အမေရိကန်သမ္မတဒေါ်နယ်ထရန့်မ ှ Coronavirus ရောဂါသည် တရုတ်နိုင်ငံ၊ ဝူဟန်မြို့ရှိ ဓာတ်ခွဲခန်းမှ ဖြစ် ပွားလာသည်ဆိုသော သက်သေအထောက်အထားများ ရှိကြောင်း ပြောကြားပြီးနောက် ဧပြီလ ၃၀ ရက်နေ့တွင် တရုတ်နိုင်ငံအပေါ် အခွန် အကောက်ဆိုင်ရာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ပါသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်အ ား ဝူဟန်မြို့ရှိ ရောဂါပိုးမွှားဆိုင်ရာ ဓာတ်ခွဲ ခန်းသည် Coronavirus ရောဂါ စတင် ဖြစ်ပွားရာနေရာဖြစ်သည်ဟု အခိုင်အမာ ပြောကြားနိုင်ရန် တစ်စုံတစ်ရာ မြင်တွေ့ခဲ့သလားဟု မေးမြန်းခဲ့ရာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်မှ ၎င်းတွင် သက်သေအထောက်အထားများရှိကြော င်း ပြန်လည် ဖြေကြားခဲ့ပါသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးရေးဆိုင်ရာ အဓိကပြဿနာတစ်ခုဖြစ်သည့် Coronavirus ရောဂါ ကူးစက်ပျံ့နှံ့မှုအပေါ် တရုတ်နိုင်ငံ၏ ကိုင် တွယ်ဖြေရှင်းမှုနှင့်ပတ်သက် ၍ Republican ပါတီမှ ဝေဖန်မှုများ ပိုမိုပြုလုပ်လျက်ရှိပါသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်မ ှ အမေရိကန်အေဂျင်စီများသည် Coronavirus ရောဂါ စတင်ဖြစ်ပွားခဲ့ပုံနှင့် ကမ္ဘာတစ်ဝန်းကူးစက်ရောဂါပျံ ့နှံ့နေမှုကို ရပ်တန့်ရန် တရုတ် နိုင်ငံက မည်သို့လုပ်ဆောင်ခဲ့သည်ကို စုံစမ်းစစ်ဆေးလျက်ရှိကြောင် း အိမ်ဖြူတော်တွင် သတင်းထောက်များအား ပြောကြားခဲ့ပါသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်မ ှ “ မိမိတို့အနေဖြင့် ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့အ ကြောင်းအရာတွေကို ရနိုင်ပါလိမ့်မယ်။ မကြာမီကာလ အတွင်း ၎င်းထံ အစီရင်ခံစာတွေရောက်လာပါလိမ့ ်မယ်။ ပြဿနာတွေကတော့ စုံစမ်း စစ်ဆေးမှုအောက်မှာ ရှိနေပါသေးတယ်။ ဒါကိုလည်း သံသယရှိနေခဲ့တာပါ” ဟု ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံသည် နိုင်ငံအတွင်းရှိ နိုင်ငံတကာလေကြောင်းလိုင်းမ ျားအား အချိန်မီ ပယ်ဖျက်ခြင်းမရှိသည့်အတွက် အမေရိကန်နိုင်ငံမှ ဝေဖန်လျက်ရှိပြီး “ တရုတ်နိုင်ငံက ဒါကို ရပ်တန့်သွားအောင်လုပ်နိုင်ပ ါတယ်” ဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့်မ ှ ပြောကြားခဲ့ပါသည်။
အမေရိကန်နိုင်ငံ ထောက်လှမ်းရေးအသိုင်းအဝိုင် းမှ Coronavirus ရောဂါသည် တရုတ်နိုင်ငံတွင် စတင်ဖြစ် ပွားခဲ့သော်လည်း လူသားများပြုလုပ်ထားခြင်း သို့မဟုတ် လုပ်ကြံဖန်တီးထားသည့်အရာ မဟုတ်ကြောင်း ဧပြီလ ၃၀ ရက်နေ့က ကောက်ချက်ချ ခဲ့ပါသည်။Coronavirus ရောဂါသည် ဓာတ်ခွဲခန်းမှ စတင်ဖြစ်ပွားခဲ့သည်ဆိုသော အချက် အလက်များနှင့်ပတ်သက်၍ အမေရိကန်သမ္မတဒေါ်နယ်ထရန့်အ ားမေးမြန်းခဲ့ရာ ၎င်းမှ အဆိုပါ သက်သေအထောက်အထားများအား ပြောကြားမည်မဟုတ်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်သ ည် တရုတ်နိုင်ငံနှင့် စကားစစ်ထိုးလျက်ရှိပြီး တရုတ်နိုင်ငံသည် ၎င်းထပ်မံရွေးကောက်ခံရမည်ကိ ု မလိုလားကြောင်း ဧပြီလ ၃၀ ရက် နေ့က ပြောကြားခဲ့ပါသည်။ ယခုအချိန်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်အ နေဖြင့် တရုတ်နိုင်ငံအပေါ် မည်သို့သော လက်တုံ့ပြန်ခြိမ်းခြောက်မှု များ ပြုလုပ်မည်ကို အထူးအာရုံစိုက်လျက်ရှိ ပါသည်။ အမေရိကန်နိုင်ငံနှင့်တရုတ်န ိုင်ငံသည် ကမ္ဘာ့ဈေးကွက်ကို ရိုက် ခတ်မှုဖြစ်စေသည့် ကုန်သွယ်ရေးစစ်ပွဲ ရပ်နားခဲ့ပြီးနောက် လအနည်းငယ်အကြာတွင် တင်းမာမှုအသစ်များ ဖြစ်ပေါ်လာခဲ့ပါသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်မ ှ မည်သည့်စီမံချက်အပေါ် အထူးလုပ်ဆောင် မည်ကို စဉ်းစားလျက်ရှိသော်လည်း အခွန်အကောက်များအပေါ် ဖိအားပေးမည့်အလား အလာရှိကြောင်း ပြောကြားခဲ့ပါသည်။တရုတ်နိုင ်ငံဆိုင်ရာ အမေရိကန်ကြွေးမြီဆောင်ရွက်မ ှုများပယ်ဖျက်နိုင်သည် ဆိုသော သတင်းများနှင့်ပတ်သက်၍ အမေရိကန်သမ္မတဒေါ်နယ်ထရန့်အ ား မေးမြန်း ခဲ့ရာ ၎င်းမှ “ ဒါကို အမျိုးမျိုးလုပ်နိုင်ပါတယ်။ လုပ်ဆောင်မယ့် အလားအလာရှိပါတယ်။ ပိုက်ဆံပိုရဖို့ အလားတူဆောင်ရွက်မှုတွေ မိမိလုပ်နိုင်ပါတယ်။ အခွန်အကောက်တွေ ကောက်ခံဖို့ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
Source - CNA #Myanmar_Online_news
0 comments:
Post a Comment