတ်မှုများဖြင့် ဆက်လက်ပို့ဆောင်ခဲ့ရာ ဧပြီ ၂၈ ရက်တွင် ပလက်ဝမြို့သို့ရောက်ရှိခဲ့ကြောင်း၊ ဧပြီ ၂၉ ရက်တွင် တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသော ထောက်ပံ့ရေးပစ္စည်းများနှင့် ရိက္ခာများကို ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပြီး ၂၉ ရက်ညနေပိုင်းတွင် ဆက်လက်ပို့ဆောင်ခဲ့သည်။

ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်သူနှစ်ဦးအား မူးယစ်ဆေးဝါးများ၊ မိုင်းနှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ အသေဖမ်းဆီးရမိ


မြန်မာနိုင်ငံ၏ အနောက်ဘက်ခြမ်းလုံခြုံရေးအတွက် ရခိုင်ပြည်နယ်အတွင်းနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းတစ်လျှောက်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်စပ်ဒေသ လုံခြုံရေးလုပ်ငန်းများကို နေ့ညမပြတ်ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင်Covid-19 အတည်ပြုလူနာ (၁၅၁)ဦးအထိရှိလာပြီး တစ်ကမ္ဘာလုံးတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂ သိန်း ၃ သောင်းကျော်နှင့် ရောဂါကူးစက်ခံရသူ (၃.၃) သန်းကျော်အထိရှိလာ

No photo description available.
တစ်ကမ္ဘာလုံးတွင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာ မေလ ၁ ရက်နေ့ နံနက် ၇:၃၀ အချိန်အထိ သေဆုံးသူ စုစုပေါင်း(၂၃၃,၉၆၆) ဦးရှိလာပြီဖြစ်ကြောင်း တရုတ်ဆေးဘက်ဆိုင်ရာ အရာ ရှိများ၏ သတင်းထုတ်ပြန်ချက်များအရသိရှိရပြီး ရောဂါကူးစက်ခံရသူ အရေအတွက်မှာလည်း စုစုပေါင်း (၃,၃၀၅,၈၀၆) ဦး ကူးစက်ခံထားရကြောင်း သိရသည်။