Friday, May 1, 2020

သတ်မှတ်ဦးရေထက် ပိုတင်သည့် ခရီးသည်တင်ယာဉ်ကို အရေးယူ

ပဲခူးတိုင်း၊ မိုးညိုမြို့မှာ COVID-19 ကာလအတွင်း သတ်မှတ်ထားတဲ့ လူဦးရေထက် ပိုမိုတင်ဆောင်တဲ့ KKP ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့အား အရေးယူထားတယ်လို့ သိရပါတယ်။

မိုးညိုမြို့နယ် ယာဉ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်နိုင်က “ကျနော်တို့ ဂိတ်ကနေတော့ ညွှန်ကြားထားတဲ့ စည်းကမ်းအတိုင်းပဲ ကားမှာ ဆန့်တဲ့ လူဦးရေရဲ့ တဝက်ပဲ တင်ပေးလိုက်တာပါ။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်က ခရီးသည်တချို့ကို ဆိုင်ကယ်နဲ့ ထွက်စောင့်စေပြီး မြို့အထွက် ၁ မိုင်ကျော်လောက်နေရာကနေ ထပ်တင်တာနေတယ်လို့ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီရဲ့ volunteer တယောက် သိရှိပြီး တိုင်ကြားတာကြောင့် ကားပြန်ဝင်အလာကို စောင့်ပြီး စစ်ဆေးတဲ့အခါ လူဦးရေပိုတင်နေကြောင်း မှန်ကန်နေတဲ့အတွက် ယာဉ်ကြီးကြပ်ရေးကော်မတီကနေ အစည်းအဝေးထိုင်ပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ အရေးယူမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
စည်းကမ်းဖောက်ဖျက်ပြီး သတ်မှတ်လူဦးရေထက် ပိုမိုတင်ဆောင်တဲ့ KKP ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကို ၁၅ ရက် ယာဉ်မောင်းနှင်ခွင့် မရှိရ ပြစ်ဒဏ်နဲ့ ယာဉ်ပိုင်ရှင်ကို ဒဏ်ငွေ ၅ သောင်းကျပ်ပေးဆောင်စေခဲ့တယ်လို့ သိရပါတယ်။
COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ခရီးသည်တင်ယာဉ်တွေကို မူလတင်ဆောင်နိုင်တဲ့ လူဦးရေရဲ့ ထက်ဝက်ခန့်သာတင်ဖို့ တိုင်းယာဉ်ကြီးကြပ်ရေးကော်မတီမှ မြို့နယ်အသီးသီးမှာရှိတဲ့ ယာဉ်လိုင်းတွေနဲ့ ယာဉ်ပိုင်ရှင်တွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။
Ref ; DVB

0 comments:

Post a Comment