Friday, May 1, 2020

ပေါင်းတလည် စောင့်ကြည့်ရေးစခန်းက COVID-19 သံသယစောင့်ကြည့်လူနာတစ်ဦး သေဆုံး

Image may contain: one or more people, people standing and night

ပြည်ခရိုင် ပေါင်းတလည်မြို့ စောင့်ကြည့်စခန်းမှာ အသွားအလာစောင့်ကြည့်ကန့်သတ်ခံနေရတဲ့ လောက်ကိုင်ပြန် တစ်ဦးဧပြီလ ၃၀ ရက်ည ၁၀ နာရီကျော်လောက်က ရုတ်တရက်လဲကျသေဆုံးသွားတယ်လို့ ပေါင်းတလည်မြို့နယ် အနောက်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီက သိရပါတယ်။

လတ်တလောမှာ သေဆုံးလူနာကို ပြည် ကုတင် ၅၀၀ ဆေးရုံကြီးကိုပို့ဆောင်ထားပြီး ကိုဗစ် ၁၉ ကြောင့် သေ ဆုံးခြင်းဟုတ်မဟုတ်ကို ဆေးစစ်ပေးဖို့လည်း သက်ဆိုင်ရာတာဝန်ရှိသူတွေကို တောင်းဆိုထားတယ်လို့ သိရပါတယ်။" ဗိုက်အောင့်တယ် ပြောတယ်၊အန်ချင်သလိုဖြစ်တယ်လဲပြောပြီး အိမ်သာဘက်အသွား ၁၅ ပေလောက်အရောက်မှာ ဘုန်းကနဲလဲကျသွားတယ်။ ဒါနဲ့ ဘယ်သူမှမကိုင်ဖို့ပြောပြီး ဆရာဝန်ကိုအကြောင်းကြားတော့ ဆရာဝန်ရောက်တော့ အသက်မရှိတော့ဘူး။ စောင့်ကြည့်ချိန်မှာတော့ COVID-19ရောဂါလက္ခဏာဘာမှ မတွေ့ရဘူး ၊အကောင်းပါပဲ ။ ဒါပေမယ့်လည်းရောဂါကြောင့်ဟုတ်မဟုတ်ကိုတော့ သေချာသိရဖို့ ဆေးစစ်ဖို့တောင်းဆိုထားတယ်။ လောက်ကိုင်ကနေ ပြန်လာပြီး Q ဝင်တာ သူတစ်ယောက်ထဲပါပဲ။" လို့ အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းကပြောပါတယ်။
အဆိုပါ သေဆုံးသူဟာတရုတ် မြန်မာနယ်စပ်ရှိ လောက်ကိုင်က ကြံခင်းတစ်ခုမှာ ကြံခုတ်လုပ်သားအဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး အဲ့ဒီ ကနေ ပြန်လည်ရောက်ရှိလာကာ ဧပြီ ၁၇ မှာ ပေါင်းတလည်မြို့က Quarantine စင်တာမှာ အသွားအလာကန့်သတ်ခဲ့တာဖြစ်ပါတယ်။
သေဆုံးလူနာနဲ့ တစ်ခန်းထဲအတူနေခဲ့သူ ပြည်တွင်းက စောင့်ကြည့်နေသူ၃ ဦးရှိကြောင်း ၊လက်ရှိမှာ အဲ့ဒီ အခန်းကို သန့်ရှင်းရေးပြုလုပ်ထားပြီး နောက်ဆက်တွဲလုပ်ဆောင်မယ် အခြေအနေကိုတော့ စီစဉ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ပေါင်းတလည်မှာ အသွားအလာကန့်သတ်ပြီးစောင့်ကြည့်ထားသူ ၁၅ ဦးရှိပြီး လက်ရှိမှာတော့ပြည်ပကပြန်လည်ဝင်ရောက်လာသူမရှိဘဲ၊ ပြည်တွင်းစောင့်ကြည်သူများသာရှိပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 လူနာ အတည်ပြုဓာတ်ခွဲလူနာ ၁၅၁ ဦးရှိပြီး ပိုးကင်းစင်သွားသဖြင့် ဆေးရုံကနေ ဆင်းခွင့်ပေးလိုက်သူ ၁၇ ဦးရှိကာ၊ သေဆုံးသူကတော့ ၆ ဦးရှိပါတယ်။
Ref ; Duwun

0 comments:

Post a Comment