တောင်ကိုရီးယားတွင် အခက်တွေ့နေသည့် မြန်မာနိုင်ငံသား ၉၆ ဦးအား MAIလေကြောင်းလိုင်းဖြင့် အစိုးရက ယမန်နေ့က သွားခေါ်ခဲ့ပြီး လက်ရှိတွင် အဆိုပါ ၉၆ဦးစလုံး quarantine ၂၁ရက်ဝင်နေကြပြီဟု သိရသည်။
COVID-19 ကူးစက်ရောဂါအခြေအနေအရ နိုင်ငံတကာ ခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီရပ် ဆိုင်းထားခြင်းကြောင့် ကိုရီးယားသမ္မတနိုင်ငံတွင် အခက်အခဲ ကြုံတွေ့ နေကြရသည့် မြန်မာနိုင်ငံသားတို့အား အင်ချွန်းလေဆိပ်မှ မြန်မာနိုင်ငံသို့ ရန်ကုန်-အင်ချွန်း-ရန်ကုန် ခရီးစဉ်အတိုင်း မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ဖြင့် ပြန်လည်ခေါ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
ယခုကဲ့သို့ သွားခေါ်မှုသည် ပထမအသုတ်ဟုသိရကာ ဂျပန်၊စင်ကာပူ၊ထိုင်း၊အိန္ဒိယ စသည့် အခြားနိုင်ငံများသို့လည်း ထိုနည်းအတိုင်းသွားခေါ်မည်ဟုလည်း သိရသည်။
Ref ;ကိုမင်း/Myanmar Harp Media
0 comments:
Post a Comment